အိုင်အိုဒင်း

ဝီကီပီးဒီးယား မှ
အိုင်အိုဒင်း  53I
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတအိုင်အိုဒင်း, I
အသံထွက်/ˈ.ədn/, /ˈ.ədɪn/, or /ˈ.ədn/
EYE-ə-dyn, EYE-ə-dən, or EYE-ə-deen
အဆင်းlustrous metallic gray, violet as a gas
ဒြပ်စင်အလှည့်ကျဇယားရှိ အိုင်အိုဒင်း
Element 1: ဟိုက်ဒရိုဂျင် (H), Other non-metal
Element 2: ဟီလီယမ် (He), Noble gas
Element 3: လီသီယမ် (Li), Alkali metal
Element 4: ဘယ်ရီလီယမ် (Be), Alkaline earth metal
Element 5: ဘိုရွန် (B), Metalloid
Element 6: ကာဗွန် (C), Other non-metal
Element 7: နိုက်ထရိုဂျင် (N), Other non-metal
Element 8: အောက်ဆီဂျင် (O), Other non-metal
Element 9: ဖလိုရင်း (F), Halogen
Element 10: နီယွန် (Ne), Noble gas
Element 11: ဆိုဒီယမ် (Na), Alkali metal
Element 12: မဂ္ဂနီစီယမ် (Mg), Alkaline earth metal
Element 13: အလူမီနီယမ် (Al), Other metal
Element 14: ဆီလီကွန် (Si), Metalloid
Element 15: ဖော့စဖောရပ် (P), Other non-metal
Element 16: ဆာလဖာ (S), Other non-metal
Element 17: ကလိုရင်း (Cl), Halogen
Element 18: အာဂွန် (Ar), Noble gas
Element 19: ပိုတက်ဆီယမ် (K), Alkali metal
Element 20: ကယ်လဆီယမ် (Ca), Alkaline earth metal
Element 21: စကန္ဒီယမ် (Sc), Transition metal
Element 22: တိုင်‌တေနီယမ် (Ti), Transition metal
Element 23: ဗနေဒီယမ် (V), Transition metal
Element 24: ခရိုမီယမ် (Cr), Transition metal
Element 25: မက်ဂနိစ် (Mn), Transition metal
Element 26: သံ (သတ္တု) (Fe), Transition metal
Element 27: ကိုဘော့ (ဒြပ်စင်) (Co), Transition metal
Element 28: နီကယ် (Ni), Transition metal
Element 29: ကြေးနီ (Cu), Transition metal
Element 30: သွပ် (Zn), Transition metal
Element 31: ဂဲလီယမ် (Ga), Other metal
Element 32: ဂျာမေနီယမ် (Ge), Metalloid
Element 33: စိန်ဖြူ (As), Metalloid
Element 34: ဆီလီနီယမ် (Se), Other non-metal
Element 35: ဘရိုမင်း (Br), Halogen
Element 36: ကရစ်ပတွန် (Kr), Noble gas
Element 37: ရူဘီဒီယမ် (Rb), Alkali metal
Element 38: စထရွန်တီယမ် (Sr), Alkaline earth metal
Element 39: အိတ်တြီယမ် (Y), Transition metal
Element 40: ဇာကိုနီယမ် (Zr), Transition metal
Element 41: နိုင်အိုဘီယမ် (Nb), Transition metal
Element 42: မိုလိပ်ဒီနမ် (Mo), Transition metal
Element 43: တက္ကနက်တီယမ် (Tc), Transition metal
Element 44: ရက်သီနီယမ် (Ru), Transition metal
Element 45: ရိုဒီယမ် (Rh), Transition metal
Element 46: ပယ်လေဒီယမ် (Pd), Transition metal
Element 47: ငွေ (သတ္တု) (Ag), Transition metal
Element 48: ကတ်မီယမ် (Cd), Transition metal
Element 49: အိန္ဒီယမ် (In), Other metal
Element 50: သံဖြူ (Sn), Other metal
Element 51: ခနောက်စိမ်း (Sb), Metalloid
Element 52: တယ်လူရီယမ် (Te), Metalloid
Element 53: အိုင်အိုဒင်း (I), Halogen
Element 54: ဇီနွန် (Xe), Noble gas
Element 55: ဆယ်ဆီယမ် (Cs), Alkali metal
Element 56: ဘေရီယမ် (Ba), Alkaline earth metal
Element 57: လန်သနမ် (La), Lanthanoid
Element 58: ဆယ်ရီယမ် (Ce), Lanthanoid
Element 59: ပရာဆီယိုဒိုင်ယမ် (Pr), Lanthanoid
Element 60: နီယိုဒိုင်မီယမ် (Nd), Lanthanoid
Element 61: ပရိုမီသီယမ် (Pm), Lanthanoid
Element 62: ဆမ္မာရီယမ် (Sm), Lanthanoid
Element 63: ယူရိုပီယမ် (Eu), Lanthanoid
Element 64: ဂါဒိုလီနီယမ် (Gd), Lanthanoid
Element 65: တာဘီယမ် (Tb), Lanthanoid
Element 66: ဒိုင်စပရိုဆီယမ် (Dy), Lanthanoid
Element 67: ဟိုမီယမ် (Ho), Lanthanoid
Element 68: အာဘီယမ် (Er), Lanthanoid
Element 69: ကျူလီယမ် (Tm), Lanthanoid
Element 70: အိတ္တာဘီယမ် (Yb), Lanthanoid
Element 71: လူတက်သီယမ် (Lu), Lanthanoid
Element 72: ဟက်ဖ်နီယမ် (Hf), Transition metal
Element 73: တန်တလမ် (Ta), Transition metal
Element 74: တန်စတင် (W), Transition metal
Element 75: ရီနီယမ် (Re), Transition metal
Element 76: အော့စမီယမ် (Os), Transition metal
Element 77: အိုင်ရီဒီယမ် (Ir), Transition metal
Element 78: ရွှေဖြူ (Pt), Transition metal
Element 79: ရွှေ (Au), Transition metal
Element 80: ပြဒါး (Hg), Transition metal
Element 81: သယ်လီယမ် (Tl), Other metal
Element 82: ခဲ (သတ္တု) (Pb), Other metal
Element 83: ကြွပ် (Bi), Other metal
Element 84: ပိုလိုနီယမ် (Po), Metalloid
Element 85: အက်စ်တက်တိုင်း (At), Halogen
Element 86: ရေဒွန် (Rn), Noble gas
Element 87: ဖရန်စီယမ် (Fr), Alkali metal
Element 88: ရေဒီယမ် (Ra), Alkaline earth metal
Element 89: အက်တီနီယမ် (Ac), Actinoid
Element 90: သိုရီယမ် (Th), Actinoid
Element 91: ပရိုတက်တီနီယမ် (Pa), Actinoid
Element 92: ယူရေနီယမ် (U), Actinoid
Element 93: နပ်ကျူနီယမ် (Np), Actinoid
Element 94: ပလူတိုနီယမ် (Pu), Actinoid
Element 95: အမေရိစီယမ် (Am), Actinoid
Element 96: ကျူရီယမ် (Cm), Actinoid
Element 97: ဘာကီလီယမ် (Bk), Actinoid
Element 98: ကာလီဖိုနီယမ် (Cf), Actinoid
Element 99: အိုင်စ်တိုင်နီယမ် (Es), Actinoid
Element 100: ဖာမီယမ် (Fm), Actinoid
Element 101: မန်ဒယ်လီဗီယမ် (Md), Actinoid
Element 102: နိုဘယ်လီယမ် (No), Actinoid
Element 103: လော်ရန်စီယမ် (Lr), Actinoid
Element 104: ရူသာဖော်ဒီယမ် (Rf), Transition metal
Element 105: ဒပ်ဘ်နီယမ် (Db), Transition metal
Element 106: ဆီဘော်ဂျီယမ် (Sg), Transition metal
Element 107: ဘိုဟ်ရီယမ် (Bh), Transition metal
Element 108: ဟက်စ်စီယမ် (Hs), Transition metal
Element 109: မိုက်ဒ်နီရီယမ် (Mt), Transition metal
Element 110: ဒမ်စတဒ်တီယမ် (Ds), Transition metal
Element 111: ရွန့်ဂန္နီယမ် (Rg), Transition metal
Element 112: ကော့ပါနီဆီယမ် (Cn), Transition metal
Element 113: နီဟိုနီယမ် (Uut)
Element 114: ဖလရိုဗီယမ် (Uuq)
Element 115: မော်စကိုဗီယမ် (Uup)
Element 116: လီဗာမိုရီယမ် (Uuh)
Element 117: တန်နဆီး (Uus)
Element 118: အိုဂန်နက်ဆွန် (Uuo)
Br

I

At
တယ်လူရီယမ်အိုင်အိုဒင်းဇီနွန်
အက်တမ် အမှတ်စဉ် (Z)53
အုပ်စုဘလော့group 17 (halogens)
ဒြပ်စင်အလှည့်ကျဇယားperiod 5
ဒြပ်စင် ကဏ္ဍ  diatomic nonmetal
စံ အက်တောမစ် အလေးချိန် (±) (Ar)126.90447(3)[၁]
အီလက်ထရွန် ပြုပြင်မှု[Kr] 4d10 5s2 5p5
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 8, 18, 18, 7
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
အရည်ပျော်မှတ်386.85 K ​(113.7 °C, ​236.66 °F)
အရည်ဆူမှတ်457.4 K ​(184.3 °C, ​363.7 °F)
သိပ်သည်းမှု (အခန်းအပူချိန်)4.933 g/cm3
သုံးပွင့်ဆိုင်မှတ်386.65 K, ​12.1 kPa
Critical point819 K, 11.7 MPa
ဖျူးရှင်းအပူ(I2) 15.52 kJ/mol
အငွေ့ပျံခြင်း အပူ(I2) 41.57 kJ/mol
မိုလာ အပူအင်အား(I2) 54.44 J/(mol·K)
ငွေ့ရည်ဖိအား (rhombic)
P (Pa) 1 10 100 1 k 10 k 100 k
at T (K) 260 282 309 342 381 457
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ7, 6, 5, 4, 3, 1, −1 ​(a strongly acidic oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 2.66
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 1008.4 kJ/mol
2nd: 1845.9 kJ/mol
3rd: 3180 kJ/mol
အက်တောမစ် အချင်းဝက်empirical: 140 pm
ကိုဗေးလန့်အချင်းဝက်139±3 pm
ဗန်ဒါဝေါ့စ် အချင်းဝက်198 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံorthorhombic
Orthorhombic crystal structure for အိုင်အိုဒင်း
အပူစီးကူးမှု0.449 W/(m·K)
လျှပ်စစ် ခုခံမှု1.3×107 Ω·m (at 0 °C)
သံလိုက်ဓာတ်diamagnetic[၂]
သံလိုက် ထိတွေ့နိုင်မှု (χmol)−88.7·10−6 cm3/mol (298 K)[၃]
Bulk modulus7.7 GPa
CAS Number7553-56-2
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုနှင့် ပထမဆုံးခွဲထုတ်ခြင်းBernard Courtois (1811)
အတည်ငြိမ်ဆုံး အိုင်အိုဒင်း၏ အိုင်ဆိုတုပ်များ
iso NA သက်တမ်းဝက် DM DE (MeV) DP
123I syn 13 h ε, γ 0.16 123Te
124I syn 4.176 d ε 124Te
125I syn 59.40 d ε 125Te
127I 100% is stable with 74 neutrons
129I trace 1.57×107 y β 0.194 129Xe
131I syn 8.02070 d β, γ 0.971 131Xe
135I syn 6.57 h β 135Xe
ဝီကီဒေတာတွင် | | ကိုးကား

အိုင်အိုဒင်း (Iodine ) ဆိုသည်မှာ သတ္တုမဟုတ်သော ဒြပ်စင်ဖြစ်သည်။ အနက်နှင့် ခရမ်းရောင် ပေါင်းစပ်ထားသည့် အရောင် ရှိပြီး အစိုင်အခဲဒြပ်စင် ဖြစ်သည်။ အိုင်အိုဒင်းသည် လျှပ်စစ်အဖိုဓာတ် အများဆုံးနှင့် ဓာတ်ပြုရာတွင် တုံ့ပြန်မှု အနည်းဆုံးသော ဟေလိုဂျင် အမျိုးအစားဖြစ်သော်လည်း အခြားဒြပ်စင်များနှင့်အတူ ပေါင်းစပ်ပြီး ဒြပ်ပေါင်းဖြစ်ပေါ်စေနိုင်သည်။ ၎င်းကို အပူပေးခြင်းဖြင့် လွယ်ကူစွာ ခရမ်းရောင်အငွေ့ ဖြစ်ပေါ်လာသည်။ အိုင်အိုဒင်းသည် အချို့သော ပျော်ရည်များတွင် ပျော်ဝင်သည်။ ဥပမာ- ကာဗွန်တက်ထရာကလိုရိုက်ဒ် (CCl4) ထဲတွင်ပျော်ဝင်ပြီး၊ ရေထဲတွင်မူ အနည်းငယ် မျှသာပျော်ဝင်နိုင်သည်။

အငွေ့အခြေအနေတွင် အိုင်အိုဒင်း(Iodine) သည် ၎င်း၏အပြာရောင်ကို ပြသသည်။

အသုံးပြုခြင်း[ပြင်ဆင်ရန်]

အိုင်အိုဒင်းအား ဆေးဝါးဆိုင်ရာကုသမှုများတွင် ရောဂါပိုးသတ်ဆေးများဖြစ်သော tincture နှင့် iodioform ကဲ့သို့ အသုံးပြုသည်။ ဆေးဝါးများထုပ်လုပ်ခြင်း၊ အချို့သောပုံနှိပ်မှင်များနှင့် ဆိုးဆေးများထုပ်လုပ်ခြင်း တို့တွင်လည်း အသုံးပြုသည်။ silver iodine ကို ဓာတ်ပုံလုပ်ငန်းဆိုင်ရာများတွင် အသုံးပြုနိုင်သည်။ အိမ်သုံးဆားများတွင်လည်း အိုင်အိုဒင်းကို ပေါင်းစပ်အသုံးပြုကြပြီး တိရစ္ဆာန် အစားအစာများတွင်လည်း ဖြည့်စွက်အသုံးပြုကြသည်။ အိုင်အိုဒင်းကို ရေဆူဆေးပြားများနှင့် ဆားပြားတို့တွင်လည်း ထည့်သွင်းအသုံးပြုသည်။ iodine မှ iodide အဖြစ်သို့လည်း ပြောင်းလဲအသုံးပြုသည်။

သဘာဝမှာတွေ့ရှိမှုအခြေအနေ[ပြင်ဆင်ရန်]

အိုင်အိုဒင်း(Iodine )အား ဆားအမျိုးအစားထဲတွင် ပေါင်းထည့်ခြင်းဖြင့် အသုံးပြုထားသည်။ ပေါင်မုန့်၊ ပင်လယ်ငါး နှင့် သမုဒ္ဒရာ ပေါ်တွင် နေစွမ်းအင်ဖြင့် ပြုလုပ်သည့် လူလုပ်သစ်ပင် (oceanic plants) တို့တွင်လည်း တွေ့ရသည်။ သမုဒ္ဒရာထဲနှင့် အချို့ ပင်လယ်ငါးများတွင် သဘာဝအားဖြင့် ပါဝင်နေပြီး ရေမှော်ပင်များတွင်မူ အိုင်အိုဒင်း၏ တစ်ရှူးများကို သိုလှောင်ထားခြင်းကို တွေ့ရှိနိုင်သည်။ အိုင်အိုဒင်းအား လေထဲ၊ ရေထဲနှင့် ကမ္ဘာ့အပေါ်ယံမြေဆီလွှာ ထဲတွင်တွေ့ရှိနိုင်သည်။ သဘာဝအိုင်အိုဒင်း၏ အဓိကပါဝင်မှုသည် သမုဒ္ဒရာထဲတွင် ဖြစ်သည်။ ရေသတ္တဝါ များမှထုတ်လွှတ်လိုက်သော iodide (သို့) ပင်လယ်ရေမှော်များထဲမှ iodide၊ hydrocloric acid နှင့်methyl iodide တို့သည် နှစ်စဉ် ၄၀၀ တန်ခန့် ရှိသည်။ ၎င်းသမုဒ္ဒရာထဲမှ အိုင်အိုဒင်းများသည် အနယ်ကျခြင်းဖြင့် ကုန်းမြေပေါ်သို့ ရောက်ရှိလာခြင်းသည် ဇီဝဖြစ်စဉ် (biocycle) လည်ပတ်ခြင်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ alutarite ကဲ့သို့သောအိုင်အိုဒင်းပါဝင်သည့် တွင်းထွက်ပစ္စည်း များအား ချီလီနိုင်ငံတွင် တွေ့ရှိရပြီး iodargyte အား ကိုလာရာဒို၊ နီဗာဒါ နှင့် မက္ကစီကို နိုင်ငံများတွင် တွေ့ရှိရသည်။ ကမ္ဘာ့တနှံ့တလျားရှိ စက်မှု့လုပ်ငန်းဆိုင်ရာ အိုင်အိုဒင်း ထုတ်လုပ်ခြင်း သည် တနှစ်လျှင် 13.000 တန် ထွက်ရှိပြီး အဓိကထုတ်လုပ်သောနိုင်ငံများသည် ချီလီနှင့် ဂျပန်နိုင်ငံများဖြစ်သည်။ ရုရှားနှင့် အမေရိကန်နိုင်ငံ များတွင် ပမာဏအနည်းငယ်သာထုတ်လုပ်သည်။

အိုင်အိုဒင် ပုံဆောင်ခဲ

ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ[ပြင်ဆင်ရန်]

ဆေးဝါးအမျိုးမျိုးနှင့် အရေပြားသန့်စင်ရေး ဆေးဝါးများတွင် အိုင်အိုဒင်း ကိုအသုံးပြုသည်။ အိုင်အိုဒင်းသည် သိုင်းရွိုက်ဟိုမုန်းဓာတ် (thyroid hormones) ကိုတိုးပွားစေသည်။ ထိုသိုင်းရွိုက်ဟိုမုန်းသည် ခန္ဓာကိုယ်ကြီးထွားမှု၊ အာရုံကြောအဖွဲ့အစည်းနှင့် အစာခြေဖျက်မှုတို့အတွက် မရှိမဖြစ်လိုအပ်သည်။ အိုင်အိုဒင်းချို့တဲ့လျှင် လည်မြိုသည် လျှောကျလာပြီး ဖူးရောင်လာသည်။ တနည်းအားဖြင့် လည်ပင်းကြီးရောဂါဟုခေါ်သည်။ အိုင်အိုဒင်းသည် လူကို အကျိုးပြုနိုင်သော်လည်း အမြောက်အမြား စားသုံးပါက ပုံမှန်နှလုံးခုန်နှုန်းကို ထိခိုက်ခြင်း နှင့် ကိုယ်ခန္ဓာအလေးချိန် လျော့ကျခြင်းများ ဖြစ်ပေါ်သည်။ ဒြပ်စင်ဆိုင်ရာ အိုင်အိုဒင်း (I2) သည် အဆိပ်ဖြစ်စေသည်။ ထိုအိုင်အိုဒင်း၏ အငွေ့သည် မျက်လုံးနှင့် အဆုတ်ကို ဒုက္ခပေးနိုင်သည်။ အိုင်အိုဒင်းနှင့် အလုပ်လုပ်နေစဉ် လေထုထဲတွင် အများဆုံး သတ်မှတ်ထားသော အိုင်အိုဒင်း၏ အချိုးအစားမှာ 1 mg m-3 ဖြစ်သည်။ ထိုထက်အိုင်အိုဒင်း ပိုများလာမည် ဆိုပါက အိုင်အိုဒင်း အားလုံးသည် အဆိပ်ဖြစ်လာသည်။ အိုင်ဆိုတုပ် 131I သည် ရေဒီယို နျူးကလိုက် (radionuclides) အမျိုးအစားဖြစ်ပြီး နျူးကလီးယားလက်နက် စမ်းသပ်ခြင်းတွင်ပါဝင်သည်။ ထိုစမ်းသပ်ချက်အား 1945 ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု မှစတင်ခဲ့ပြီး 1980 တွင် တရုတ်နိုင်ငံမှ စမ်းသပ်ချက်နှင့် အဆုံးသတ်ခဲ့သည်။ 131I သည် ကင်ဆာ ရောဂါကို တိုးပွားစေပြီး သိုင်းရွိုက် ဟိုမုန်းလျော့နည်းမှု ကြောင့် လည်ချောင်းရောဂါဖြစ်ပေါ်စေနိုင်သည်။

အိုင်အိုဒင်း၏ပတ်ဝန်ကျင်ဆိုင်ရာအကျိုးသက်ရောက်မှု[ပြင်ဆင်ရန်]

အိုင်အိုဒင်းထွက်မှုများ-၂၀၀၅

အိုင်အိုဒင်းသည်လေထဲတွင် ရေငွေ့များနှင့် ပေါင်းစပ်ဓာတ်ပြုပြီး ရုတ်တရက် ရေ(သို့) မြေဆီများ ဖြစ်ပေါ်စေသည်။ မြေထဲတွင် အိုင်အိုဒင်းသည် သက်ရှိပစ္စည်းများဖြင့် ပေါင်းစပ်ပြီး အချိန်ကြာမြင့်စွာ တူညီသောနေရာ၌ ကြွင်းကျန်ရစ်သည်။ အပင်များသည် ထိုအိုင်အိုဒင်းပါဝင်သော မြေဆီဖြင့် ကြီးပြင်းလာပြီး ကျွဲနွားတိရစ္ဆာန်နှင့် အခြား သော တိရစ္ဆာန်များသည် ထိုအပင်အား စားသုံးခြင်းဖြင့် အိုင်အိုဒင်းဓာတ်ကိုရရှိသည်။ ရေမျက်နှာပြင်မှ အိုင်အိုဒင်းသည် ရေငွေ့ပြန်၍ တဖန်လေထုထဲသို့ တိုးဝင်လာသည်။ လူတို့သည် စွမ်းအင်များအတွက် ကျောက်မီးသွေးနှင့် လောင်စာများကို လောင်ကျွမ်းစေခြင်းအားဖြင့်လည်း အိုင်အိုဒင်းအား လေထုထဲသို့ ထည့်သွင်းပေးသည်။ သို့သော် လူသားများကြောင့် ထွက်ပေါ်လာသော အိုင်အိုဒင်းသည် သမုဒ္ဒရာမှ ထုတ်လွှတ်လိုက်သော ရေငွေ့အိုင်အိုဒင်းနှင့် ယှဉ်လျှင် အနည်းငယ်မျှသာရှိသည်။ အိုင်အိုဒင်းသည် ရေဒီယို သတ္တိကြွ နိုင်သည်။ အိုင်အိုဒင်း၏ ရေဒီယို သတ္တိကြွနိုင်သော အိုင်ဆိုတုပ်များ သည် သဘာဝအားဖြင့် ဓာတုဓာတ်ပြုနေစဉ်အတွင်း လေထုထဲတွင် ဖြစ်ပေါ်သည်။ အများစုသည် အလွန် တိုတောင်းသောသက်တမ်းဝက် ရှိသောကြောင့် တည်ငြိမ်သော အိုင်အိုဒင်း ဒြပ်ပေါင်းအဖြစ်သို့ လျင်မြန်စွာ ပြန်လည်ပေါ်ပေါက်သည်။ သို့သော်လည်း ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ် တစ်ခုသည် နှစ်သန်းပေါင်းများစွာသော သက်တမ်းဝက် ရှိပြီး ပတ်ဝန်းကျင်ကို ပြင်းထန်စွာ အန္တရာယ်ပေးနိုင်သည်။ နျူးကလီးယားစက်ရုံမှ ယူရေနီယမ် (U) နှင့် ပလူတိုနီယမ် (Pu) တို့ကို အသုံးပြုသော ဖြစ်စဉ်များတွင် အိုင်အိုဒင်း၏ ရေဒီယိုသတ္တိကြွ အိုင်ဆိုတုပ် များဖြစ်ပေါ်လာပါက လေထဲသို့သာ ရောက်သွားပေမည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Magnetic susceptibility of the elements and inorganic compounds, in Handbook of Chemistry and Physics 81st edition, CRC press.
  3. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4