ဟိုက်ဒရိုဂျင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက်များ စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။
This article may require cleanup to meet Wikipedia's quality standards. Please improve this article if you can. The talk page may contain suggestions.
ဟိုက်ဒရိုဂျင်
အက်တမ် အမှတ်စဉ် 1
အက်တမ် အလေးချိန် 1.007825 g.mol -1
သိပ်သည်းဆ 0.0899*10 -3 g.cm -3 at 20 °C
အီလက်ထရို နက်ဂတစ်ဗတီး 2.1 (acoording to Pauling)
အရည်ပျော်မှတ် - 259.2 °C
ဗင်န်ဒါဝေါလ် အချင်းဝက် 0.12 nm
အိုင်ယွန်နစ် အချင်းဝက် 0.208 (-1) nm
အိုင်ဆိုတုပ် မျိုးကွဲပေါင်း 3
အီလက်ထရွန်းနစ် ရှဲလ် 1s1
ပထမ အိုင်ရွန်နိုင်ဇေးရှင်း
ဖြစ်ရန် လိုသောစွမ်းအင်
1311 kJ.mol -1
ရှာဖွေတွေ့ရှိသူ Henry Cavendish
တွေ့ရှိသည့် ခုနှစ် 1766*


ဟိုက်ဒရိုဂျင် (Hydrogen)[ပြင်​ဆင်​ရန်​]

ဟိုက်ဒရိုဂျင်သည် Periodic ဇယားရဲ့ ပထမဆုံး ဒြပ်စင်တစ်ခု ဖြစ်ပါသည်။ (ဟိုက်ဒရိုဂျင် ကိုဂရိဘာသာစကားအရ hydor --- water and gennao --- birth) (water bearing) အဖြစ် အဓိပ္ပါယ် ဖွင့်ဆိုပါသည်။)British giggeli Henry Cavendish က 1766 ခုနှစ်တွင် တွေရှိဖော်ထုတ်ခဲ့ ခြင်းဖြစ်ပါသည်။ ဟိုက်ဒရိုဂျင်သည် အရောင်အဆင်း အနံ့ အရသာ မရှိ သော အငွေ့ ဖြစ်ပါသည်။ ၎င်း atom အား သင်္ကေတအားဖြင့် ( H ) ဖြင့်ဖော်ပြပြီး nucleus တစ်ခု ( with one unit of positive charge ( proton ) )နှင့် electron တစ်ခုဖြင့် ပေါင်းစပ်ဖွဲ့ စည်းထားခြင်းဖြစ်ပါသည်။ ၎င်း သည် ရေနှင့် သက်ရှိ ဖြစ်စဉ် အားလုံး တွင် အဓိကပါဝင်ပြီး ကမ္ဘာမြေပြင်ပေါ်တွင်သာမက စကြာဝဠာ ထဲတွင်လည်း တွေ့ရှိပါသည်။ ဟိုက်ဒရိုဂျင်တွင် isotope အမျိုးအစားသုံးမျိုး ရှိပါသည်။၎င်းတို့မှာ

1. protium, mass 1(သဘာဝထဲတွင် 99,985% )

2. deuterium, mass 2 (0.015% ခန့်)

3. tritium,mass3 (သဘာဝထဲတွင် သေးငယ်သော အစိတ်အပိုင်းအဖြစ်သာတွေ့ရှိရပြီး အမျိုးမျိုးသော အနုမြူဓာတ်ပြုခြင်းများကို ပြုလုပ်ပေးနိုင်ပါသည်)

ဟိုက်ဒရိုတွင်ပါဝင်သည့် မော်လီကျူးတစ်လုံး၏အလေးချိန်သည် 2,01594 ဂရမ်ရှိပါသည်။အပူချိန် 0ֺC နှင့် လေထုဖိအား 1 atm တွင် ၎င်းဓာတ်ငွေ့၏ သိပ်သည်းဆ တန်ဖိုးသည် 0.071 g/l ဖြစ်ပါသည်။ ဟိုက်ဒရိုဂျင်သည် လောင်ကျွမ်းမှု အားအကောင်းဆုံး ဖြစ်ပါသည်။ ဟိုက်ဒရိုဂျင်သည် ရေထက် အခြားသော အော်ဂဲ်နစ်ပျော်ရည်များတွင် အနည်းငယ်ပိုပြီး ပျော်ဝင်နိုင်ပါသည်။ ဓာတ်သတ္ထု အများစုသည် ဟိုက်ဒရိုဂျင်ကိုစုပ်ယူပါသည်။ ဥပမာအားဖြင့် ဟိုက်ဒရိုဂျင်ကို steel အား စုပ်ယူခြင်းမှ ကျွတ်ဆတ်သော steel ကိုရရှိပါသည်။ ၎င်းကို ဓာတုဗေဒ လုပ်ငန်းများတွင်လိုအပ်သော ကိရိယာတန်ဆာပလာအဖြစ်အသုံးပြုနိုင်ပါသည်။သာမာန်အပူချိန်၌ ဟိုက်ဒရိုဂျင်သည် ဓာတ်ပြုလွယ်သော အရာတစ်ခုမဟုတ်ပေ၊ ဓာတ်ကူပစ္စည်းတစ်ခုခု၏ အကူအညီ အနေဖြင့် သော်လည်းကောင်း သို့မဟုတ် အပူချိန်မြင့်မားသည့်အခါ၌သော်လည်းကောင်း ဓာတ်ပြုမှု ကောင်းမွန်ပါသည်။ Atomic ဟိုက်ဒရိုဂျင်သည် သာမန်အပူချိန်မှာပင် စွမ်းအားကောင်းသော ဓာတ်လျှော့ ပစ္စည်းဖြစ်ပါသည်။ သာမန်အပူချိန် သာမန်အခြေအနေတွင် နှေးကွေးသော်လည်း ဓာတ်ကူပစ္စည်းအကူအညီ ( ဥပမာ … platinum, or an electric spark )တစ်ခုခုဖြင့် ဓာတ်ပြုမှုအရှိန်ကိုမြင့်တင်လျှင် ပြင်းထန်တဲ့ ပေါက်ကွဲမှုမျိုး ( သို့ ) စွမ်းအင် ကိုဖြစ်ပေါ်စေပါသည်။


အသုံးပြုခြင်း[ပြင်​ဆင်​ရန်​]

ဟိုက်ဒရိုဂျင်အား ammonia အစုအစည်းအနေဖြင့် အသုံးများပါသည်။ လောင်စာများသန့် စင်သည့်နေရာတွင်လည်း အသုံးပြုပါသည်။ သစ်သီးသစ်ရွက်ဆီများ အဆီအခဲအဖြစ် ပြောင်းလဲရာတွင် ဟိုက်ဒရိုဂျင်အက်တမ် ပေါင်းထည့်ပေးရသည်။ ထို့အပြင် rocket လောင်စာအဖြစ်လည်းကောင်း အသုံးပြုနိုင်ပါသည်။ဟိုက်ဒရိုဂျင်သည် လောင်ကျွမ်းခြင်းမှ စွမ်းအင်ရရှိနိုင်ပါသည်။ ဟိုက်ဒရိုဂျင်လောင်စာ ကလပ်စည်းများသည် စွမ်းအင်ထောက်ပံ့မှုနည်းလမ်းတစ်ခုအနေဖြင်လည်းကောင်း၊ သုတေသန လုပ်ငန်းများတွင လည်းကောင်း အသုံးပြုကြပါသည်။စွမ်းအင်ထုတ်လုပ်ရာတွင် ဟိုက်ထရိုဂျင်သည် ကာဗွန်ဒိုင်အောက်ဆိုဒ် ( သို့ )ဓာတုအဆိပ်အတောက် တစ်စုံတစ်ခုမှမဖြစ်ပေါ်စေပဲ အသုံးပြုနိုင်သည်။


ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

လောင်ကျွမ်းမှုအားကောင်းသဖြင့် ပြင်းထန်သောပေါက်ကွဲမှုများ ဖြစ်ပေါ်စေနိုင်သည်။ လေနှင့်အတူ လွယ်ကူစွာပျံ့နှံနိုင်သောကြောင့် အသက်ရှူသောအခါ လူကိုယ်ခန္ဓာထဲသို့ လွယ်ကူစွာ ဝင်ရောက်နိုင်သည်။ ကိုယ်ခန္ဓာအတွင်း ဟိုက်ဒရိုဂျင်မမာဏ များပြားလာသည့်အခါ အောက်ဆီဂျင်လစ်လပ်သည့် နေရာများဖြစ်ပေါ်စေသည်။ ရှုရှိုက်မိလျှင်လည်း ခေါင်းကိုက်ခြင်း ၊ နားအူခြင်း ၊ မူးဝေခြင်း ၊ အိပ်ငိုက်ခြင်း၊ သတိမေ့ခြင်း ၊ မအီမသာဖြစ်ခြင်း၊အော့အန်ခြင်း နှင့် အာရုံ ခံစားမှုစိတ်ကျဆင်းခြင်း စသည့် ရောဂါ များကိုဖြစ်ပေါ်စေနိုင်သည်။ ရှုရှိုက်မိသူရဲ့ အသားရောင်ဟာ အပြာရောင်သန်းလာတတ်သည်။ လွန်ကဲလာပါက အသက်အန္တရာယ်ကိုပင် ထိခိုက်စေသည်။ ဟိုက်ဒရိုဂျင် အဆိပ်အတောက်ရှိကြောင်း သတိပေးချက်မရှိသည့်နေရာများ ဟိုက်ဒရိုဂျင် ပမာဏ တိုင်းတာမှုရှိသည့်နေရာများကို ဝင်ရောက်သင့်ပါသည်။


ပတ်ဝန်းကျင်သို့ သက်ရောက်မှုများ[ပြင်​ဆင်​ရန်​]

ဟိုက်ဒရိုဂျင်သည် ကမ္ဘာမြေလွှာတွင် 0.15% သာရှိပြီး အဓိကအစိတ်အပိုင်းမှာ ရေထဲတွင်ဖြစ်ပါသည်။ လေထုထဲတွင်ရှိသော ဟိုက်ဒရိုဂျင် 0.5 ppm မှာ ရေငွေ့ များနှင့် ပေါင်းစပ်ကာတည်ရှိပါသည်။ ဟိုက်ဒရိုဂျင်သည် biomass ၏ အဓိကအစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။ ဟိုက်ဒရိုဂျင်သည် သာမန်အားဖြင့် လေထုထဲတွင်သာ တွေ့ရှိရပါသည်။ သဘာဝပါတ်ဝန်းကျင် နှင့် သက်ရှိများအတွက် အောက်ဆီဂျင် လစ်လပ်မှုများ သက်ရောက်စေပါသည်။ သစ်ပင်အများအပေါ်တွင် ဆိုးကျိုးများကိုမတွေ့ရှိရပါ။ ရေအောက်သတ္တဝါများအပေါ် သက်ရောက်ခြင်းမှာ ယခုအချိန်ထိသက်သေပြနိုင်ခြင်းမရှိသေးပါ။ [၁]

ဟိုက်ဒရိုဂျင်[ပြင်​ဆင်​ရန်​]

ဟိုက်ဒရိုဂျင်သည် ဓာတ်ငွေ့ဒြဗ်စင်ဖြစ်၍ ယင်းကို ၁၇၆၆ ခုနှစ်တွင် ကဗင်းဒစ်က စတင်တွေ့ရှိခဲ့ လေသည်။ ပထမတွင် ထိုဓာတ်ငွေ့ကို အလွယ်တကူ မီး လောင်နိုင်သောလေဟု ခေါ်ခဲ့ကြ၏။ နောင်တွင်မှ ထိုဓာတ်ငွေ့ ကို လဗွာစီယာက ဟိုက်ဒရိုဂျင်ဟု အမည်ပေးခဲ့လေသည်။ ဟိုက်ဒရိုဂျင်သည် သိရသမျှသော ဒြပ်စင်များတွင် အပေါ့ဆုံး ဖြစ်၍ သိရသမျှသော အလေးအဆတို့တွင်လည်း အနည်းဆုံး ဖြစ်သည်။ ပထမတွင် ဟိုက်ဒရိုဂျင်ကို ဧကမူထားကာ အခြား ဒြဗ်စင်များကို နှိုင်းယှဉ်၍ ပြခဲ့ကြလေသည်။ ယခုအခါတွင်မူ အောက်ဆီဂျင်၏ အလေးဆကိ ၁၆ ရှိသည်ဟု ယူဆလာကြ သဖြင့် ဟိုက်ဒရိုဂျင်၏ အက်တမ် အလေးဆသည် ၁ ့ဝဝ၇၆ ဖြစ်သွားလေသည်။ ရာညိုး၏ လက်တွေ့ စမ်းသပ်ချက်များအရ ဟိုက်ဒရိုဂျင်၏ သိပ်သည်းခြင်းသည် အပူချိန်တူ၊ ဖိအားတူနှင့် ထုထယ်တူ လေ၏ သိပ်သည်းခြင်းထက် နည်းသည်ကို တွေ့ရ လေသည်။

ဟိုက်ဒရိုဂျင်၏ ဓာတုသင်္ကေတမှာ H ဖြစ်သည်။ မီးတောင် ဓာတ်ငွေ့များတွင် ဟိုက်ဒရိုဂျင်သည် သီးခြား တည်ရှိပြီးလျှင် နေနှင့် တည်မြဲကြယ်များအတွင်း၌လည်း သီးခြား တည်ရှိလေ သည်။ ကမ္ဘာ့လေထုအတွင်း တွင်လည်း ဟိုက်ဒရိုဂျင်သည် သီးခြား တည်ရှိလေသည်။ ကမ္ဘာ့လေထုအတွင်းတွင်လည်း ဟိုက်ဒရိုဂျင်သည် သီးခြား တည်ရှိသေးသည်။ သို့သော် လွန်စွာ နည်းပါးလေသည်။ ရေသည် ဟိုက်ဒရိုဂျင်ပါဝင်သော ဒြဗ်ပေါင်းများအနက် လူသိအများဆုံးဖြစ်သည့်အပြင် လွန်စွာ လည်း ပေါများလေသည်။ ဩဂဲနက်တစ်သျှူးတိုင်း လိုလိုတွင် ရေသည် အရေးကြီးသော ဖက်စပ်ပစ္စည်းတစ်ခု ဖြစ်သည်။ ဟိုက်ဒရိုဂျင်ကို နည်းပေါင်းများစွာဖြင့် အလွယ်တကူ ထုတ် လုပ်ယူနိုင်သည်။ ထိုနည်းများအနက် အသုံးများသော အလွန် လွယ်ကူသည့်နည်းမှာ သွပ်စများပေါ်သို့ ဆာလဖျူရစ်အက်ဆစ် အပျော့စားကို ထည့်ပေးခြင်း ဖြစ်သည်။ ထိုအခါ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ ထွက်လာသည်။ H Zn + H2 SO4 = Zn SO4 + H2

ဤညီမျှကိန်းတွင် Zn မှာ သွပ်၊ H2 SO4 မှာ ဆာလဖျူရစ်အက်ဆစ်၊ Zn SO4 မှာ ဇင့်ဆာလဖိတ်နှင့် H2မှာ ဟိုက်ဒရိုဂျင် ဖြစ်လေသည်။ ဟိုက်ဒရိုဂျင်သည် များသောအားဖြင့် အက်တမ်နှစ်ခုပေါင်း ပြီးလျှင် မော်လီကျူအဖြစ် တည်ရှိလေ့ရှိသည်။ အလွန်အေး သည့် အပူချိန်များတွင် ဟိုက်ဒရိုဂျင်ကို အရည်နှင့် အခဲအဖြစ် သို့ ပြောင်းလဲယူနိုင်လေသည်။ ဟိုက်ဒရိုဂျင်အခဲသည်-၂၅၉ံC တွင် အရည်ပျော်၍ -၂၅၃ံCတွင် ဟိုက်ဒရိုဂျင် အရည်ဆူ လေသည်။

ဟိုက်ဒရိုဂျင်သည် လေ၊ သို့မဟုတ် အောက်ဆီဂျင်ထဲ၌ မီးလောင်နိုင်သည်။ ထိုသို့ မီးလောင်သောအခါတွင် မီးတောက် သည် အလွန်ပူ၍ အရောင်မရှိချေ။ အခြားသာမန် ကစ္စည်းများ သည် ဟိုက်ဒရိုင်ဂျင်ထဲ၌ မီးမလောင်နိုင်ကြချေ။ ဟိုက်ဒရိုဂျင် သည် အသက်ကို မရှင်စေနိုင်သော်လည်း ယင်းအား ရှူခြင်း ဖြင့် တိုက်ရိုက် ဘေးအန္တရာယ် မဖြစ်နိုင်ချေ။

အက်ဆစ်ဂုဏ်သတ္တိရှိသော ဒြဗ်ပေါင်းတိုင်းတွင် ဟိုက်ဒရို ဂျင်သည် အရေးကြီးသော ဒြဗ်စင်အဖြစ်နှင့် ပါဝင်လေသည်။ ဟိုက်ဒရိုဂျင်သည် အောက်ဆီဂျင်နှင့် ပူးပေါင်းနိုင်သည်။ ထိုဓာတ်ငွေ့နှစ်မျိုး ပူးပေါင်းမိသောအခါ ရေဖြစ်လာသည်၊ ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ဓာတ်ငွေ့ နှစ်မျိုးကို ရောထား ပြီးနောက် မီးတောက်တစ်ခု၊ သို့မဟုတ် လျှပ်စစ်မီးပွားခြင့် မီးလောင်စေသောအခါ ပေါက်ကွဲမှု ဖြစ်ပြီးလျှင် ရေပေါက် ကလေးများ ဖြစ်လာသည်ကို တွေ့ရလေသည်။ ဟိုက်ဒရိုင်ဂျင် ကို လျှော့ပစ်နို်သည့် ပစ္စည်းဟုလည်း ခေါ်ကြသေးသည်။ ထိုသို့ ခေါ်ကြခြင်းမှာ အောက်ဆီဂျင် အများအပြား ရှိနေသော ဒြဗ် ပေါင်းများက အောက်ဆီဂျင်အချို့ကို ဟိုက်ဒရိုဂျင်က လျှော့ပစ် နိုင်ခြင်းကြောင့် ဖြစ်သည်။ အပူတိုက်ထားသော သံချေး (အိုင်ယင်းအောက်ဆိုက်) အတွင်းသို့ ဟိုက်ဒရိုဂျင်ကို သွင်းပေး လိုက်လျှင် သံချေးသည် သံအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့ရလေသည်။ ထိုသို့ ဖြစ်ရသည်မှာ ဟိုက်ဒရိုဂျင်သည် သံချေးရှိ အောက်ဆီဂျင်နှင့် ပူးပေါင်းသွားခြင်းကြောင့်ဖြစ်သည်။ ဟိုက်ဒရိုဂျင်သည် အခြားများစွာသော ဒြဗ်စင်များ၊ အထူး သဖြင့် သတ္တုမဟုတ်သော ပစ္စည်းများနှင့် ပူးပေါင်းနိုင်ပြီးလျှင် အရေးကြီးသော အချို့ဒြပ်ပေါင်းများကို ဖြစ်စေနိုင်သေးသည်။ ဟိုက်ဒရိုဂျင်သည် ကလိုရင်းနှင့် ပူးပေါင်းပြီးနောက် ဟိုက်ဒရို ဂျင် ကလိုရိုက် ဓာတ်ငွေ့ ဖြစ်လာနိုင်လေသည်။ ထိုဟိုက်ဒရို ဂျင် ကလိုရိုက် ဓာတ်ငွေ့သည် ရေတွင် ပျော်ဝင်သောအခါ ဟိုက်ဒရိုကလောရစ် အက်ဆစ် ဖြစ်လာလေသည်။ ဟေးဗား နည်းဖြင့် အမ်မိုနီယာ NH3 ပြုလုပ်လိုသောအခါ ဟိုက်ဒဂျင်ကို နိုက်ထရိုဂျင်နှင့် ပူပေါင်းစေရသည်။ ဆာလဖာ(ကန့်)နှင့် ဟိုက်ဒရိုဂျင် ပူးပေါင်းသောအခါတွင် အရေးကြီးသည့် ဒြဗ်ပေါင်းတစ်ခုဖြစ်သော ဟိုက်ဒရိုဂျင်ဆာလဖိုက် ဖြစ်လာ လေသည်။ ထိုဒြဗ်ပေါင်း၌ ဆိုးရွားသော ကြက်ဥပုပ်နံ့ ရှိသည်။ ဟိုက်ဒရိုဂျင်အက်တမ်တစ်ခုတွင် ပရိုတွန်တစ်ခုနှင့် အီလက် ထရွန်တစ်ခုသာ ပါရှိသဖြင့် ဒြဗ်စင်များတွင် အရှင်းဆုံး ဒြဗ်စင် ဖြစ်သည်။ သာမန် ဟိုက်ဒရိုဂျင်တွင် အခြား ဟိုက်ဒရိုဂျင် တစ်မျိုးသည် ရာခိုင်နှုန်းအားဖြင့် ့ဝဝ၂ ပါရှိနေသေးသည်။ ထိုဟိုက်ဒရိုဂျင်မျိုး၏ အက်တမ် အလေးဆမှာ ရိုးရိုးဟိုက်ဒရို ဂျင်အက်တမ် အလေးဆထက် နှစ်ဆပို၍ လေးလေသည်။ ထို ဟိုက်ဒရိုဂျင်မျိုးကို ဒျူတီရီယမ်ဟု ခေါ်သည်။ သာမန် ဟိုက်ဒရိုဂျင်၏ အက်တမ် အလေးဆထက် သုံးဆပို၍ လေးသော ဟိုက်ဒရိုဂျင်မျိုး၏ အစအနကိုပင် ဓာတုဗေဒ ပညာရှင်များက တွေ့ရှိထားကြလေသည်။ ထိုကဲ့သို့သော် ဟိုက်ဒရိုဂျင်မျိုးကို ထရီတီယမ်ဟု ခေါ်ကြသည်။

ဟိုက်ဒရိုဂျင်သည် ဆီရည်များတွင် ထည့်လိုက်သောအခါ တွင် အဆီခဲဖြစ်သွားလေသည်။ ထိုအဆီခဲသည် ကိစ္စ အများ အပြားအတွက် အသုံးဝင်လေသည်။

ဟိုက်ဒရိုဂျင်သည် လွန်စွာ ပေါ့ပါးသဖြင့် ကလေးများ ကစားသည့် မိုးပျံသော ဘောလုံးများနှင့် လေ သဘေ‡ာများတွင် အသုံးပြုနိုင်လေသည်။ သို့သော် ထိုဟိုက်ဒရိုဂျင်ဓာတ်ငွေ့သည် မီးလောင် ပေါက်ကွဲတတ်သဖြင့် နောင်သော် လေသဘေ‡ာ များတွင် ယင်းအစား ဟီလီယမ်ဓာတ်ငွေ့ကို အသုံးပြုလာကြ လေသည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. MUCTR-MM, ဘာသာပြန်သူ သန့်ဇော် [၁]
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)