ဟိုပန်မြို့နယ်
ပုံပန်းသွင်ပြင်
ဟိုပန်မြို့နယ် | |
---|---|
မြို့နယ် | |
ကိုဩဒိနိတ်: 23°25′0″N 98°45′0″E / 23.41667°N 98.75000°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရှမ်းပြည်နယ် |
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ | ဝ |
ပင်လယ်ရေ မျက်နှာပြင်အမြင့်[၁] | ၁၅၃၂ ပေ (၄၆၇ မီတာ) |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6:30) |
ဟိုပန်မြို့နယ် သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ပါဝင်သော မြို့နယ် ခြောက်ခုအနက် တစ်ခု ဖြစ်သည်။ အုပ်ချုပ်ရေးရုံးစိုက်ရာမြို့မှာ ဟိုပန်မြို့ ဖြစ်သည်။[၂] ၂၀၁၁ ခုနှစ်တွင် ဟိုပန်မြို့နယ်ကို ကွမ်းလုံခရိုင်မှ ခွဲထုတ်ပြီး ဟိုပန်ခရိုင်အဖြစ် ဖွဲ့စည်းခဲ့သည်။[၃]
ဟိုပန်မြို့နယ်နှင့် ဆက်သွယ်ထားသော အဓိကလမ်းမကြီးသုံးခုမှာ ၈၀၄ မိုင်ရှည်လျားသော ဟိုပန်-လားရှိုး-မန္တလေး-တောင်ကြီး-မိုင်းပြင်း-မက်မန်း လမ်းမကြီး၊ ၃၄၃ မိုင် ရှည်လျားသော ဟိုပန်-လားရှိုး-တန့်ယန်း-ပန်ဆန်း-မက်မန်း လမ်းမကြီးနှင့် ၂၅၇ မိုင် ရှည်လျားသော ဟိုပန်-မိုင်းမော-ပန်ဆန်း-မက်မန်း လမ်းမကြီးများ ဖြစ်ကြသည်။[၄]
၂၀၀၇ ခုနှစ် စာရင်းများအရ ဟိုပန်မြို့နယ်တွင် ရာဘာစိုက်ခင်း ၃,၇၁၃ ဧက ရှိခဲ့သည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ GoogleEarth
- ↑ "Constitution of the Republic of the Union of Myanmar (2008)" Official English version
- ↑ http://www.mrtv3.net.mm/newpaper/69newsn.pdf[လင့်ခ်သေ] Page 10 Column 3
- ↑ http://www.mrtv3.net.mm/newpaper/149newsn.pdf[လင့်ခ်သေ] Page 10 Column 1
- ↑ MG page 8။ 2 October 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 February 2017 တွင် ပြန်စစ်ပြီး။
ဤ ရှမ်းပြည်နယ် ပထဝီဝင်တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |