အသင်္ချေ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
အသင်္ချေယျ[၁]ဟူသော ပါဠိစကားလုံးမှ အသင်္ချေဖြစ်လာသည်။[၂]
(၂) မရေတွက်နိုင်သော၊ မရေတွက်နိုင်လောက်အောင်များသော။ [၆]
အသင်္ချေယျမည်သော ဂဏန်းသင်္ချာ
[ပြင်ဆင်ရန်](က) တစ်ဂဏန်း၏နောက်၌ သုညတရာ့လေးဆယ် (၁၄၀) ရှိသော သင်္ချာသည် အသင်္ချေယျ မည်သော ဂဏန်းသင်္ချာဖြစ်၏။ [၇]
ဓာန်၊ဋီ၊၄၇၄-၆-၌ကား တစ်ဂဏန်း၏ နောက်၌ သုညတရာ့ လေးဆယ့်ငါး (၁၄၅) လုံးဖြင့် အသင်္ချေယျဂဏန်းဖြစ်ပုံကို (မိမိဝါဒဖြင့်) ပြထားသေး၏။ [၂]
ကမ္ဘာအသင်္ချေ
[ပြင်ဆင်ရန်](ခ) လေးအသင်္ချေနှင့် ကမ္ဘာတသိန်း စသည်ဖြင့် ဘုရားရှင်တို့ ပါရမီဖြည့်ဆည်းပူးရာ အချိန် ကာလကို သတ်မှတ် ပြသော အသင်္ချေမျိုးတည်း။ ကမ္ဘာပေါင်း ဤရွှေ့ ဤမျှဟု ရေတွက်မှန်းဆ၍ မရနိုင်လောက်အောင် မြားမြောင် ရှည်လျားသော အချိန် ကာလကို အသင်္ချေ (ကမ္ဘာအသင်္ချေ) ဟု ခေါ်၏။ [၂]
လေးအသင်္ချေ
[ပြင်ဆင်ရန်]ဒီပင်္ကရာဘုရားနှင့် ကောဏ္ဍညဘုရား အကြား၌ ကုန်လွန်သွားသော ကမ္ဘာ အသင်္ချေသည် တစ်အသင်္ချေဖြစ်၏။
ထို့အတူ ကောဏ္ဍညဘုရားနှင့် မင်္ဂလဘုရား အကြား၌ တစ်အသင်္ချေ၊
သောဘိတဘုရားနှင့် အနောမဒဿီဘုရား အကြား၌ တစ်အသင်္ချေ၊
နာရဒဘုရားနှင့် ပဒုမုတ္တရဘုရား အကြား၌ တစ်အသင်္ချေ၊ ဤသို့ ဘုရားနှစ်ဆူတို့၏ အကြားအကြား၌ ကုန်လွန်သွားသော “ကမ္ဘာအသင်္ချေ” လေးမျိုးသည် လေးအသင်္ချေဖြစ်၏။ [၈]။ [၂]
အသင်္ချေယျ ကပ်
[ပြင်ဆင်ရန်](ဂ) တစ်ကမ္ဘာ ဟု ခေါ်သော မဟာကပ်၏ လေးပုံတပုံ ဖြစ်သောကပ်ကို “အသင်္ချေယျကပ်” ဟုခေါ်၏။ အကျယ်ကို “အသင်္ချေယျကပ္ပ”ကြည့်။ [၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ အသင်္ချေယျ (န) [န + သင်္ချေယျ]
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ တိပိဋကအဘိဓာန် အတွဲ-၃
- ↑ (၁) (က) “ပုဏ္ဍရီက ပဒုမ ကထာန မဟာကထာန အသင်္ချေယျာနံ။ အပ၊ဋ္ဌ၊၁၊၁၁၅။
- ↑ (ခ) သတသဟဿကပ္ပါဓိကာနိ စတ္တာရိ အသင်္ချေယျာနိ ပါရမိယော ပူရေတွာ။ ဝိ၊ဋ္ဌ၊၂၊၇၆။ (ဒီ၊ဋ္ဌ၊၁၊၅၇။ ဒီ၊ဋ္ဌ၊၂၊၄၊ ၁၃၊ ၁၀၁၊ ၁၄၁။ မ၊ဋ္ဌ၊၁၊၅၈။ မ၊ဋ္ဌ၊၃၊၁၆။ သံ၊ဋ္ဌ၊၂၊၉၀။ အံ၊ဋ္ဌ၊၁၊၂၈၉။ အဘိ၊ဋ္ဌ၊၁၊၁၂။ မဟာနိ၊ဋ္ဌ၊၄၁၃။ ဇာ၊ဋ္ဌ၊၁၊၃၆။)
- ↑ (ဂ) စတ္တာရိမာနိ ဘိက္ခဝေ ကပ္ပဿ အသင်္ချေယျာနိ။ အံ၊၁၊၄၆၀။ (တိ)
- ↑ (၂) သံဝစ္ဆရေ အသင်္ချေယျေ။ ဇာ၊၂၊၆၀။ ။ အသင်္ချေယျေတိ ဂဏေတုံ အသက္ကုဏေယျေ။ ဇာ၊ဋ္ဌ၊၅၊၂၉၀။ (မ၊၃၊၂၉၈၊ ၂၉၉။ အံ၊၁၊၃၆၆။ ထေရ၊၂၅၉။ အပ၊၂၊၁၄၇။ ဝိ၊ဋ္ဌ၊၁၊၅၈၊ ဒီ၊ဋ္ဌ၊၂၊၇၊ ၈။ မ၊ဋ္ဌ၊၁၊၃၈။ မ၊ဋ္ဌ၊၃၊၃၆။ ထေရ၊ဋ္ဌ၊၁၊၄၁၆။ အပ၊ဋ္ဌ၊၂၊၂၅၃။)
- ↑ (ကစ္စည်း။ ၃၉၅။ ဓာန်၊၄၇၄-၆။)
- ↑ ဗုဒ္ဓဝံ၊၃၈၂
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- ဝစ်ရှင်နရီရှိ အသင်္ချေ အကြောင်း အဓိပ္ပာယ်ဖွင့်ဆိုချက်