သခွားချဉ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သခွားသီးချဉ်သည် သခွားသီးကို အချဉ်ဖောက်ထားခြင်း ဖြစ်ပြီး၊ ထမင်းနှင့် တွဲစားနိုင်သော မြန်မာ့ ရိုးရာနှုတ်မြိန်အချဉ် ဖြစ်သည်။ အတိုအားဖြင့် သခွားချဉ်ဟုလည်း ခေါ်ဝေါ်သည်။ ရှေးမြန်မာ့ရိုးရာ သခွားသီးချဉ် တည်နည်းကို ရှေးမြန်မာဘုရင်အဆက်ဆက်တို့ အသုံးတော်ခံ စားတော်ဆက် စဖိုသည်တို့ ပြုစီမံခဲ့သည့် အရသာဖော်နည်း နိဿယည်း ခေါ် စားတော်ချက်ကျမ်းတွင် တွေ့ရသည်။ ယခုအခါ သခွားချဉ်ကို အချို့စားသောက်ဆိုင်များဝယ် အရံ တည်ခင်းဧည့်ခံကြလေ့ ရှိသည်။ ကတ်ကြေးကိုက်နှင့် သခွားချဉ်၊ ပဲပင်ပေါက်ချဉ်ကို တွဲဖက် တည်ခင်းပေးသည်လည်း ရှိသည်။

အချဉ်တည်နည်း[ပြင်ဆင်ရန်]

စိမ်းမြနေသော သခွားသီး နုနုထွတ်ထွတ် လက်ဆုပ် လက်ကျဉ်းကို ၄စိတ် ရေနွေး ကျိုက်ကျိုက်ဆူတွင် နွမ်းသွားရုံသာနှစ်၊ မကျက်လှစေနှင့်၊ အေးသည့်အခါ လေးစိတ်ခွဲသို့ ဝင်အောင် ဆားငန်ငန်သွတ်၊ အပြင်ကလည်း ဆားငန်အောင်နယ်၊ အိုးသန့်သန့်တွင် ဖက်လုံလုံပိတ်၊ ကုပ်ကြပ်ကြပ်နှိပ်၊ အပေါ်ကို ဆားရည်တင်၊ ၅,၆ ရက်ခန့် ကြာလျှင် ချဉ်၏၊ လက်, မထိလျှင် တလ, နှစ်လ ခံပေသည်၊ စားမည် ရှိသောအခါ၊ ဆား, ငါးပိ, ငရုတ်, ကြက်သွန်၊ ဆီကျက်စသည်နှင့် သုပ်လေ၊ အနံ့အရသာ ကောင်းမွန်၏၊ သခွားကြီး အကယ်၍ ကြီးမားလျှင် အစေ့ရင့်မာလျှင် အစေ့ ချောင်လျှင် မကောင်းဟု မှတ်၊ နုနုနယ်နယ် ငယ်ငယ်နှင့် အစေ့ကြပ်ကြပ် သိပ်သိပ် ရှိသော သခွားသီးမှ ကောင်းသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. (ပေမှ ကူးယူပုံနှိပ်ခြင်း) (၁၉၆၅ ခုနှစ်)။ စားတော်ချက်ကျမ်း။ ဟံသာဝတီပုံနှိပ်တိုက်။ p. ၁၇။ Unknown parameter |month= ignored (အကူအညီ); |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)