မာတိကာသို့ ခုန်သွားရန်

မြီးရှေ

ဝီကီပီးဒီးယား မှ
မြီးရှေ
မြီးရှေ
အဓိကသုံးဆောင်မှုနံနက်စာ၊ နေ့လယ်စာ
မူရင်းနိုင်ငံမြန်မာနိုင်ငံ
ဒေသရှမ်းပြည်နယ်
အဓိက ပါဝင်ပစ္စည်းဆန်ခေါက်ဆွဲအလတ်လုံးရှည်၊ အသား (ကြက်၊ ဝက်)၊ ပဲပင်ပေါက်၊ ဆန်ကော်ရည်၊ ဆီချက်အနီ ကြက်သွန်ဖြူ‌ထောင်း၊ ပဲငပိ၊ ဂျုံစအုကြော်၊ ငရုတ်သီးမှုန့်။
Cookbook: မြီးရှေ  Media: မြီးရှေ

မြီးရှေ(Mixian)သည် ဆန်ခေါက်ဆွဲနှင့် အသားတို့ဖြင့် ပြုလုပ်သော မြန်မာအစားအသောက်တစ်မျိုး ဖြစ်သည်။ မြီးရှေအမည်သည် တရုတ်စကားလုံး 米線Mixian မီရှန့် (rice string) မှဆင်းသက်လာသည်ဟု ဆိုကြသည်။

ရှမ်း/မိုးကုတ်မြီးရှေ

[ပြင်ဆင်ရန်]

မြီးရှည် မူလအစမှာ မိုးကုတ်/ရှမ်း မြီးရှေဖြစ်ပြီး အသားကို ကြက်သွန်နီနှင့် ငံပြာရည်အနည်းငယ်ဖြင့် ချက်ပြုတ်ထားပြီး ဆန်ခေါက်ဆွဲနှင့် ရောစပ်ထားသည်။ အသားဆော့စ်နှင့်အတူ ပဲငံပြာရည်၊ ကြက်သွန်ဖြူဆီချက် ၊ ငရုပ်သီးဆီ၊ ကြက်သွန်နီကြော်၊ နွေကြက်သွန်နီနှင့် နံနံတို့ကို ရောထည့်ပြီး ချက်ပြုတ်ပြီး စားသောက်ရသည်။

မိုးကုတ် မြီးရှေ
မိုးကုတ် မြီးရှေ

မန္တလေးမြီးရှေ

[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတွင် နေရာဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုးဖြင့် မြီးရှေအရသာအမျိုးမျိုးရှိသလို မန္တလေးမြီးရှေသည်လည်း ထူးခြားသော အရသာရှိသည်။ မုန့်ဖတ်၊ ကော်ရည်၊ ငရုတ်ဆီ၊ ပဲငံပြာရည်၊ ဆီချက်၊ ငရုတ်သီးမုန့်၊ ပဲပင်ပေါက်၊ ကြက်သွန်ဖြူထောင်း၊ ဂျုံစအုကြော်၊ ပဲငပိ မုန်ညင်းချဉ်တို့မှာ မန္တလေးမြီးရှေတွင် ပင်တိုင်ဖြစ်သည်။

မြေအိုးမြီးရှေ

[ပြင်ဆင်ရန်]

မြေအိုးမြီးရှေသည် မြေအိုးထဲတွင် ထည့်ပြီးချက်ပြုတ်ထားပြီး ယူနန်ပြည်နယ်မှ ဟင်းလျာ ၁မျိုး နှင့် ပုံစံတူသည်။ ဟင်းလျာတွင် ဟင်းချိုပမာဏ ပိုများပြီး လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ပါဝင်သည်။

မန္တလေးမြီးရှေ
မန္တလေးမြီးရှေ

ကိုးကား

[ပြင်ဆင်ရန်]