မဟာကပ်
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ကမ္ဘာ[၁] (သံဝဋ္ဋကပ်, သံဝဋ္ဋဋ္ဌာယီကပ်, ဝိဝဋ္ဋကပ်, ဝိဝဋ္ဋဋ္ဌာယီကပ်ဟူသော အသင်္ချေယျကပ်လေးခုအပေါင်းကို မဟာကပ်ခေါ်သည်။ [၂] မက္ခလိဂေါသာလ အလို မဟာကပ်မည်ပုံကို [၃]-ကြည့်။)[၄][၅]
ကမ္ဘာ(၂) မျိုး
[ပြင်ဆင်ရန်]မဟာကပ်-ဟုခေါ်သော ကမ္ဘာသည်
- ၁/သုညကမ္ဘာ-မြတ်စွာဘုရားများပွင့်ထွန်းခြင်း မရှိသောကြောင့် မြတ်စွာဘုရားမှ ကင်းစိတ်သော သုညကပ် သုညကမ္ဘာ။
- ၂/အသုညကမ္ဘာ-မြတ်စွာဘုရားပွင့်ထွန်းခြင်းရှိသောကြောင့် မြတ်စွာဘုရားမှ ကင်းဆိတ်ခြင်းမရှိသော အသုညကပ် အသုညကမ္ဘာ ဟူ၍ကပ်, ကမ္ဘာ(၂) မျိုး ပြားသည်။
သုညကမ္ဘာ
[ပြင်ဆင်ရန်]သုညကမ္ဘာ၌ မြတ်စွာဘုရားများသာ မပွင့်သည်။ ပစ္စေကဗုဒ္ဓါနှင့် စကြာမင်းတို့ ဖြစ်ထွန်းပွင့်ပေါ်နိုင်ကြောင်းကို အပဒါန်ပါဠိတော် ပဌမဝဂ် ဥပါလိထေရသုတ် စသည်ကို ထောက်ဆ၍ သိရာ၏..။
မှန်၏... ဥပါလိထေရသုတ်နှင့် အဋ္ဌကထာတို့၌ “ဤကမ္ဘာမှ ပြန်၍ ရေတွက်လျှင် နှစ်ခုမြောက်သောကမ္ဘာ၌ အဉ္ဇသမင်း၏သားတော် ခတ္တိယမည်သော မင်းသားသည် ဥယျာဉ်မှအထွက်တွင် ဒေဝီလပစ္စေကဗုဒ္ဓါအား ပြစ်မှားကြောင်း” လာရှိသည်၊ ထိုကမ္ဘာ၌ မြတ်စွာဘုရားပွင့်သည်ဟု ကျမ်းဂန်အဆို မရှိ၊ အပဒါန် အဋ္ဌကထာ ဘဒ္ဒဇိထေရသုတ်အဖွင့်၌လည်း “မြတ်စွာဘုရားမှ ကင်းဆိတ်သော သုညကမ္ဘာကြီး၌ ပစ္စေကဗုဒ္ဓါ ငါးရာတို့ကို လုပ်ကျွေးခဲ့ဘူးသည်”ဟူ၍ သုညကမ္ဘာတွင် ပစ္စေကဗုဒ္ဓါများပွင့်ကြောင်း လာရှိသည်။ အပဒါန်ပါဠိတော် ကုသုမာသနိယထေရသုတ်၌ “အခြားမဲ့ကမ္ဘာဝယ် ကုသုမာသနိယမထေရ်၏ အလောင်းသည် ဝရဒဿီစကြာမင်း ဖြစ်ခဲ့ဘူးသည်” ဟူ၍၎င်း၊ ထိုပါဠိတော် တိဏသန္ထရထေရသုတ်၌ “တိဏသန္ထရမထေရ်၏ အလောင်းသည် ဤကမ္ဘာမှ ပြန်၍ရေသော် နှစ်ခုမြောက်ကမ္ဘာ၌ မိဂသမ္မတစကြာမင်း ဖြစ်ခဲ့ဘူးသည်” ဟူ၍၎င်း- ဤသို့ စသည်ဖြင့် သုညကမ္ဘာတွင် စကြာမင်းများ ဖြစ်နိုင်ကြောင်း လာရှိသည်။[၆]
အသုညကပ်ကမ္ဘာ
[ပြင်ဆင်ရန်]ထိုဘုရားများပွင့်ဖြစ်ပေါ်လာခြင်းကြောင့် ဘုရားများဆိတ်သုဉ်းကင်းခြင်းမရှိသော အသုညကပ် အသုညကပ်ကမ္ဘာသည်လည်း-
- ၁/ ဘုရားတစ်ဆူသာပွင့်တော်မူသော-သာရကမ္ဘာ၊
- ၂/ ဘုရားနှစ်ဆူ ပွင့်တော်မူကြသော-မဏ္ဍကမ္ဘာ၊
- ၃/ ဘုရားသုံးဆူ ပွင့်တော်မူကြသော-ဝရကမ္ဘာ၊
- ၄/ ဘုရားလေးဆူ ပွင့်တော်မူကြသော-သာရမဏ္ဍကမ္ဘာ၊
- ၅/ ဘုရားငါးဆူ ပွင့်တော်မူကြသော-ဘဒ္ဒကမ္ဘာ၊ ဟူ၍ငါးမျိုးပြားသည်။
ဆောင်ပုဒ်
[ပြင်ဆင်ရန်]- ၁။ ဘုရားတစ်ဆူ၊ ပွင့်တော်မူ၊ မှတ်ယူ သာရကမ္ဘာ၊
- ၂။ နှစ်ဆူပွင့်မူ၊ မဏ္ဍယူ၊ သုံးဆူ-ဝရသာ၊
- ၃။ လေးဆူ ဗုဒ္ဓ၊ ပွင့်မူက၊ သာရ မဏ္ဍပါ
- ၄။ ငါးဆူ ပွင့်သော်၊ ဘဒ္ဒခေါ်၊ မှတ်နော် ယ္ခုခါ, ဤကမ္ဘာ၊
- ၅။ တစ်ဆူမျှပင်၊ မပွင့်လျှင်၊ ခေါ်တွင် သုညကမ္ဘာ။ [၇]
ကျမ်းကိုး
[ပြင်ဆင်ရန်]- ↑ မဟာကပ္ပ(၃) [မဟန္တ+ကပ္ပ] မဟာကပ်၊
- ↑ ပဋိသံ၊ဋ္ဌ၊၁၊၃၃၁။
- ↑ ဒီ၊ဋ္ဌ၊၁၊၁၄၈။ သံ၊ဋ္ဌ၊၂၊ ၃၁၅-၆
- ↑ တတ္ထ ကပ္ပါနာမ မဟာကပေါ, ကပ္ပကဒေသော, အာယုကပ္ပေါ တိ တိဝိဓာ။ အဘိ၊ဋ္ဌ၊၃၊၂၂၇။ (-ဣတိဝုတ်၊ဋ္ဌ၊၈၀။ စရိယာ၊ဋ္ဌ၊၁၁။ သီ၊ဋီ၊သစ်၊၁။၂၉၁။ အံ၊ဋီ၊၃။၁၆၉။)
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၇
- ↑ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်
- ↑ အရှင်ကောဝိဒဓဇ(ပါဠိပါရဂူ၊ ဝိနယပါရဂူ၊ သာ.သီ.ဓ၊ ဂဏဝါစက၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) (ပကြိမ်၊ ၂၀၁၂)။ မြတ်ဘုရားရှင် နှစ်ကျိပ်ရှစ်ဆူဝင်။ စိန်ပန်းပြာစာပေ။
|date=
ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)