မက္ခလိဂေါသာလ

ဝီကီပီးဒီးယား မှ

မက္ခလိဂေါသာလ ဆရာကြီး (မက္ခလိသည် ရှင်တော်ဂေါတမနှင့် ခေတ်ပြိုင်ဆန့်ကျင်ဘက် ဖြစ်သည့် ပူရဏကဿပစသောတိတ္ထိဆရာကြီး ၆-ဦးတို့တွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူသည် ရွှံ့ညွှန်ရှိရာ မြေပေါ်၌ ဆီအိုးကို ယူသွားခိုက် သခင်က “ချစ်သား မချော်လဲစေနှင့် ဟု ကြိုတင်သတိပေးပါလျက် ချော်လဲခဲ့ရာ သခင်ကို ကြောက်ရွံ့၍ ထွက်ပြေးမည့်ဟန် ပြင်စဉ် သခင်က အနီးသို့ပြေးသွားပြီး ပုဆိုးစွန်းကို ဆွဲကိုင်လိုက်လေသည်။ သူသည်ပုဆိုး ချွတ်ထားခဲ့၍ ကိုယ်တုံးလုံးနှင့်ထွက်ပြေးသွား ပြီးနောက် အဝတ် မဝတ်ဘဲ နေလေသည်။ ယင်းသို့နေသဖြင့် လူအများက အလိုနည်းသူ ရဟန္တာဟုထင်မှတ်ကာ ကြည်ညိုကိုးကွယ် ဆည်းကပ်ကြကုန်၏၊ ထိုအခါမှ စ၍ နောက်လိုက် တပည့်သာဝကများ တဖြည်းဖြည်း တိုးပွားလာရာ ၅-ရာအထိ ရှိလာသည့်အတွက် အစေလကတိတ္ထိယဆရာကြီးအဖြစ်သို့ ရောက်ရှိသွားလေသည်။

“မာခလိ-မချော်လဲစေနှင့်” ဟူသော စကားကို အစွဲ ပြု၍ “မက္ခလိ” ဟူသော အမည်ကို ပဌမ ရရှိသည်။ ဂေါသာလရွာသား ဖြစ်သောကြောင့် တစ်နည်း နွားခြံ၌ မွေးဖွားသောကြောင့် “ဂေါသာလ”ဟူသော ဒုတိယအမည်ကို ထပ်ဆင့်ရရှိသည်။ [၁] ယင်းပုဂ္ဂိုလ်သည် သာဝတ္ထိအနီး သာရဝါန၌မွေးဖွားသည်။ သူ့ဖခင်၏ အမည်မှာ မင်္ခလိဖြစ်၍ မိခင်မှာဘဒ္ဒါဖြစ်သည်။ သူ့ဖခင်မှာ မင်္ခ = အရုပ်ကားရောင်းချသူ, နွားများစွာမွေးသူ, နွားများစွာ ပိုင်ဆိုင်သူဖြစ်၍ သားဖြစ်သူကို ဂေါသာလမင်္ခလိပုတ္တဟုခေါ် သည်ဟူသော ဥဗာသကဒသာအိုခေါ် ဂျိန်း CS ကျမ်းစာ၏ အဆိုကိုလည်းကောင်း၊ မစကရိ (န်)သာ ၎င်း၏အမည်ရင်းဖြစ်ဟန်တူသည်။ မစကရိ(န်) = ဝါးတောင်ဝှေးကိုင်သူဟု ပါဏိနီဆရာ အနက်ဆိုသည်ဟူသော ဒေါက်တာ ဘရူးဝါး၏အဆိုကိုလည်းကောင်းD-P-P-N၌ ဖော်ပြထားသည်။) [၂]

မက္ခလိအယူ ဝါဒ[ပြင်ဆင်ရန်]

(“ကုသိုလ် အကုသိုလ်ကံနှင့် ယင်း၏ အကျိုးမရှိ။ ကုသိုလ်, အကုသိုလ်ကံကို ပြုဖွယ်မလို၊ အားထုတ်စရာမလို” ဟူသော အယူဝါဒကို မက္ခလိအယူဝါဒဟုဆိုသည်။ [၃]

မက္ခလိသုတ် ခေါ် ကေသကမ္ဗလသုတ်[ပြင်ဆင်ရန်]

[၄] (ဤသုတ်၌-အဝတ်အထည်များတွင် လူဆံချည်ဖြင့်ရက် လုပ်ထားသော အဝတ်အထည်များကို စက်ဆုပ်ဖွယ်ဖြစ်၍ အယုတ်ညံ့ဆုံးဟု ဆိုရသကဲ့သို့ အယူဝါဒများတွင် ကံကံ၏အကျိုးမရှိစသည်ဖြင့် ခံယူထားသော မက္ခလိအယူဝါဒကို လူ အများဆင်းရဲကြောင်းဖြစ်၍ အယုတ်ညံ့ဆုံး အယူဝါဒဟု ဆိုရသည်ဟူ၍ လည်းကောင်း ယင်းဝါဒပိုင်ရှင် မက္ခလိကိုလည်း ငါးထောင် မြုံးနှင့် တူသောကြောင့် လူထောင်မြုံး ဟူ၍ လည်းကောင်း ဟောတော်မူသည်။ [၅] [၆]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒီ၊ဋ္ဌ၊၁၊၁၃၁။ သာရတ္ထ၊၃၊၃၈၃။
  2. အယံ ဒေဝ မက္ခလိဂေါသာလော... ဝယောအနုပ္ပတ္တော။ ဒီ၊၁၊၄၄။ ဧတ္ထ ပန မက္ခလီတိတဿ နာမံ၊ ဂေါသာလာယ ဇာတတ္တာ ဂေါသာလောတိ ဒုတိယံ နာမံ...အစေလကော ဟုတွာ ပလာယိ။ ဒီ၊ဋ္ဌ၊၁၊၁၃၁။ (သာရတ္ထ၊၃၊၃၈၃။) ဂေါသာလာယာတိ ဧဝံနာမကေ ဂါမေတိ ဝုတ္တံ၊ ဝဿာနကာလေ ဂုန္နံ ပတိဋ္ဌိသာလာယာတိ ပန အတ္ထေ တဗ္ဗသေန တဿ နာမံ သာတိသယမုပပန္နံ ဟောတိ, ဗဟုလမနည သာဓာရဏတ္တာ၊ တထာပိ သော ပေါရာဏေဟိ အနနုဿုတောတိ ဧကစ္စဝါဒေါ နာမ သီ၊ဋီ၊သစ်၊၂၊၁၇။ (ဒီ၊ဋီ၊၁၊၂၁၄။)
  3. အံ၊၁၊၂၉၀။ ဒီ၊ဋ္ဌ၊၁၊၁၅၀။ အကျယ်ကို-ဒီ၊၁၊၅၀-၁။ ဒီ၊ဋ္ဌ၊၁၊၁၄၆-၁၄၉။ ဒီ၊ဋီ၊၁၊၂၂၂-၂၂၅တို့၌ ကြည့်။) မက္ခလိဝါဒေါ တေသံ ပဋိကိဋ္ဌော အက္ခာယတိ။ အံ၊၁၊၂၉၀။
  4. အင်္ဂုတ္တရပါဠိ၊ ၃-နိပါတ်၊ ၄-ဝဂ်၊ ၅-သုတ်။
  5. အံ၊၁၊၃၅၊ ၂၉၀။) “ယထာဟာ” တိအာဒိနာ အင်္ဂုတ္တရာဂမေ တိကနိပါတေ မက္ခလိသုတ္တ-မာဟရိ။ သီ၊ဋီ၊သစ်၊၂၊၁၇။
  6. တိပိဋကအဘိဓာန် အတွဲ-၁၆