မနသိကာရ

ဝီကီပီးဒီးယား မှ

[၁] စိတ်၌ထားခြင်း၊ နှလုံးသွင်းခြင်း၊ မနသိကာရ။ [၂] နိရုတ္တိ၊နှာ၊ ၄၀-၌ ဤ.လာ၍ မနသီကာရ-လည်းရှိ၏။ [၃]

မနသိကာရ (၃) မျိုး[ပြင်ဆင်ရန်]

  1. မနသိကာရသည် အာရမ္မဏပဋိပါဒက မနသိကာရ၊
  2. ဝီထီပဋိပါဒက မနသိကာရ၊
  3. ဇဝနပဋိပါဒက မနသိကာရဟု သုံးမျိုးရှိ၏၊
  1. ထိုတွင် အာရုံကို ဖြစ်စေတတ် ထင်စေတတ် စီရင်တတ်သော မနသိကာရသည် အာရမ္မဏပဋိပါဒက မနသိကာရမည်၏၊ တရားကိုယ်မှာ မနသိကာရ စေတသိက်ဖြစ်သည်။ သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်၏၊
  2. ဝီထိစိတ်ကို ဖြစ်စေတတ် စီရင်တတ်သော မနသိကာရသည် ဝီထိပဋိပါဒက မနသိကာရမည်၏၊ တရားကိုယ်မှာ ပဉ္စဒွါရာဝဇ္ဇန်း ဖြစ်သည်။ ဝိညာဏက္ခန္ဓာ၌ အကျုံးဝင်၏၊
  3. ဇောစိတ်ကို ဖြစ်စေတက် စီရင်တတ်သော မနသိကာရသည် ဇဝနပဋိပါဒက မနသိကာရ မည်၏၊ တရားကိုယ်မှာ မနောဒွါရာဝဇ္ဇန်း ဖြစ်သည်။ ဝိညာဏက္ခန္ဓာ၌ပင် အကျုံးဝင်၏[၄]

ယောနိသောမနသိကာရ, အယောနိသောမနသိကာရ[ပြင်ဆင်ရန်]

ထိုတွင် ဝီထိပဋိပါဒကမနသိကာရ, ဇဝနပဋိပါဒကမနသိကာရ ဟူသော ဤ မနသိကာရ နှစ်မျိုးကိုပင် ယောနိသောမနသိကာရ, အယောနိသောမနသိကာရဟု ကျမ်းဂန်များ၌ အသုံးများ၏၊ မုချအားဖြင့် ဇောနာမ်တရားစု တို့သည်သာလျှင် ယောနိသောမနသိကာရ, အယောနိသောမနသိကာရ ဟူသော အမည်ကို ရရှိကြ၏၊ အာဝဇ္ဇန်းတို့မှာ ဇောအလားရှိသောကြောင့်သာလျှင် ယောနိသောမနသိကာရ, အယောနိသောမနသိကာရဟူသော အမည်ကို ရရှိကြ ပေသည်။ ယင်းအာဝဇ္ဇန်းနှစ်မျိုးတို့၏ မနသိကာရအမည် ရရှိပုံနှင့် ပတ်သက်၍ အဋ္ဌကထာများ[၅]က ဤသို့ ဖွင့်ဆိုထား၏ ..။

ရှေးဘဝင်စိတ်အစဉ်မှ မတူသော ဝီထိစိတ် ဇောစိတ်အစဉ်ကို ပြုတတ်သောကြောင့် မနသိကာရမည်သည် ဟူလို။[၆]

လက္ခဏာ, ရသစသည်[ပြင်ဆင်ရန်]

မနသိကာရ စေတသိက်သည် ယှဉ်ဖက် သမ္ပယုတ် တရားတို့ကို အာရုံသို့ ရှေးရှုနှင်သကဲ့သို့ ပြေးစေသကဲ့သို့ ဖြစ်ခြင်းလက္ခဏာရှိ၏။

သမ္ပယုတ်တရားတို့ကို အာရုံနှင့်ယှဉ်စေခြင်းကိစ္စရှိ၏။

စိတ်၏အာရုံ၌ ရှေးရှုဖြစ်၍ဖြစ်ကြောင်းတရားဟု ဉာဏ်အား ရှေးရှုထင်တတ်၏။

အာရုံလျှင် နီးသော အကြောင်းရှိ၏။ [၃]

တဂ္ဂတိကနည်း[ပြင်ဆင်ရန်]

အာဝဇ္ဇန်းသည် ယောနိသောမနသိကာရ တိုက်ရိုက်အမည်ရနေသည့် မဟာကုသိုလ် မဟာကြိယာ ဉာဏသမ္ပယုတ်ဇောစိတ္တုပ္ပါဒ်ယူသည့် အာရုံကိုပင် ယင်းဇောက နှလုံးသွင်းသည့်အတိုင်း နှလုံးသွင်းတတ်သောသဘော ရှိသောကြောင့် ဇောအလား ရှိရကား ယောနိသောမနသိကာရပင် အမည်ရရှိပေသည်။ ဇောက အနိစ္စဖြစ်သော ဒုက္ခသစ္စာတရား သမုဒယသစ္စာတရား၌ အနိစ္စဟု နှလုံးသွင်းလျှင် အာဝဇ္ဇန်းကလည်း ဇောအလားတူပင် အနိစ္စဟု နှလုံးသွင်းပေသည်။ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။ တဂ္ဂတိကနည်းတည်း။[၇]

ဤ အထက်ပါ လက္ခဏ-ရသ စသည်တို့ကား ယင်းမနသိကာရ နှစ်မျိုး၏ လက္ခဏ-ရသ စသည်တို့ကား မဟုတ်ကုန်။ အာရမ္မဏပဋိပါဒကမနသိကာရ အမည်ရသော မနသိကာရစေတသိက်၏ လက္ခဏ-ရသ စသည်တို့သာ ဖြစ်ကြ၏၊[၆]

ပြည်ဆရာတော်ဘုရားကြီး၏ မှတ်ချက်[ပြင်ဆင်ရန်]

မနသိကာရစေတသိက်ဖြင့် နှလုံးသွင်းပါမှ အာရုံ ထင်မြင်သည်၊ ပဉ္စဒွါရာဝဇ္ဇန်းဖြင့် ရှေ့စိတ်က နောက်စိတ် အထူးကို ပြုမှ (= ပဉ္စဒွါရာဝဇ္ဇန်းက ရှေးဘဝင်စိတ်မှ ထူးသော ဝီထိစိတ်အစဉ်ကို ပြုလုပ်ပေးပါမှ) ပဉ္စဒွါရဝီထိ ဖြစ်သည်။ ထိုအတူ မနောဒွါရာဝဇ္ဇန်းဖြင့် ရှေးစိတ်က နောက်စိတ်အထူးကို ပြုမှ (= မနောဒွါရာဝဇ္ဇန်းက ရှေးဘဝင် စိတ်အစဉ်မှ ထူးသော ဇောစိတ် အစဉ်ကို ပြုလုပ်ပေးပါမှ) မနောဒွါရဝီထိဇော ဖြစ်သည် ဟူလိုသည်။

ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံ၌ တင်တတ်သည်။

စေတနာသည် စေ့ဆော်တတ်သည်။

မနသိကာရသည် အာရုံကို ဆောင်တတ်သည်။ ယင်းသို့ ဖြစ်သော် ဤတရားသုံးပါးသည် မထူးပြားသကဲ့သို့ ရှိ၏၊ အဘယ်သို့ ထူးပြားသနည်း ဟူမူကား –

ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံ၌ တင်ဘိသကဲ့သို့ ဖြစ်တတ်၏၊ စေတနာသည် အာရုံ၌ ဝိတက် တင်အပ်သော တရားတို့ကို မိမိနှင့်တကွ ယှဉ်စေတတ်၏၊ စစ်မြေပြင်၌ ဗိုလ်ပါကို ယှဉ်စေတတ်သော ဗိုလ်မှူးကဲ့သို့ တည်း။ မနသိကာရသည် ဝိတက်တင်အပ်သော အာရုံ၌ သမ္ပယုတ်တရားတို့ကို ရှေးရှူ ယှဉ်စေတတ်၏၊ အာဇာနည် မြင်းတို့ကို ရထား၌ ယှဉ်စေတတ်သော ရထားထိန်းကဲ့သို့တည်း။ ဤသို့ ဝိတက်, စေတနာ, မနသိကာရ တရား သုံးပါး ထူးပြားသည်။[၈][၆]

ဝိတက်နှင့် မနသိကာရ[ပြင်ဆင်ရန်]

ဝိတက်သည် သမ္ပယုတ်တရားတို့ကို အာရုံသို့ ရှေးရှုတင်ပေး၏၊

မနသိကာရသည် ဝိတက်တင်ပေးသော အာရုံ၌ သမ္ပယုတ် တရားတို့ကို ယှဉ်တတ်၏။

ရထားထိန်းသည် အာဇာနည်မြင်းတို့ကို လိုရာအရပ်သို့ ရောက်အောင် မောင်းနှင်သကဲ့သို့ မနသိကာရသည် သမ္ပယုတ်တရားတို့ကို အာရုံသို့ ရောက်အောင် မောင်းနှင် တတ်ရကား ရထားထိန်း နှင့် တူသည် [၉][၃]

မနသိကာရသည်[ပြင်ဆင်ရန်]

သမ္မာမနသိကာရဟု သမ္မာပုဒ်ဖြင့် အထူးပြုရာ၌ မနသိကာရအရ ဉာဏ်ကို အရကောက်ရသည် [၁၀]

ယောနိသောမနသိကာရဟု လာရာ၌ ကုသိုလ်၏ ပကတူပနိဿယ ပစ္စည်းဖြစ်သော အာဝဇ္ဇန်းဒွေ, အယောနိသောမနသိကာရဟု လာရာ၌ အကုသိုလ်၏ ပကတူပနိဿယပစ္စည်း ဖြစ်သော အာဝဇ္ဇန်းဒွေကို အရကောက်ရသည် [၁၁]

ယောနိသောမနသိကာရ ဖြစ်ခြင်းကြောင့် ဗောဇ္ဈင်တရားများ ဖြစ်ပေါ်လာသည် [၁၂]

ယောနိသောမန သိကာရသည် ပညာမဟုတ်၊ ဆိတ် ကျွဲနွား စသော တိရစ္ဆာန်များ၌ မနသိကာရရှိသော်လည်း ပညာမရှိချေ။ မနသိကာရသည် ရုံးစုခြင်း(—ဦဟန)လက္ခဏာရှိ၏၊ ပညာသည် ဖြတ်ခြင်း (= ဆေဒန) လက္ခဏာရှိ၏ [၁၃]

အယောနိသောမနသိကာရကို နှိပ်ကွပ် အပ်၏၊ ယောနိသောမနသိကာရကို ချီပင့်အပ်၏ [၁၄]

မနသိကာရစေတသိက်ကို ဓမ္မသင်္ဂဏီပါဠိတော်၌ သီးခြားထုတ်၍ မဟော၊ ယေဝါပနက တရားတို့၌သာ ထည့်သွင်း ဟောတော်မူသည် [၁၅][၃]

ကိုးကား[ပြင်ဆင်ရန်]

  1. [မန+ကာရ။ ကရဏံ ကာရော၊ မနသ္မိံ ကာရော မနသိကာရော။ ဝိဘာဝိနီ၊၁၀၆။ မနသိကာရောတိ စေတ္ထ အလုတ္တသမာသော ပုဗ္ဗေနိဝါသောတိအာဒီသု ဝိယ။ မဏိမဉ္ဇူ၊၁၊၃၁၉။ ရူ၊နှာ၊၁၉၉။ ရူ၊ဋီ၊၁၅၁။ နိရုတ္တိ၊ နှာ။ ၄၄။]
  2. အဓိမောက္ခော အတ္ထိ၊ မနသိကာရော အတ္ထိ။ အဘိ၊ဋ္ဌ၊၁၊၁၇၆။ အဘိ၊ဝိ၊၃၃၃။ ဝိ၊ဋ္ဌ၊၂၊၁၇။ မ၊ဋ္ဌ၊၁၊၆၆။ အံ၊ဋ္ဌ၊၁၊၂၅။ ဝိသုဒ္ဓိ၊၂၊၁၀။ ဇာ၊ဋ္ဌ၊၁၊၉၄။ ကိရိယာကာရော၊ မနသ္မိံကာရော မနသိကာရေ၊ ပုရိမမနတော ဝိသဒိသံ မနံ ကရောတီတိပိ မနသိကာရော။ အဘိ၊ဋ္ဌ၊၁၊၁၇၇။ (အဘိ၊ဋ္ဌ၊၂၊၃၈၇။ သာရတ္ထ၊၂၊၁၉၄။ မ၊ဋီ၊၁၊၁၄၉။ အံ၊ဋီ၊၁၊၇၅။)
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ တိပိဋကအဘိဓာန် အတွဲ-၁၆
  4. (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)
  5. ပုရိမမနတော ဝိသဒိသမနံ ကရောတီတိပိ မနသိကာရော။ (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆။)
  6. ၆.၀ ၆.၁ ၆.၂ ဖားအောက်တောရဆရာတော်နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း
  7. တတ္ထ ယောနိသောမနသိကာရဗဟုလီကာရောတိ ကုသလာဒီသု တံတံသဘာဝရသလက္ခဏာဒိကဿ ယာထာဝတော အဝဗုဇ္ဈနဝသေန ဥပ္ပန္နော ဉာဏသမ္ပယုတ္တစိတ္တုပ္ပါဒေါ။ သော ဟိ အဝိပရီတမနသိကာရတာယ ယောနိသော မနသိကာရောတိ ဝုတ္တော၊ တဒါဘောဂတာယ အာဝဇ္ဇနာပိ တဂ္ဂတိကာဝ၊ တဿ အဘိဏှပဝတ္တနံ ဗဟုလီကာရော။ (မ၊ဋီ၊၁၊၃၈၁။)
  8. (ပြည်-ဝိသုဒ္ဓိမဂ်နိဿယ၊၃၊၂၈၅။)
  9. (အဘိ၊ဋ္ဌ၊၁၊၁၇၇။ ဝိသုဒ္ဓိ၊၂၊၉၆ ဝိသုဒ္ဓိ၊ဋီ၊၂၊၁၄၇။ ဝိဘာဝိနီ၊၁၀၆)
  10. (ဒီ၊၁၊၁၂-၃။ ဒီ၊ဋ္ဌ၊၁၊၉၇။ သီ၊ဋီ၊သစ်၊၁၊၃၉၄)
  11. (ဒီ၊၂၊၂၆။အံ့၊၁၊၂၊၃၊၁၂။ အဘိ၊ဝိ၊၃၈၇-၈။ ဒီ၊ဋ္ဌ၊၂၊၅၀-၁။အံ၊ဋ္ဌ၊၁၊၂၅၊ ၃၆။ အဘိ၊ဋ္ဌ၊၂၊၄၈၂။ ဒီ၊ဋီ၊၂၊၄၈။ အံ၊ဋီ၊၁၊၇၅။ ဝိဘာဝိနီ၊၁၂၄။ မဏိမဉ္ဇူ၊၁၊၃၈၂)
  12. (သံ၊၃၊၁၆၁။ သံ၊ဋ္ဌ၊၃၊၂၆၂)
  13. (မိလိန္ဒ၊၃၁)
  14. (မိလိန္ဒ၊၁၈၄)
  15. (အဘိ၊ဋ္ဌ၊၁၊၁၇၆)၊