ဆန်ချို

ဝီကီပီးဒီးယား မှ

ဆန်ချို သို့မဟုတ် ဆန်ချိုအေး သည် ရှမ်းပြည်နယ်မြောက်ပိုင်း ရိုးရာ အဖျော်ယမကာ တမျိုးဖြစ်သည်။ ကောက်ညှင်းဆန်ကို ရေ၊ တစေးတို့ဖြင့် ပြုလုပ်သော အဖျော်ယမကာ ဖြစ်သည်။[၁] [၂]

ချက်ထားသော ကောက်ညှင်းကို တစေးနှင့် ‌ရောနယ်ကာ ရေ ရောပြီး တစ်ရက်မှ သုံးရက်ခန့်ထိ အလုံပိတ်ထားခြင်းဖြင့် ဆန်ချိုကို ရရှိသည်။ ဖောက်ထားသည့် ဆန်ချိုကို သကြား၊ သံပရာရည်၊ ဂျင်း၊ သဖန်းသီးခြောက်၊ စပျစ်သီးခြောက်တို့ဖြင့် သောက်သုံးကြသည်။

အကျိုးကျေးဇူး[ပြင်ဆင်ရန်]

ဆန်ချို သောက်သုံးခြင်းဖြင့် အောက်ပါ အကျိုးများ ရစေနိုင်ပါသည်။[ကိုးကားချက်လိုသည်]

  1. ရေဓာတ်ဆုံးရှူံးမှုကို လျော့ကျစေခြင်း
  2. အာရုံကြောများလန်းဆန်းတက်ကြွခြင်း
  3. ကုန်ခန်းသွားတဲ့ အားအင်တွေကိုပြန်လည် ဖြည့်ဆည်းပေးခြင်း
  4. သဘာဝရိုးရာ နည်းလမ်းအတိုင်း ပြုလုပ်ထားတာကြောင့် ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စစေခြင်းခြင်း
  5. မူးဝေစေသည့် ယမကာ မဟုတ်သည့်အတွက် အသက်အရွယ်မရွေး လူမျိုးဘာသာမရွေး သောက်သုံးနိုင်ခြင်း
  6. ကယ်လိုရီနည်းပါးသဖြင့် ကိုယ်အလေးချိန်ကျစေခြင်း [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. အရသာကောင်းတဲ့ ဆန်ချိုအေး၊ https://www.greenwaymyanmar.com/posts/shan_food
  2. ကျောက်မဲဆန်ချိုအေး https://sofiafoodparadise.blogspot.com/2015/05/blog-post_81.html
  3. The Local Food Blog