မာတိကာသို့ ခုန်သွားရန်

ကာမဒနတ်သား

ဝီကီပီးဒီးယား မှ

နတ်သားသည် ကဿပဘုရားရှင် လက်ထက်၌ ရဟန်းပြု၍ နှစ်အရေအတွက် ထောင်ပေါင်း များစွာ ကြာမြင့်အောင် ရဟန်းတရား (အရိယာလမ်းစဉ်)ကို အားထုတ်ခဲ့၏၊ သို့သော် ပါရမီ မရင့်ကျက်သေးသဖြင့် တရားထူး မရ။ (အရိယာမဖြစ်)ပဲ ကွယ်လွန်သောအခါ ကာမဒ-မည်သော နတ်သား ဖြစ်လာသည်။ “မြတ်စွာဘုရား ရဟန်းတရား (အရိယာလမ်းစဉ်)ကို ကျင့်ကြံအားထုတ်ဖို့ရန် ခဲယဉ်းလှပါသည်၊ အလွန်ပင် ခဲယဉ်းလှပါသည် ဘုရား” စသော စကားကို လျှောက်ထားရာ ဘုရားရှင်က ကာမဒ နတ်သားအား ကျင့်ဆဲ ပုဂ္ဂိုလ် (သေက္ခ ခုနစ်ယောက်)တို့သည် ကျင့်ကြံအားထုတ်ဖို့ရန် ခဲယဉ်းသော ရဟန်းတရား (အရိယာလမ်းစဉ်)ကို ကျင့်ကြံအားထုတ်ကြကုန်၏ စသည်ဖြင့် ဟောကြားတော်မူသည်။ [] []

ကာမဒသုတ်ကြည့်။

ကိုးကား

[ပြင်ဆင်ရန်]
  1. (သံ၊၁၊၄၅။ သံ၊ဋ္ဌ၊၁၊၉၈။ သံ၊ဋီ၊၁၊၁၄၅-၁၄၆။) အရိယာ ဂစ္ဆန္တိ ကာမ ဒါတိ။ သံ၊၁၊၄၅။ နေတ္တိ၊၁၂၇။
  2. တိပိဋကအဘိဓာန် အတွဲ-၅