ကာမဒသုတ်

ဝီကီပီးဒီးယား မှ

[၁] ကာမဒနတ်သား၏ လျှောက်ထားချက်အရ -

-သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့သည် ပြုနိုင်ခဲသောရဟန်းတရားကို ပြုကြ၏။

-နေ့၊ ညဉ့်ပတ်လုံး ဘာဝနာ၌ ပျော်မွေ့သူတို့သည် ရခဲသောရောင့်ရဲ တင်းတိမ် ကြေနပ်မှုကို ရကြကုန်၏။

-အရိယာပုဂ္ဂိုလ်တို့သည် ဆောက်တည်နိုင်ခဲသောစိတ်ကို ဆောက်တည် နိုင်ကုန်၏။

-အရိယာပုဂ္ဂိုလ်တို့၏ခရီးသည် ညီညွတ်၏၊ အရိယာပုဂ္ဂိုလ်တို့သည်သာလျှင် မညီမညွတ်သော သတ္တဝါအပေါင်းတွင် ညီညွတ်ကြကုန်၏ဟု ဘုရားရှင် အကျယ်ဟောတော်မူသည့်သုတ်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. -သံ၊၁၊၄၅။ သံ၊မြန်၊၁၊၄၄။ သံ၊ဋ္ဌ၊၁၊၉၈-၉၉။ သံ၊ဋီ၊၁၊၁၄၅-၆။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ ၂-ဒေဝပုတ္တသံယုတ္တ၊ ပဌမဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ