အာကာသကသိုဏ်း

ဝီကီပီးဒီးယား မှ
ဗုဒ္ဓဘာသာ သင်္ကေတ

အာကာသ − ကောင်းကင်ကသိုဏ်းနိမိတ် သည် အမိုးပေါက်၊ နံရံပေါက်၊ ပြတင်းပေါက်များကို ဆိုလိုသည်။ ကြည့်ရှုလိုသောအခါ ဝိုင်းဝိုင်းစက်စက် လှပစွာ ပဏာရအောင် အမိုးကိုဖြစ်စေ၊ နံရံကို ဖြစ်စေ မိမိအထွာဖြင့် (၂) ထွာလောက် ဝိုင်းဝိုင်းစက်စက် အပေါက်ဖာ၍ ထိုအပေါက်ကို "ကောင်းကင်ဟင်းလင်း ကောင်းကင်ဟင်းလင်း" ဟု စိတ်ထဲကမှတ်၍ မျက်စိနှင့် မြင်သောအတိုင်း ဟင်းလင်းကောင်းကင်ကွက်ကို စိတ်ထဲ၌ စွဲကပ်ထင်မြင်၍ ပါလာအောင် ကြည့်ရှု၍ ယူရာ၏။ (အဝိုင်းမှသာမဟုတ် လေးထောင့်ပြတင်းပေါက်ကိုလည်း ကြည့်ရှုယူရပါ၏။ နိမိတ်ရသည်သာ လိုရင်းဖြစ်သည်။)

ဤကောင်းကင်ကသိုဏ်း၌ ဥဂ္ဂဟနိမိတ်ကား အမိုးစွန်း၊ နံရံစွန်းနှင့်တကွ ထင်၏။ ပဋိဘာဂနိမိတ်မှာ အစွန်းပျောက်လျက် ကောင်းကင်ဟင်းလင်းကွက် သက်သက်ကြီးထင်၏။ ဈာန်ပေါ်ပုံမှာ ပထဝီမြေကသိုဏ်းနည်းအတိုင်း ပေါ်၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. လယ်တီဆရာတော်။ ကမ္မဋ္ဌာန်းကျမ်းကြီး။ မိခင်ဧရာဝတီစာအုပ်တိုက် location = ရန်ကုန်။ pp. ၇၅။ line feed character in |publisher= at position 23 (အကူအညီ); Missing pipe in: |publisher= (အကူအညီ)