ဟေလိုဂျင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Group 17
Period 2 9
F
3 Chlorine gas
17
Cl
4 Liquid bromine
35
Br
5 Iodine crystal
53
I
6 85
At
7 117
Uus


ဟေလိုဂျင်(Halogens) များသည် ဒြပ်စင်အလှည့်ကျဇယား (Periodic Table)၏ ဒေါင်လိုက်အစု အမှတ်စဉ်-၅ တွင်ရှိသော ဒြပ်စင် ၅ ခုဖြစ်သည်။ ဟေလိုဂျင်ဆိုသည်မှာ Salt-Formers ဆားဖြစ်စေသူများ ဖြစ်ပြီး ဟေလိုဂျင် ပါဝင်သော ဒြပ်ပေါင်းများကိုလည်း ဆား ဟုပင် ခေါ်ကြပါသည်။ ဟေလိုဂျင် အားလုံး၏ အပြင်ဖက်ဆုံး အီလက်ထရွန် ပတ်လမ်းတွင် အီလက်ထရွန် ၇ လုံးစီရှိကြသည်။ သို့ဖြစ်၍ ဓာတ်တိုးကိန်း -၁ ကိုယ်စီ ရှိကြသည်။ ဟေလိုဂျင် များသည် အခန်းအပူချိန်မှာပင် အခြေအနေ သုံးရပ်လုံးအနေဖြင့် တည်ရှိနေနိုင်ပါသည်။ အိုင်အိုဒင်း(Iodine) နှင့် အက်စ်တက်တိုင်း(Astatine) တို့သည် အခန်းအပူချိန်တွင် အခဲအခြေအနေ၌ တည်ရှိကြပြီး ဘရိုမင်း (Bromine) သည် အရည်အခြေအနေတွင် တည်ရှိသည်။ ဖလိုရင်း(Fluorine) နှင့် ကလိုရင်း(Chlorine) တို့သည် အငွေ့အခြေအနေတွင် တည်ရှိသည်။

ဟယ်လိုဂျင်[ပြင်​ဆင်​ရန်​]

ဒြဗ်စင်လေးမျိုးဖြစ်သော ဖလူအိုရင်၊ ကလိုရင်း၊ ဗရိုမင်းနှင့်အိုင်အိုဒင်းတို့ ကိုစုပေါင်း၍ ဟယ်လိုဂျင်ဟု ခေါ်ကြလေသည်။ ယင်းတို့၏ဓာတုသင်္ကေတများမှာ ွှယ ဂ္ဂူယ မ္ဘမ နှင့် ၍ တို့ ဖြစ်ကြသည်။ အလှည့်မှန်ဇယားတွင် အဆိုပါဒြဗ်စင်များသည် သတ္တမမြောက်အုပ်စုဖြစ်သည်။ ဟယ်လိုဂျင်ဆိုသော စကားလုံး၏အဓိပ္ပါယ်မှာ ဓာတ်ဆားဖြစ်စေသောပစ္စည်း ဖြစ်သည်။ ပင်လယ်တွင်းရှိဓာတ်ဆားများသည် အဆိုပါ ဒြဗ်စင်လေးမျိုးနှင့်သတ္တုများ ပူးပေါင်းနေသော ဟယ်လိုဂျင် ဒြဗ်ပေါင်းများဖြစ်သည်။ လူသိများ၍လူတိုင်းသုံးနေသော အိမ်သုံးဆားသည် ထိုကဲ့သို့သော ဒြဗ်ပေါင်း တစ်မျိုုးဖြစ်သည်။ အမှန်မှာ အိမ်သုံးဆားသည် ဆိုဒီယမ်နှင့် ကလိုရင်း ပေါင်းနေသော ဆိုဒီယမ်ကလိုရိုက် ခေါ် ဒြဗ်ပေါင်းတစ်မျိုး ဖြစ်လေသည်။ ထိုဒြဗ်စင်လေးမျိုးစလုံးသည် ပြင်းထန်၍ မနှစ်မြို့ဖွယ်သော အနံ့များရှိပြီးလျှင် အသားကိုလည်း လောင်စေတတ်သည်။ ယင်းတို့သည်ရေတွင် များများမပျော်ဝင် ကြချေ။ သာမန်အပူချိန်များတွင် ဖလူအိုရင်သည် အဝါရောင်ဓာတ်ငွေ့ဖြစ်၍ ကလိုရင်းသည် ဝါစိမ်းစိမ်း ဓာတ်ငွေ့ဖြစ်သည်။ ဗရိုမင်းမှာ အနီရောင်အရည်ဖြစ်၍ အိုင်အိုဒင်းမှာ အမည်းရောင်အခဲဖြစ်သည်။ ဟယ်လိုဂျင်ခေါ် ဒြဗ်စင်လေး မျိုးအနက် ဖလူအိုရင်သည် အပေါ့ဆုံးဖြစ်၍ အိုင်အိုဒင်းသည် အလေးဆုုံးဖြစ်သည်။ ဖလူအိုရင်အက်တမ် အလေးဆမှာ ၁၉ ဖြစ်၍ ကလိုရင်း၏ အက်တမ်အလေးဆမှာ ၃၅ ့ ၄၅ရ ဖြစ်သည်။ ဗရိုမင်း ၏အက်တမ်အလေးဆမှာ ရ၉ ့၉၁၆ ဖြစ်၍ အိုင်အိုဒင်း၏အက်တမ်အလေးဆမှာ ၁၂၆ ့၉၂ဖြစ် သည်။ ဖလူအိုရင်ဒြဗ်စင်ကို ဖလူအိုစပါးခေါ် သတ္တုတစ်မျိုး အဖြစ်နှင့် ကယ်လဆီယမ်နှင့်ပေါင်းလျက် တည်ရှိခြင်းကို သဘာဝအလျောက် တွေ့ရှိနိုင်ပေသည်။ ထိုဖလူအိုစပါးခေါ် သတ္တုသည် ဓာတ်သဘောအရ ကယ်လဆီယမ်ဖလူအိုရိုက် ဂ္ဂွှေ၂ ဖြစ်သည်။ ထို ဖလူအိုစပါးကို သံမဏိပြုလုပ်ရာတွင် သတ္တု ပျော်ကူးအဖြစ်နှင့်အသုံးပြုနိုင်သည်။ ဖလူအိုရင်ဒြဗ်စင်သည် အခြားဒြဗ်စင်များနှင့် အလွန်ပူးပေါင်းလိုသော ဒြဗ်ငွေ့ဖြစ်သည်။ သတ္တုတိုင်းနျင့် ပူးပေါင်းနိုင်လေသည်။ ပလက်တီနမ်ကိုပင်လျှင် စားပစ်နို်င်လေ သည်။ ကလိုရင်း ဓာတ်ငွေ့ကို ကမ္ဘာစစ် (၁၉၁၄·၁၈)အတွင်းကအဆိပ်ဓာတ်ငွေ့အဖြစ်နှင့် အသုံးပြုခဲ့ကြ လေသည်။ ကလိုရင်းသည်သဘာဝအတွင်း၌ သတ္တုများနျင့် ပူးပေါင်းကာ တည်ရှိသည်။ ထိုသို့ ပူးပေါင်းလျက်ရှိကြသော ဒြဗ်ပေါင်းများအနက် အရေးကြီးဆုံးဒြဗ်ပေါင်းတစ်ခုမှာ ပင်လယ်သမုဒ္ဒရာများအတွင်း၌ အမြောက်အမြားတည်ရှိ နေကြသော ဆားငန်ရည်များမှရယူနိုုင်သော ဆိုဒီယမ်ကလိုရိုက် (အိမ်သုံးဆား) ဖြစ်သည်။ ထိုဒြဗ်ပေါင်း၏ ဓာတုသင်္ကေတမှာ န္ဒဂ္ဂေူ ဖြစ်သည်။ ဗရိုမင်း ဓာတ်ငွေ့ကို ၁၈၂၆ ခုနှစ်က ဗေးလားဆိုသည့် ပြင်သစ်လူမျိုး ဓာတုဗေဒပညာရှင်တစ်ဦးက တွေ့ရှိခဲ့လေသည်။ ဓာတ်သဘောအရဗရိုမင်းက ကလိုရင်းနျင့် တူသော်လည်း ယင်းသည်သာမန်အပူချိန်များတွင် နီညိုရောင်ရှိသည့်အရည်ဖြစ်လေသည်။ စူးရှပြီးလျှင် အဆိပ်ဓာတ်ရှိသော အငွေ့များကိုလွတ်ထွက်စေသည်။ ယင်းသည် သတ္တုများနှင့်ပူးပေါင်းပြိီးလျှင် ဗရိုမိုက်များကို ဖြစ်ပေါ်စေသည်။ ရိုးရိုးပင်လယ်ရေတွင် ဗရိုမိုက်များအဖြစ်နှင့် ရာခိုင်နှုန်း ့ဝဝ၇ မျှသာပါရှိသော်လည်း အမေရိကန်နိုင်ငံ၌ စက်များဖြင့် ပင်လယ်ရေမှ တစ်နေ့လျှင် ၁၅ဝဝဝ ပေါင် မျှသော ဗရိုမင်းများကို ထုတ်ယူနိုင်ကြလေသည်။ အိုင်အိုဒင်းသန့်သန့်သည်ခရစ္စတယ်လိုင်း(ပွင့်ပုံရှိ) ပစ္စည်းဖြစ်ပြီးလျှင် ယင်းကို အပူတိုက်လိုက်သောအခါ ခရမ်းရောင်အငွေ့များကိုဖြစ်ပေါ်စေသည်။ ၁၈၁၁ ခုနှစ်တွင် ဗားနတ်ကူးထွားက စတင် တွေ့ရှိခဲ့လေသည်။ သတ္တုများနှင့်ပူးပေါင်းသောအခါသက်ဆိုင်ရာသတ္တု၏ အိုင်အိုဒိုက်များဖြစ်လာသည်။ လူတို့တွင်အိုင်အိုဒင်း ဓာတ်နည်းပါးလျှင် လည်ပင်းကြီးနာဟုခေါ်သော ရောဂါကိုဖြစ်ပေါ်စေနိုင်သည်။ တစ်နေ့လျှင်အနည်းငယ်မျှသာအိုင်အိုဒင်းကိုစားသောက် ပေးခြင်းဖြင့် လည်ပင်းကြီးနာ ဖြစ်ခြင်းမှကင်းဝေး စေနိုင်သည်ဟု ယုံကြည်ကြသည်။ ပင်လယ်ကျောက်ပွင့်မျိုး ၊ပင်လယ်ရေ၊ ငါးနှင့်ဆားရေ အနီးရှိလေများတွင် အိုင်အိုဒင်းကိုတွေ့ ရှိနိုင်လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)