ပင်လယ်
Wikipedia မှ
ပင်လယ်ဆိုသည်မှာ သမုဒ္ဒရာအောက် တစ်ဆင့်ငယ်သည့် ရေပြင်အကျယ်အဝန်းကို ခေါ်ဆိုသည့် သတ်မှတ်ချက်ဖြစ်သည်။
ပင်လယ်ကြီး ၁၃-စင်း။ ။ကမ္ဘာပေါ်၌ ထင်ရှားသည့်ပင်လယ်ကြီး ၁၃စင်းမှာ-
- (၁) မြေထဲ ပင်လယ်(Mediterranean Sea) စတုရန်းမိုင် (၁,၁၄၅,၁၀ဝ) ကျယ်၍၊ (၄,၆၈၈)ပေ ရေနက်သည်။
- (၂) ကာရီဘွယံ ပင်လယ်(Caribbean Sea) စတုရန်းမိုင် (၁,ဝ၄၉,၅၀ဝ) ကျယ်၍၊ (၈,၆၈၅)ပေ နက်သည်။
- (၃) တောင်တရုတ် ပင်လယ်(South China Sea) စတုရန်းမိုင် (၈၉၅,၄၀ဝ) ကျယ်၍၊ (၅,၄၁၉)ပေ နက်သည်။
- (၄) ဘဲရင်း ပင်လယ်(Bering Sea) ၊ စတုရန်းမိုင် (၈၈၄,၉၀ဝ) ကျယ်၍၊ (၅,ဝ၇၅)ပေ နက်သည်။
- (၅) မက္ကဆီကို ပင်လယ်ကွေ့(Gulf of Mexico) ၊ စတုရန်းမိုင် (၆၁၅,ဝ၀ဝ) ကျယ်၍၊ (၄,၈၇၄)ပေ နက်သည်။
- (၆) အော့ဟောစ်က် ပင်လယ်(Okhotsk Sea) ၊ စတုရန်းမိုင် (၆၁၃,၈၀ဝ) ကျယ်၍၊ (၂,၇၄၉)ပေ နက်သည်။
- (၇) အရှေ့ တရုတ် ပင်လယ်(East China Sea) ၊ စတုရန်းမိုင် (၄၈၂,၃၀ဝ) ကျယ်၍၊ (၆၁၇)ပေ နက်သည်။
- (၈) ဟပ်ဆန် ပင်လယ်အော်(Hudson Bay) ၊ စတုရန်းမိုင် (၄၇၅,၈၀ဝ) ကျယ်၍၊ (၄၂၀)ပေ နက်သည်။
- (၉) ဂျပန် ပင်လယ်(Japan Sea) ၊ စတုရန်းမိုင် (၃၈၉,၁၀ဝ) ကျယ်၍၊ (၄,၄၂၉)ပေ နက်သည်။
- (၁၀) ကပ္ပလီ ပင်လယ်(Andaman Sea) ၊ စတုရန်းမိုင် (၃၀၈,ဝ၀ဝ) ကျယ်၍၊ (၂,၈၅၄)ပေ နက်သည်။
- (၁၁) မြောက်ဖက် ပင်လယ်၊ (North Sea) ၊ စတုရန်းမိုင် (၂၂၂,၁၀ဝ) ကျယ်၍၊ (၃၀၈)ပေ နက်သည်။
- (၁၂) ပင်လယ်နီ(Red Sea) ၊ စတုရန်းမိုင် (၁၆၉,၁၀ဝ) ကျယ်၍၊ (၁,၆၁၁)ပေ နက်သည်။
- (၁၃) ဘော်လတစ် ပင်လယ်(Baltic Sea) ၊ စတုရန်းမိုင် (၁၆၃,ဝ၀ဝ) ကျယ်၍၊ (၁၈၀)ပေ ရေနက်သည်။