ပင်းယ
ပင်းယမြို့သည် ယနေ့ အင်းဝမှ တောင်ဖက် ကျောက်ဆည်နယ်အနီးတွင် တည်ရှိသည်။ ပင်းယမြို့ကို စတင်တည်ထောင်သူမှာ တစ်စီးရှင်သီဟသူ ဖြစ်သည်။ ပင်းယကို မတည်မှီက အင်းဝနေရာတွင် မြို့တည်ရန် ၃ကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်သဖြင့် ပင်းယနေရာသို့ ပြောင်းရွှေ့ကာ မြို့တည်ခြင်းဖြစ်သည်။
အမည်နှင့်ဆင်းသက်လာပုံ [ပြင်ဆင်ရန်]
ပင်းယမြို့တည်ရန် နေရာရှင်းလင်းသတ်မှတ်စဉ်က ရွှေပန်းရသည့် နိမိတ်ရသည့်အတွက် ပန်းရဟု ခေါ်ခဲ့ရာမှ ပင်းယ ဟုပြောင်းလဲလာရခြင်းဖြစ်သည် ဟုဆိုကြသည်။ သို့သော် မြို့တည်စဉ်က သတ်မှတ်ခဲ့သော် အမည်မှာ ဝိဇယပူရ ဖြစ်သည်။
မြို့နန်းတည်ပြီးလျှင် နန်းဖွင့်အပ်သော အစီအရင်ကို မသိကုန်သောကြောင့် ပုဂံမှ မိဖုရား ဖွားစောကို ရွှေဖောင်တော်နှင့် ပင့်ရသည်။ ဖွားစောအစီအရင်ဖြင့် သီဟသူသည် နန်းဖွင့်မင်္ဂလာ၊ ထီးဆောင်းမင်္ဂလာ၊ ဘိသိက်မင်္ဂလာ၊ အခါတို့နှင့် တပြိုင်နက် သီရိတြိဘဝနာဓိတျာပဝရ သီဟသူရ ဓမ္မရာဇာ အမည်ကို ခံတော်မူ၍ ဘိသိက်မြှောက်၏။ ထို့နောက် ဖွားစောက သီဟသူကို `ဘုန်းတန်ခိုးကြီးပေစွ´ ဟု ချီးမွန်းပြီးသော် အနော်ရထာလက်ထက်ကပင် ရှိသော ရွှေသောက်ရေတင်နှင့် ရွှေဓားကြိုးကို ပေးခဲ့သည်။ သီဟသူမင်းကြီးကလည်း ဖွားစောကို အခမ်းအနားအစုံ ပေးတော်မူသည်။ [၁]
မြို့သက် [ပြင်ဆင်ရန်]
စတင်တည်ထောင်သူ တစ်စီးရှင်သီဟသူမှ နောက်ဆုံး ၆ဆက်မြောက်မင်းဖြစ်သည့် ဥဇနာပြောင် ထိမြို့၏သက်တမ်းမှာ ၅၂ နှစ်သာကြာသဖြင့် တိုတောင်းလှသည်ဟု ဆိုရမည်ဖြစ်သည်။ ပင်းယနှင့် စစ်ကိုင်းနှစ်မြို့လုံးကို မြောက်ဖက်တစ်လွှားမှ မောဝ်ရှမ်းအကြီးအကဲ သိုချီဘွားက လာရောက်တိုက်ခိုက်သဖြင့် ပျက်စီးရခြင်းဖြစ်သည်။ ရှမ်းတို့ နရသူ အားဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဥဇနာပြောင် နန်းတက်သော်လည်း တစ်လကျော်အကြာတွင် စစ်ကိုင်းတွင် မင်းပြုနေသည့် သတိုးမင်းဖျားက လာရောက်တိုက်ခိုက်သည်။ ထိုနောက် အင်းဝမြို့ကို တည်ကာ မြို့တော်အဖြစ် သတ်မှတ်၍ ပြောင်းရွှေ့နန်းစံလေသည်။
ရည်ညွှန်းကိုးကား [ပြင်ဆင်ရန်]
- ↑ ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည် သူရဲကောင်းများ (၁၉၂၇-ခု)
- နှစ်ပြည့် ၆၀ဝ အင်းဝ-ရွှေကိုင်းသား
- မြန်မာ့သွေး ဘလော့ခ်
- မသက်ဇင် ဘလော့ခ်
- အော်လံမောင် ဘလော့ခ်
|
||||||||||||||||||||||||||||||||