မိတ္ထီလာမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မိတ္ထီလာမြို့သည် မြန်မာပြည်အလည်ပိုင်း တွင်တည်ရှိ၍ မန္တလေးတိုင်းတွင် ပါဝင်သောမြို့ဖြစ်သည်။ ရန်ကုန်-မန္တလေး အဝေးပြေး ကားလမ်းမကြီး အမှတ်(၂)ပေါ်တွင်တည်ရှိသည်။

မိတ္ထီလာကန်တော်သည် မြို့ကျက်သရေဆောင်ဖြစ်သကဲ့သို့၊ မြန်မာ့သမိုင်းနှင့်လည်း ဆက်စပ်နေသည်။အနော်ရထာမင်းကြီးမှ စတင်ဆည်ဖို့ခဲ့ပြီး အလောင်းစည်သူမင်းပြုပြင်တည်ဆောက်ခဲ့သည်။ ကန်တော်အတွင်းရှိ အန္တကူ ရေလည်ဘုရားမှာလည်း ထင်ရှားသည်။ ကန်တော်ကမ်းပါးရှိ ဖောင်တော်ဦးစေတီတော်သည်လည်း ထင်ရှားသော စေတီတစ်ဆူဖြစ်သည်။ နှစ်စဉ် တော်သလင်းလတွင် စည်ကားသိုက်မြိုက်စွာ ဖောင်တော်ဦးစေတီတော်၏ ဘုရားပွဲတော်ကျင်းပလေ့ရှိသည်။ လှေပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပသည်။

မိတ္ထီလာမြို့တွင် မိတ္ထီလာတက္ကသိုလ်မိတ္ထီလာ စီးပွားရေးတက္ကသိုလ်ကွန်ပျူတာတက္ကသိုလ် (မိတ္ထီလာ)မြန်မာ့လေကြောင်းနှင့် အာကာသပညာသင်တက္ကသိုလ် (မိတ္ထီလာ)မိတ္ထီလာ ဆရာအတတ်သင်တက္ကသိုလ်မိတ္ထီလာသူနာပြုကောလိပ်နည်းပညာကောလိပ် (မိတ္ထီလာ)၊ နှင့် အထက်တန်းကျောင်း အမှတ်(၁)မှ အမှတ်(၆)အထိ တည်ရှိကြသည်။

မိတ္ထီလာမြို့တွင် အထွေထွေပြည်သူ့ဆေးရုံကြီးတစ်ခုနှင့် တပ်မတော်စစ်ဆေးရုံ (မိတ္ထီလာ)တို့ တည်ရှိကြသည်။ ရှမ်းတဲလေတပ်ပညာသင်ကျောင်း၊ မိတ္ထီလာ ချည်မျှင်နှင့်အထည်စက်ရုံမိတ္ထီလာစက်မှုဇုန် ထီလာဂျစ် ထုတ်လုပ်ရေးတို့လည်းရှိသည်။

သမိုင်းတွင် ထင်ရှားသော ပညာရှိ တစ်ဦးဖြစ်သည် ဝန်ဇင်းမင်းရာဇာ သည် မိတ္ထီလာမြို့မှ ပေါ်ထွက်ခဲ့သည်။ မိတ္ထီလာမြို့မှ ထင်ရှားသော မြန်မာ့နိုင်ငံရေးသမားမှာ အာဇာနည် ကိုးဦးတွင် အပါအဝင်ဖြစ်သော ဆရာကြီးဦးရာဇတ် ဖြစ်သည်။ ထင်ရှားသော စာဆိုမှာ ကဗျာဆရာကြီး ထီလာစစ်သူဖြစ်သည်။


မိတ္ထိလာမြို့သည် မိတ္ထိလာခရိုင်၊ မိတ္ထိလာမြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ် ်သည်။ မင်းဝံကုန်းတန်းထက်တွင် အမြင့်ပေ ၈ဝဝ ၌ တည်ရှိသည်။ ရန်ကုန်မြို့မှ မော်တော်ကားလမ်းအတိုင်း ၃၃၈ မိုင်ဝေး ၍၊ မန္တလေးမြို့မှ ၉၅ မိုင် ဝေးသည်။ သာစည်မြို့မှ မီးရထား လမ်းအတိုင်း ၁၄ မိုင် ကွာဝေးသည်။ ရန်ကုန် - မန္တလေး မော်တော် ်ကားလမ်း၊ ရှမ်းပြည်နယ် - ရေနံချောင်း မော်တော်ကားလမ်း၊ မြင်းခြံမှ မော်တော်ကားလမ်းတို့ ဆုံရာဖြစ်သည့်ပြင် သာစည် - မြင်း ခြံ မီးရထားလမ်းပေါ်တွင် တည်ရှိပေရာ၊ လမ်းဆုံလမ်းခွတွင်ဖြစ် သောကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စည်ကားသော မြို့တစ်မြို့ ဖြစ်၏။ မြို့၏ အကျယ်အဝန်းသည် မော်တော်ကားလမ်းကို အမှီပြု ၍ သတ်မှတ်ထာရာ၊ ရန်ကုန်သွားသောကားလမ်း တစ်မိုင်တစ်ဖာလုံ ခန့်၊ မန္တလေးလမ်းသို့ တစ်မိုင် ခုနစ်ဖာလုံခန့်၊ မြင်းခြံလမ်းသို့တစ် မိုင် သုံးဖာလုံခန့်နှင့်ကျောက်ပန်းတောင်းလမ်းသို့ ငါးဖာလုံစသည်ဖြင့် မြို့မကောင်စီပိုင်နက်ကို သတ်မှတ်ထားပေသည်။ မိတ္ထိလာမြို့မ တွင် ရပ်ကွက်ပေါင်း ၁၄ ရပ်ကွက် အိမ်ခြေပေါင်း ၃,၇၃ဝ ရှိပြီး လျှင် လူပေါင်း ၂၅,၈၉၁(၁၉၆၃)ယောက်နေထိုင်လျက်ရှိလေသည်။ မိတ္ထိလာမြို့တွင် ခရိုင်အုပ်ချုပ်ရေးရုံးများ၊ လယ်ယာစိုက်ပျိုးရေး၊ ကြေး တိုင်နှင့် မြေစာရင်း၊ အမြတ်တော်ခွန်၊ ယစ်မျိုး၊ သစ် တော၊ သမဝါယမ၊ ရဲ၊ လမ်းလုပငန်းနှင့် ဆည်မြောင်းဌာနစသည်တို့ နှင့် ခရိုင်စက်ရှင်နှင့် တရားမရာဇဝတ်တရားသူကြီးစသည်တို့ ရုံး စိုက်ပေရာ၊ အစိုးရရုံးများသည် မြို့၏ အနောက်ဖက်တွင် တည်ရှိ သည်။ မိတ္ထိလာတွင် တပ်မတော် လေယာဉ်ကွင်းရှိ၍ တပ်မတော် တပ်ပေါင်းစုများ၊ တပ်မတော်ဌာနချုပ် ရုုံးများလည်းတည်ရှိသည်။ မူလတန်းကျောင်းများ၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း များအပြင် ဆရာအတတ်သင် သိပ္ပံကျောင်းလည်း ရှိသည်။ မိတ္ထိလာမြို့တွင် ထင်ရှားသော မိတ္ထိလာကန်သည် မြို့၏ အနောက် ်ဖက်တွင် တည်ရှိသည်။


ရဟန်းတော်များ စာသင်တိုက်များအပြင် ထင်ရှားသော ဘုကားစေတီ ီများ ရှိသည်။ ယင်းတို့ကား ပုဂံပြည် အနော်ရထာမင်းစော တည်ထား ကိုးကွယ်ခဲ့သည့် ရှင်ပင်ဂူစေတီ၊ ရွှေဂူလှစေတီ၊ ရွှေဂူကြီးစေတီ၊ ရွှေစောလူးစေတီ၊ ရှင်ပင်ဇယစ်စေတီများ၊ ထိုငြ် အလောင်းစည်သူမင်း တည်တော်မူခဲ့သော ရွှေမြင်တင် ၊ မြို့တွင်း ဆုတောင်းပြည့်၊ ဖောင် တော်ဦး၊ အတွင်းရွှေကျောင်း၊ အပြင်ရွှေကျောင်း၊ ရွှေမြင်မိ၊လောက ထိပ်ပန်၊ ရွှေလက်လှစသည့် များစွာသော ဘုရားစေတီ အဆူဆူ တို့ဖြစ်၏။ ရွှေမင်းဝံတောင်ထိပ်ထက်၌ တည်ရှိသော ရွှေမြင်တင်စေတီ သည် ယခုအခါ ထင်ရှား၍ ကဆုန်လပြည့်နေ့၊ တန်ဆောင်မုန်းလ ပြည့်နေ့များတွင် နှစ်စဉ် ပွဲတော်များကျင်းပသည်။ ယခုအခါဘုရား ပရဝုဏ်အနီးတစ်ဝိုက်တွင် ဗမာ့တပ်မတော်မှ အဆောက်အအုံများ တည်ဆောက်လျက် စစ်တပ်ချထားသည်ဖြစ်သောကြောင့် ရွှေမြင်တင် စေတီကို မြေပြင်မှာ တည်ထားသကဲ့သို့ တွေ့မြင်ရပေသည်။ ဤသို့ အားဖြင့် တပ်မတော်နယ်မြေတွင် သက်ရောက်နေခြင်းကြောင့်လည်း ဘုရားပွဲတော်များ ကျင်းပသည့်အခါတွင် တပ်မတော်က အကူအညီ ပေးခြင်းအားဖြင့် ဘုရားပွဲမှာ သိုက်မြိုက်စည်ကားပေသည်။ မိတ္ထိလာမြို့သည် ပတ်ဝန်းကျင် ခရိုင်များ၊ မြို့များသို့ပေါက်ရောက် သော ခရီးလမ်းဆုံလမ်းခွတွင် ရှိသောကြောင့်လည်း စီးပွား ရေးတွင် ကောင်းမွန် ဖွံ့ဖြိုးကာ လူသိများသည်။ ထိုပြင်တဝ ကန် ်တော်ကို အမှီပြုရ၍ ရာသီဥတု ဆီလျော်သင့်မြတ်၏။ မြေမျက်နှာ ပြင် အနေအထားမှာလည်း ကောင်းမွန်၏။ ခြောက်သွေ့သော်လည်း လေကောင်းလေသန့်ရသဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည်။ အထူး သဖြင့် အဆုတ်နာရောဂါ၊ နှလုံးရောဂါ ဝေဒနာရှင်များအတွက် သင့်မြတ်သောကြောင့် ဆိုခဲ့သည့် ရောဂါများ စွဲကပ်နေသော ဝေဒနာ။ ရှင်တို့သည် မိတ္ထိလာမြို့သို့ သွားရောက်ကုသယင်း အနားယူကြပေ သည်။မိတ္ထိလာမြို့သည် ရှေးအခါက သျှိသျှားမြို့ဟု တွင်ခဲ့သည်။ ကန်တော်ကို အစွဲပြု၍ တွင်သော အမည်ဖြစ်ရကား ကန်တော် အမည် ပြောင်းသည်နှင့်အမျှ မြို့၏ အမည်လည်း ပြောင်းလဲခဲ့ပေ သည်။ ယခု တွင်လျက်ရှိသော မိတ္ထိလာဟူသော အမည်ကား ပုဂံ အနော်ရထာမင်းစော၏ လက်ထက်တော်မှ စ၍ မထိလာ ဟူ သော အမည်မှ ကာလ ရွေ့လျောသည့် အလျောက် ပြောင်းလဲလာ သောအမည်ဖြစ်သည်ဟု ဆိုလေသည်။[၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)