ပထမမင်းခေါင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆင်ဖြူရှင် လုပ်ကြံခံရပြီးနောက်တွင် အဖတူအမိကွဲညီတော်မင်းဆွေက မင်းခေါင်ဘွဲ့ဖြင့် နန်းတက်သည်။ မင်းကြီးစွာစော်ကဲ နှင့် ကန်စွန်းနိမ့်သူတို့ အိမ်နှိမ့်တွင် ဖွားမြင်သူဖြစ်သည်။ ၄င်းလက်ထက်တွင် ရာဇာဓိရာဇ်နှင့် အဓိကယှဉ်ပြိုင်ကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကို တိုက်ခိုက်သည်။ ရှေးဦးစွာ ရာဇာဓိရာဇ်၏ ဟံသာဝတီတပ်များ အင်းဝကိုသာမက တကောင်းထိချီတက်တိုက်ခိုက်ကျူးကျော်လာသည်ကို ခံရသည်။ ပင်းယသူကြိုသူမြတ် အမည်ရှိ ရဟန်းတစ်ပါးက နှုတ်ရေးဖြင့် ဟံသာဝတီတပ်များ အင်းဝကို ဝန်းရံထားသည်မှ ဆုတ်ခွာရန် စွမ်းဆောင်ပေးသဖြင့် သက်သာရာရခဲ့သည်။ ဟံသာဝတီ နှင့် အပြန်အလှန် စစ်ပြုရင်း မွန်သူရဲကောင်း လဂွန်းအိန်၏ လုပ်ကြံမှုကို နှစ်ကြိမ်တိုင်တိုင်ခံခဲ့ရသည်။


နောင်တော် ဆင်ဖြူရှင်တရဖျားအား တကောင်းစားငနောက်ဆံ လုပ်ကြံသည့်နောက်တွင် မင်းဆွေ၏ညီဖြစ်သူ မင်းသိဒ္ဓတ်က ငနောက်ဆံအားတဖန်လုပ်ကြံပြီး နောင်တော်ဖြစ်သူ မင်းဆွေအားနန်းတင်သည်။ သို့သော် မင်းခေါင်က ဦးရီးတော် ရမည်းသင်းစား မဟာပြောက်အား ပင့်ဖိတ်ကာ နန်းအပ်စေသည်ကို မင်းသိဒ္ဓတ်သိလျှင် မင်းခေါင်အား ပြစ်တင်ကာ ဦးရီးတော် မဟာပြောက်အား ထွက်တိုက်၏။ သို့ဖြင့် မင်းခေါင်အင်းဝထီးနန်းအား စိုးစံရသည်။ မင်းသိဒ္ဓတ်လည်း စစ်ကိုင်းကိုစားသည်။ နောင်တွင် ညီနောင်နှစ်ဦး မသင့်မြတ်ကြသဖြင့် မင်းသိဒ္ဓတ် ဟံသာဝတီသို့ ခိုလှုံလေသည်။ နန်းသက်နောက်ပိုင်းတွင် သားတော်မင်းရဲကျော်စွာ(မွန်မူတွင် မင်းဖြူ)၏ အစွမ်းဖြင့် ရှမ်းပြည်တစ်လွှားကိုလည်းကောင်း၊ ရခိုင်ကိုလည်းကောင်း သိမ်းသွင်းနိုင်ခဲ့သည်။ သို့သော် နတ်ရွာမစံမှီ မင်းရဲကျော်စွာတစ်ယောက် ရာဇာဓိရာဇ်နှင့် ဆင်စီးချင်းထိုးရာ ကျဆုံးသွားသဖြင့် ဘုရင်မင်းခေါင်မှာ ခြေလွတ်လက်လွတ်ဘဝရောက်ခဲ့ရသည်။ ဘုရင်မင်းခေါင်နတ်ရွာစံလျှင် သားတော် ဆင်ဖြူရှင် သီဟသူက အင်းဝထီးနန်းကို ဆက်ခံသည်။

ဆက်စပ်လေ့လာရန်[ပြင်​ဆင်​ရန်​]

ကျမ်းကိုး[ပြင်​ဆင်​ရန်​]