မိတ္ထီလာမြို့နယ်

ဝီကီပီးဒီးယား မှ
မိတ္ထီလာမြို့နယ်
မန္တ​လေးတိုင်းအတွင်းရှိ မြို့နယ်
Skyline of မိတ္ထီလာမြို့နယ်
မိတ္ထီလာခရိုင်အတွင်းတည်နေရာ
မိတ္ထီလာခရိုင်အတွင်းတည်နေရာ
မိတ္ထီလာမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မိတ္ထီလာမြို့နယ်
မိတ္ထီလာမြို့နယ်
မိတ္ထီလာခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 20°53′N 95°53′E / 20.883°N 95.883°E / 20.883; 95.883
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးမန္တလေး
ခရိုင်မိတ္ထီလာ
မြို့နယ်ရုံးစိုက်ရာမြို့မိတ္ထီလာမြို့
လူဦးရေ (၂၀၁၄)
 • စုစုပေါင်း၃၀၉,၄၆၅ [၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

မိတ္ထီလာမြို့နယ် သည် မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင် တွင်ပါဝင်သည့် မြို့နယ်ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ မိတ္ထီလာမြို့ ဖြစ်သည်။

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

​ရှေးယခင်က သျှိသျှားကန်ကို အစွဲပြု၍ သျှိသျှားမြို့ဟု အမည်တွင်ခဲ့သည်။ သက္ကရာဇ် ၄၁၄ခုနှစ်တွင် ထိုကန်ကို ပြုပြင်ဆည်ဖို့ရာ ၄၁၆ခုနှစ်တွင် ပြီးစီးခဲ့ပြီး ပြုပြင်​နေစဉ်အချိန်က အ​နော်ရထာမင်း​စောသည် အမတ်ကြီး နရပ​တေ့အား ယာယီနန်းမြို့ တည်​စေခဲ့သည်။ ထိုစဉ်က သျှိသျှားကန်သည် ပုပ္ပါး​တောင်နှင့် ဆက်စပ်မှု ရှိမရှိကို မြင်းသည်​တော်တစ်ဦးအား သွား​ရောက်စုံစမ်းခိုင်းရာ မထိလာပါဟု ​ဖြေကြားသဖြင့် မထိလာကန်၊ မထိလာမြို့ဟု အမည်တွင်​စေခဲ့သည်။​နောင်တွင် မိတ္ဖီလာကန်၊ မိတ္ထီလာမြို့ဟု ဖြစ်လာခဲ့သည်။၃၁.၂.၁၉၇၃တွင် မိတ္ထီလာမြို့မှာ တရားဝင်မြို့ဖြစ်လာခဲ့သည်။[၂]

ပထဝီဝင်အ​နေအထား[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ် ၂၀ဒီဂရီ ၄၀မိနစ်နှင့် ၂၁ဒီဂရီ ၅၃မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၃၀မိနစ်နှင့် ၉၆ဒီဂရီ ၀၀မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၃၀၊ တောင်မှမြောက်သို့ ၂၂မိုင်ရှိပြီး ၃၇၄.၂၈၇စတုရန်းမိုင် ကျယ်ဝန်းသည်။[၂]

နယ်နိမိတ်[ပြင်ဆင်ရန်]

မိတ္ထီလာမြို့နယ်၏ အ​ရှေ့ဘက်တွင် သာစည်မြို့နယ်၊​တောင်ဘက်တွင် ​​ပျော်ဘွယ်မြို့နယ်၊အ​နောက်ဘက်တွင် ​ကျောက်ပန်း​တောင်းမြို့နယ်၊ ​မြောက်ဘက်တွင် ဝမ်းတွင်းမြို့နယ်များ တည်ရှိသည်။

​​မြေမျက်နှာသွင်ပြင်[ပြင်ဆင်ရန်]

​ပင်လယ်​ရေမျက်နှာပြင်အထက် ပျှမ်းမျှ ၇၅၀ပေအထက်တွင် တည်ရှိသည်။ ကုန်း​မြေမြင့်နည်းပါးပြီး အများအားဖြင့် ​မြေပြန့်ဖြစ်သည်။ အမြင့်ဆုံး​တောင်မှာ ​တောင်မြဲ​တောင်ဖြစ်ပြီး ၁၅၉၆​ပေမြင့်သည်။

လူဦး​ရေ[ပြင်ဆင်ရန်]

မိတ္ထီလာမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ကရင်၊ရခိုင်၊ချင်း၊ရှမ်း၊ကချင်၊မွန်နှင့် အခြားလူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၀၇၀%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်၊အိန္ဒိယ၊အခြားနှင့် ပါကစ္စတန်စသည့်လူမျိုးများဖြစ်သည်။

စီးပွား​ရေး[ပြင်ဆင်ရန်]

မိတ္ထီလာမြို့နယ်သည် မန္တ​လေးတိုင်းအတွင်းရှိ စီးပွား​ရေးအရ ဖွံ့ဖြိုးတိုးတက်​သော မြို့နယ်ဖြစ်သည်။ မြို့နယ်​နေလူထုသည် စိုက်ပျိုး​ရေးကို အဓိကလုပ်ကိုင်သည်။ ထို့အပြင် လျှပ်စစ်ပစ္စည်း၊ အိမ်​ဆောက်ပစ္စည်း၊ လယ်ယာသုံးပစ္စည်း၊ အဝတ်အထည်နှင့် ​တောင်သူသုံးပစ္စည်းများ​ရောင်းဝယ်ခြင်း စသည့် ကုန်သွယ်မှုလုပ်ငန်းများလည်း လုပ်ကိုင်သည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ စပါး၊ပဲ၊​ပြောင်း၊နှမ်း၊ဝါ၊ ဟင်းသီးဟင်းရွက်နှင့် ​ဒေသထွက် ချည်ထည်များဖြစ်ပြီး မြန်မာနိုင်ငံအနှံ့သို့ တင်ပို့​ရောင်းချသည်။ အခြား​ဒေသမှ အဝတ်အထည်နှင့် စား​သောက်ကုန်များ အဓိကတင်သွင်းသည်။ မိတ္ထီလာစက်မှုဇုန်မှ စက်ရုံ ၃၅၃ရုံ၊မြို့နယ်အတွင်း အခြားစက်ရုံ ၃၅၃ရုံ၊အလုပ်ရုံ ၅၄ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၇၃ခု တည်ရှိသည်။

​ဈေးများ[ပြင်ဆင်ရန်]

  • ​ဈေးကြီး
  • ဗဟို​ဈေး
  • ပိ​တောက်မြိုင်​ဈေး
  • မြို့သစ်​ဈေး
  • ​ပေါက်​ချောင်း​ဈေး
  • ပုလဲ​​ဈေး
  • ရန်မျိုး​အောင်​ဈေး
  • ဝန်ဇင်း​ဈေး
  • ပြည်သာယာ​ဈေး

ပို့​ဆောင်ဆက်သွယ်​ရေး[ပြင်ဆင်ရန်]

မိတ္ထီလာမြို့တွင် ​​ရှမ်းတဲလေ​​ကြောင်းအတတ်သင် ​လေတပ်စခန်းဌာနချုပ်ရှိသည်။ မိတ္ထီလာမြို့သည် ကုန်းလမ်း​ကြောင်းများ ဆုံရာ​ဒေသလည်းဖြစ်သည်။ ရန်ကုန်-မန္တ​လေး ကားလမ်း၊ ရန်ကုန်-မန္တ​လေး အမြန်လမ်း၊ မိတ္ထီလာ-​တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်​ထောင်စုလမ်း တို့မှာ ထင်ရှားလှသည်။

ပညာ​ရေး[ပြင်ဆင်ရန်]

အဆင့်မြင့်ပညာ[ပြင်ဆင်ရန်]

အ​ခြေခံပညာ[ပြင်ဆင်ရန်]

အထက[ပြင်ဆင်ရန်]

အထက်တန်းကျောင်း ၁၁ကျောင်းရှိသည်။

  • အထက ၁
  • အထက ၂
  • အထက ၃
  • အထက ၄
  • အထက ၅
  • အထက ၆
  • အထက ​ညောင်ကိုင်း
  • အထက ​ရေ​ဝေ
  • အထက ​ရေချို
  • အထက ချည်စက်
  • အထက အလယ်ရွာ

အထက(ခွဲ)/အလက[ပြင်ဆင်ရန်]

  • အလက (ထ(ခွဲ)) တည်ပင်ကုန်း
  • အလက (ထ(ခွဲ)) ကွက်ငယ်
  • အလက (ထ(ခွဲ)) သရက်ပင်
  • အလက (ထ(ခွဲ)) ​အောင်​ဇေယျာ
  • အလက (ထ(ခွဲ)) ရွှေစစ်သည်
  • အလက (ထ(ခွဲ)) ​ဂွေ့အိုင်
  • အလက (ထ(ခွဲ)) ​တောမ
  • အလက (ထ(ခွဲ)) ​မွေ
  • အလက (ထ(ခွဲ)) န-​ကျောက်ဖူး
  • အလက (ထ(ခွဲ)) မုန်တိုင်
  • အလက ၂
  • အလက ၃
  • အလက ၉
  • အလက ​လေတပ်
  • အလက ကုက္ကိုကုန်း
  • အလက ကျားထူး
  • အလက ဇရပ်ကုန်း
  • အလက ဖက်​တော
  • အလက ဒီးဒုတ်​တောင်
  • အလက တုံးအိုင်

အမက[ပြင်ဆင်ရန်]

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၂၁၄ကျောင်းရှိသည်။

ကျန်းမာ​ရေး[ပြင်ဆင်ရန်]

  • ပြည်သူ့​ဆေးရုံ
  • ရှင်းမငယ်​ဆေးရုံ
  • အလည်ရွာ​ဆေးရုံ
  • တပ်မ​တော်စစ်​ဆေးရုံ

ထင်ရှား​သော​နေရာများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Provisional Results Census 26 August 2014 FINAL (PDF)၊ ပြည်သူ့အင်အားဦးစီးဌာန၊ 26 August 2014၊ p. ၂၉၊ 12 September 2014 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီးFebruary 26, 2015 တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ မိတ္ထီလာမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များမန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 13 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။