မင်းပြောက် သီဟပတေ့

Wikipedia မှ
(မင်းပြောက် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မင်းပြောက် သီဟပတေ့ သည် တရဖျားငယ်မင်း၏ ယောက်ဖဖြစ်သည်။ မင်းမျိုးမဟုတ်။ မင်းပြောက်သည် ၁၃၅၃ (ကောဇာ သက္ကရာဇ်-၇၁၄)တွင် နန်းတက်သည်။ ပင်းယရှိ နရသူ (မောပါမင်း)နှင့် မသင့်တင့်ပေ။ နရသူ၏ ဖိတ်ကြားမှုကြောင့် မောရှမ်း သိုချည်ဘွားတို့ လာရောက်တိုက်ခိုက် သည်။[၁]ထိုတွင် ထိုသတင်းကို မင်းပြောက်ကြားလျှင် တူတော်သူ ရာဟုလာ(နောင်တွင် သတိုးမင်းဖျား ဖြစ်မည့်သူ) အားတကောင်းမှ ဆီးကြိုတိုက်စေသော်လည်း အင်အားချင်းမမျှသဖြင့် ဆုတ်ရသည်။ မင်းပြောက်လည်း အမျက်ထွက်ကာ ရာဟုလာအား သံခြေချင်းဖြင့် ကြခတ်ဝရာသို့ ပို့လေသည်။ နောက်ဆုံးတွင် မောဝ်ရှမ်းတို့၏ ရန်စစ်ကိုမခုခံနိုင်သဖြင့် ထွက်ပြေးရသည်။ ကြခတ်ဝရာသို့ ရောက်လျှင် တူတော်ရာဟုလာက အငြိုးဖြင့် သတ်သဖြင့် လွန်လေသည်။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ရှင်မဟာသီလဝံသ၏ ရာဇဝင်ကျော် (ဟံသာဝတီ၊၁၉၆၅)
  2. နှစ်၆၀၀ အင်းဝ (ရွှေကိုင်းသား)