တကောင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မြန်မာအစ၊ တစ်ကောင်းက ဟု မြန်မာတို့ဆိုရိုးစကား ရှိသည်။ မြန်မာနိုင်ငံတွင် တကောင်းမင်းဆက် စတင်တည် ထောင်သည့်ခေတ်သည် မြန်မာသမိုင်း၏ အစဖြစ်သည်ဟု သမိုင်းဆရာတို့ယူဆကြ၏။ မြန်မာနိုင်ငံ ပထဝီနှင့် သမိုင်း မဟာရာဇဝင်၌ တကောင်းသည် ဂေါတမမြတ်စွာဘုရား လက်ထက်ကပင်လျှင် တကောင်းဟု တွင်ကြောင်းဖော်ပြသည်။ မဇ္ဈိမဒေသ သာကီယအနွယ်ဖြစ်သော အဘိရာဇာမည်သော မင်း သည် တကောင်းပြည်ကြီးကို လက်မွန်တည်ကြောင်းလည်းဆို သည်။ တကောင်းသည် မန္တလေးမှ ဧရာဝတီမြစ်ကိုဆန်တက် သော် မြစ်အရှေ့ဘက်ကမ်းမြေပြန့်ဒေသတွင် တည်ရှိသည်။ ယခု အခါ ကသာခရိုင်အတွင်း၌ အိမ်ခြေအနည်းငယ်မျှရှိသော ရွာ ကလေးသာ ဖြစ်သည်။ သို့သော် ရှေးခေတ်က မြို့ရိုးဟောင်းများ နှင့် စေတီဟောင်းများကို ယခုတိုင် တွေ့နိုင်သေး၏။ တကောင်း ၏ အရှေ့တောင်ဘက်နှင့် အနောက်ဘက်တို့တွင် ရွှေစည်းခုံ၊ ရွှေစေတီ၊ ဗောင်းတော်ကျ စသော စေတီဟောင်းများရှိသည်။ တကောင်းပြည်ကို သင်းတွဲပြည်ဟုလည်းခေါ်ကြသေး၏။ တကောင်းကို စတင်တည်ထောင်သည့်အချိန်က မြန်မာနိုင်ငံ အထက်ပိုင်းတွင် အရှေ့ဘက်၌ ပျူလူမျိုး၊ အနောက်ဘက်၌ ကမ်းယံလူမျိုး၊ မြောက်ဘက်၌သက်လူမျိုး၊ ဧရာဝတီ၊ စစ် တောင်း၊ သံလွင်မြစ်ဝှမ်းတို့တွင် မွန်လူမျိုးများရှိနှင့်ကြပြီဟု သမိုင်းဆရာတို့ယူဆကြသည်။ ထိုအခါက ပြည်မြို့သည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည်ဟုလည်း မှတ်ယူကြသည်။ တကောင်းဟူသောအမည်မှာ ရှမ်းဘာသာဖြင့် 'စည်ကူးတို့' ဟု အဓိပ္ပါယ်ရသည်။

သာကီဝင်မင်း အဘိရာဇာ၌ သားတော်နှစ်ပါးရှိသည်။ သားငယ်ဖြစ်သော ကံရာဇာငယ်သည် တကောင်းထီးနန်းကို ဆက်ခံလာသောအခါ၊ သားကြီးကံရာဇာကြီးမှာ အလုံးအရင်းနှင့် တကောင်းမှဧရာဝတီမြစ်ကို စုန်ခဲ့၍၊ ချင်းတွင်းမြစ်ကိုဆန်တက် ကာ၊ ကလေးကျေးတောင်ညိုအရပ်၌ ခြောက်လ ဗိုလ်ဝင်ခံ သည်။ ထိုနောက် ကစ္ပနဒီမြစ် အရှေ့ဘက်၌ ကျောက်ပန်း တောင်းမြို့ကို တည်ထောင်စိုးစံသည်။ ထိုကမှ ရခိုင်ပြည်တွင် မင်းဆက်ပြတ်နေသော ဓညဝတီမြို့ဟောင်းကို သိမ်းယူ၍ အုပ်ချုပ်သည်။ အဘိရာဇာမင်းမှစ၍ ရေတွက်သော်၊ ၃၃ ပါးမြောက် ဘန္နကမင်းလက်ထက်တွင် တရုတ်တို့ဝင်ရောက်နှောင့်ယှက် သဖြင့် တကောင်းပြည်ပျက်သည်။ ဘန္နမင်းနတ်ရွာစံသောအခါ၊ မိဖုရားနာဂဆိန်သည် နောက်လိုက်ဗိုလ်ပါတို့နှင့် ကျန်ရစ်၏။ တကောင်းကို ဒုတိယအကြိမ် တည်ထောင်သူကား အိန္ဒိယ ပြည်မြောက်ပိုင်းမှ ဓဇရာဇာဆိုသူ သာကီဝင်မင်းဖြစ်၍၊ ထိုမင်း သည် ဘန္နမင်း၏မိဖုရား နာဂဆိန်နှင့်ဆုံဖက်၍ စိုးစံသည်။ ထိုမင်းမှစ၍ မင်းပေါင်း ၁၇ ပါး တစ်ကောင်းတွင် စိုးစံကြ သည်။ ထိုသို့ဖြင့် တကောင်းတွင် မင်းပေါင်း ၅ဝ စိုးစံခဲ့ဘူး လေသည်။[၁]

တကောင်းမြို့သည် မြန်မာ့သမိုင်း၊ ပုံပြင်နှင့် မိရိုးဖလာ ယုံကြည်ချက်များအရ ရှေးဟောင်းမြန်မာနိုင်ငံ၏ ထင်ရှားသော မြို့တစ်မြို့ဖြစ်ခဲ့သည်။ မန္တလေးမြို့မှ ဧရာဝတီမြစ်ကို ဆန်တက်သောအခါ မြစ်အရှေ့ဘက်ကမ်း မြေပြန့်ဒေသတွင် တည်ရှိသည်။

ခေါ်တွင်ပုံ[ပြင်​ဆင်​ရန်​]

တကောင်းပြည်၏ အမည်ကို-

  1. ကကုသန်ဘုရားလက်ထက်တော်၌ သံသယပူရ၊
  2. ကောနဂုံဘုရားလက်ထက်တော်၌ ရဌပူရ၊
  3. ကဿပဘုရားလက်ထက်တော်၌ သင်းတွဲဟု တွင်ပြီး
  4. ဂေါတမဘုရားရှင်လက်ထက်တော်၌ကား တကောင်းဟူ၍ အမည်တွင်ကြောင်း မှန်နန်းရာဇဝင်တော်ကြီး၌ ပါရှိလေသည်။

တကောင်းကို တိုင်ကွန် ဟူ၍ တရုတ်အသံဖြင့် ခေါ်ဝေါ်ကြောင်း သိရသော်လည်း အဓိပ္ပါယ်ရင်းမြစ်ကိုကား ဖေါ်ပြထားခြင်း မရှိသဖြင့် မသိရချေ။ ထို့အပြင် မြန်မာစွယ်စုံကျမ်း (တွဲ-၄၊ စာ-၁၉၈)၌ တကောင်းဟူသောအမည်မှာ ရှမ်းဘာသာစကားဖြင့် စည်ကူးတို့ ဟု အဓိပ္ပါယ်ရရှိကြောင်း သိရသည်။ ရှမ်းဘာသာဖြင့် ဆိုလိုရင်း အဓိပ္ပါယ်မှာ + ကောင်းဟူသောစကားရပ်တွင် တ မှာ ကူးတို့ဆိပ်ဖြစ်ပြီး ကောင်း မှာ အစုအပုံ (ဝါ) ကုန်ပစ္စည်းများ စုပုံရာ ကူးတို့ဆိပ် ဟူ၍ပင် ဖြစ်ကြောင်း သိရလေသည်။ *(ကသာကံဆက်၊ စာ-၈၉) မှန်နန်း(ပ-တွဲ)စာ-၂၉၈

တကောင်း = အခွန်အကောက် တောင်းရာဌာန [၂]

ကျောက်စာ အထောက်အထား[ပြင်​ဆင်​ရန်​]

တကောင်းမြို့သည် ပုဂံခေတ်၌ အရေးပါ အရာရောက်သော နယ်ခြားမြို့နယ်တစ်ခု ဖြစ်ခဲ့ဟန်ရှိသည်။ မှန်နန်းရာဇဝင်တော်ကြီး၌ အနော်ရထာ မင်းစောသည် နယ်ခြားမြို့ ၄၃-မြို့ကို တစ်ပြိုင်နက် တစ်ချက်တည်းစ၍ တည်စေရာ၌ တကောင်းမြို့သည်လည်း တစ်မြို့အပါအဝင် ဖြစ်ခဲ့ကြောင်း ရေးသားဖေါ်ပြထားသည်ကို တွေ့ရလေသည်။ ထို့အပြင် ပုဂံခေတ်တွင် ရေးထိုးသော ကျောက်စာများ၌လည်း ပုဂံပြည်၏ အကျယ်အဝန်း နယ်နိမိတ်ကို ဖေါ်ပြရာ၌ မ္လေစ်ဩတ္တာတကောင်၊ ငဆောင်ချံ ဟူ၍၎င်း၊ တကောင်းလှပ်ကာသုကြီးလက်ခါနာလက်ဝယ်၊ တကောင်စစ်ထိုင်သောတကောင်ဥယန်မ္လေ[၃]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
  2. ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း
  3. ဦးသန်းဆွေ(သုတေသနဝန်ထောက်၊ ရှေးဟောင်းသုတေသန ဌာနခွဲ၊ ရန်ကုန်)၏ တကောင်းမြို့ဟောင်း အပိုင်း(၁)