နရသူ (မောပါမင်း)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

နရသူ(မောပါမင်း)သည် ငါးစီးရှင်ကျော်စွာ၏ သားတော်ငယ် ဖြစ်သည်။ သီဟသူရမင်း ဟုလည်း အချို့ကျမ်းများတွင် တွေ့ရတတ်သည်။ နရသူသည် (ခရစ်နှစ်-၁၃၆၄)(ကောဇာ-၇၂၆)တွင် နန်းတက်သည်။ ၎င်းလက်ထက်တွင် စစ်ကိုင်းတွင်စိုးစံနေသော မင်းပြောက်အား မင်းမျိုးမင်းရိုးမမှန်သူဟု စွပ်စွဲကာ မသင့်မမြတ်ဖြစ်ကြသည်။ ထို့ကြောင့် နရသူက မောရှမ်းအကြီးအကဲ သိုချည်ဘွားအား စစ်ကိုင်းကို လာရောက်တိုက်ခိုက်ရန် ဖိတ်ခေါ်သည်။ သိုချည်ဘွားလည်း နရသူဖိတ်ခေါ်သည့် အတိုင်း စစ်ကိုင်းကို စစ်ချီ၍ တိုက်လျှင် မင်းပြောက်နှင့် တကွတစ်မြို့လုံး ကြခတ်ဝရာ ဘက်သို့ ထွက်ပြေးကြသည်။ တစ်ဖန် သိုချည်ဘွားသည် စစ်တိုက်ရာ မကူကောင်း လောဟု အမျက်ထွက်၍ ပင်းယကိုကူး၍ တိုက်ကာ နရသူကိုပါ ဖမ်းယူသွားလေသည်။ ထို့ကြောင့် မောပါနရသူဟု တွင်သည်။ [၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. ဦးဖေမောင်တင် ၏ မြန်မာစာပေသမိုင်း