တရဖျားကြီး
Wikipedia မှ
စစ်ကိုင်းတွင် ညီတော် အသင်္ခယာစောယွန်း နတ်ရွာစံလှျင် နောင်တော်ဖြစ်သူ တရဖျားကြီးသည် ပင်းယမှ စစ်ကိုင်းသို့ ကူးကာ မင်းပြုသည်။ သားဖြစ်သူ ရွှေတောင်တက်က ဖမ်းဆီးနန်းချသဖြင့် အကျဉ်းကျခံနေရပြီးနောက် ရွှေတောင်တက်အား လုပ်ကြံသည့် နန္ဒပန်းကြံက အသင်္ခယာစောယွန်း၏ သားဖြစ်သူ ကျော်စွာအား နန်းတင်သည့်နောက်တွင် တရဖျားကြီးကိုပါ ကွပ်မျက်လိုက်သည်။