ပထမတကောင်းမင်းဆက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်း နယ်စပ် နီပေါတစ်နေရာတွင် ဖွားမြင်ခဲ့သည့် သာကီဝင်မင်းသားတစ်ပါး ဖြစ်သည်။ ထိုမင်းသား၏ အဘိုးသည် သာကီဝင် မျိုးတူစုအတွင်း မကျေမနပ် ခိုက်ရန်ဖြစ်ပွား၍ ဇာတိရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံဧရာဝတီမြစ်ညာအရပ် တကောင်းတွင် လာနေကြသည်။ ထိုမင်းကို အဘိရာဇာဟုခေါ်သည်။ သူကို ကြီးမြတ်သော မင်းဖြစ်သည်ဟု ခေါ်ကြသည်။ (အဘိရာဇာ၊ မဟာရာဇာ၊ မင်းကြီးစွာ၊ တ္ဒဗံ့) အားလုံးမှာ ကြီးမြတ်သော မင်းကြီးဟု အဓိပ္ပါယ်ရသည်။ အဘိရာဇာ နတ်ရွာစံသောအခါ အမွေခံ သားတော်နှစ်ပါး (ကံရာဇာကြီးကံရာဇာငယ်) က နန်းလုကြသည်။ အငယ်က အထက်အညာကို အနိုင်ရသည်။ အကြီးက တောင်ဘက်သို့ ထွက်ခွာခဲ့ပြီး နောက်ဆုံး ဓညဝတီ(ရခိုင်)သို့ ရောက်လေသည်။ တကောင်း နန်းရိုးမှာ ကံရာဇာငယ်က စတဲ့ မင်းဆက် (၃၂)ဆက်မြောက်တွင် (စိန၊ တရုတ်)တို့ ဖျက်၍ တကောင်းပြည် ပျက်လေသည်။ ထိုအခါ အုပ်စုသုံးစုကွဲပြီး တစ်စုက ဧရာဝတီမြစ်ပေါ်ရှိ တကောင်းတောင်ဘက် မလည်အရပ်တွင် နေထိုင်ကြသည်။ အချိန်ကာလက ဗုဒ္ဓရှင်တော်ဘုရား လက်ထက်ဖြစ်သည်။ [၁]

မင်းဆက်(၃၃)ဆက် [ပြင်​ဆင်​ရန်​]

  1. အဘိရာဇာ
  2. (သား) ကံရာဇာငယ်
  3. (သား) ဇမ္ဗူဒီပရာဇာ
  4. (သား) သင်္ဃသရာဇာ
  5. (သား) ဝိပ္ပန္နရာဇာ
  6. (သား) ဒေဝတရာဇာ
  7. (သား) မုနိကရာဇာ
  8. (ဘထွေး) နာဂရာဇာ
  9. (ညီ) ဣန္ဒရာဇာ
  10. (သား) သမုတိရာဇာ
  11. (သား) ဒေဝရာဇာ
  12. (သား) မဟိန္ဒရာဇာ
  13. (သား) ဝိမလရာဇာ
  14. (သား) သီဟနုရာဇာ
  15. (သား) မင်္ဂလရာဇာ
  16. (သား) ကံသရာဇာ
  17. (သား) ကလိင်္ဂရာဇာ
  18. (သား) သင်းတွဲရာဇာ
  19. (သား) သီဟဠရာဇာ
  20. (ညီ) ဟံသရာဇာ
  21. (သား) ဝရရာဇာ
  22. (သား) အလောင်းရာဇာ
  23. (သား) ကောလကရာဇာ
  24. (သား) သူရိယရာဇာ
  25. (သား) သင်ကြီးရာဇာ
  26. (သား) တိုင်းချစ်ရာဇာ
  27. (သား) မဓုရာဇာ
  28. (သား) မင်းလှကြီးရာဇာ
  29. (သား) သံသုသီဟရာဇာ
  30. (သား) ဓနင်္ဂရာဇာ
  31. (သား) ဟိန္ဒရာဇာ
  32. (သား) မောရိယရာဇာ
  33. (သား) ဘိန္နကရာဇာ တို့ဖြစ်သည်။ *(စိန၊ တရုတ်)တို့ ဖျက်၍ တကောင်း ပြည်ပျက် လေသည်။ [၂]

ကိုးကား [ပြင်​ဆင်​ရန်​]

  1. ဒေါက်တာသန်းထွန်း၏ ပျူတွေဘယ်ပျောက်သွားသလဲ (၂၀၀၆-ခု၊ ဇူလိုင်၊ ပကြိမ်)
  2. ဦးကိုကိုဦး ၏ သမိုင်းစဉ်ဆက် သက္ကရာဇ် မှတ်တမ်းများ (၂၀၀၅-ခု၊ အောက်တိုဘာလ၊ ပကြိမ်)