သွပ်
| သွပ် | |
| အက်တမ် အမှတ်စဉ် | ၃၀ |
|---|---|
| အက်တမ် အလေးချိန် | 65.38(4) g·mol−1 |
| ပုံသဏ္ဌန် | အခဲ |
| သိပ်သည်းဆ | 7.14 g·cm−3 |
| အရည်ပျော်မှတ် | 419.53 °C |
| ရေဆူမှတ် | 907 °C |
| ဗင်န်ဒါဝေါလ် အချင်းဝက် | 139 pm |
| အိုင်ဆိုတုပ် မျိုးကွဲပေါင်း | ၅ |
| အီလက်ထရွန်းနစ် ရှဲလ် | [Ar] 3d10 4s2 |
| ပထမ အိုင်ရွန်နိုင်ဇေးရှင်း ဖြစ်ရန် လိုသောစွမ်းအင် |
906.4 kJ·mol−1 |
သွပ် (ဇင့်ခ်) သည် သတ္တုဒြပ်စင် တစ်မျိုးဖြစ်ပြီး အက်တမ်အမှတ်စဉ်မှာ ၃၀ ဖြစ်ကာ ယင်း၏ ဓာတုဗေဒ သင်္ကေတမှာ Zn ဖြစ်သည်။ သွပ်သည် ဓာတု ဂုဏ်သတ္တိများအရ မဂ္ဂနီဆီယမ်နှင့် ဆင်တူသည်။ အကြောင်းမှာ ယင်းတို့၏ အိုင်ယွန်း (ion - အီလက်ထရွန် အရေအတွက် လျော့နေသော အက်တမ်) များမှာ အရွယ်တူနီးပါးရှိကာ များသောအားဖြင့် အောက်ဆိုဒ် ဒြပ်ပေါင်းများတွင် +2 အဖြစ်တွေ့ရှိရသောကြောင့် ဖြစ်သည်။ ကမ္ဘာ့ အပေါ်ယံမြေလွှာတွင် သွပ်သည် နံပတ် ၂၄ မြောက် အများဆုံး တွေ့ရသည့် ဒြပ်စင်ဖြစ်ပြီး တည်ငြိမ်သည့် အိုင်ဆိုတုပ် ၅ မျိုးရှိသည်။ သွပ်သတ္တုရိုင်းများအနက် ဇင့်ခ်ဆာလဖိုဒ် (zinc sulfide) တစ်မျိုးဖြစ်သည့် Sphalerite မှာ အသုံးအဝင်ဆုံး ဖြစ်သည်။ အကြီးမားဆုံးသော သွပ်သတ္တုတွင်းများကို ဩစတြေးလျ၊ အာရှနှင့် အမေရိကန် ပြည်ထောင်စုတို့တွင် တွေ့ရှိရသည်။
သွပ်နှင့် ကြေးနီ ရောစပ်ထားသော သတ္တုစပ် ကြေးဝါကို အစောဆုံး ဘီစီ ၁၀ ရာစုနှစ်မှ စ၍ အသုံးပြုခဲ့ကြသည်။ သန့်စင်သော သွပ်ကို ၁၃ ရာစုနှစ်ရောက်မှသာ အိန္ဒိယတွင် ထုတ်လုပ်နိုင်သည်။ ဥရောပသားများသည် ၁၆ ရာစုနှစ်ရောက်မှသာ သွပ်ကို သိရှိကြသည်။ အဂ္ဂိရတ်ဆရာများသည် ‘ဖြူစင်သောနှင်း’ (white snow) ဟုခေါ်သည့် ဇင့်ခ်အောက်ဆိုဒ် ရရှိရန် သွပ်ကို လေထဲတွင် မီးရှို့ကြသည်။
သွပ်ကို သံကြေးမတက်လွယ်သည့် သံမဏိ ထုတ်လုပ်ရာတွင် အများဆုံး အသုံးပြုကြသည်။ သွပ်သည်လည်း လူ့ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သည့် တွင်းထွက်ပစ္စည်း တစ်မျိုးဖြစ်သည်။[၁] ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ လူဦးရေ ၂ သန်းခန့်သည် ဇင့်ခ်ချို့တဲ့မှု ခံစားနေရပြီး ရောဂါ အတော်များများသည် ဇင့်ခ်ချို့တဲ့မှုကြောင့် ဖြစ်သည်။[၂]ကလေးသူငယ်များတွင် ကြီးထွားမှု နှောင့်နှေးခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်စေနိုင်သည်။ ဇင့်ခ်ချို့တဲ့မှုကြောင့် နှစ်စဉ် ကလေးဦးရေ ၈ သိန်းခန့် အသက်ဆုံးရှုံးရသည်။
သွပ် [ပြင်ဆင်ရန်]
သွပ်ကိုလူတိုင်းပင်ကြားဖူးမြင်ဖူး ကြပေသည်။ သို့သော် ကြားဖူးမြင်ဖူးကြသလောက် သွပ်အကြောင်းကို သေသေချာချာသိရှိသူနည်းပါးလှ၏။ သွပ်စစ်စစ်သည် ဖြူပြာပြာအဆင်းရှိ၍ မျက်နှာပြင် တောက်ပသောသတ္တုတစ်မျိုးဖြစ်၏။ သွပ်သည်ဆတ်၍ ချိုးဖဲ့လိုက်သည့် အခါတောက် ပသောအပိုင်းအစများကို ရရှိသည်။ သွပ်ကိုမီးပြင်းတိုက်၍ ကျိုလိုက်သောအခါ ရ၈၈ ဒီဂရီဖာရင် ဟိုက်အပူချိန်တွင် အရည်ပျော်၍အပူချိန် ၁ရဝ၆ ဒီဂရီဖာရင်ဟိုက်တွင်ဆူပွက်၏။ သွပ်ကိုသယံဇာတအဖြစ်ဖြင့် တူးဖေါ်၍မရနိုင်သော်လည်း သွပ်သတ္တုရိုင်းများဖြစ်သော ဇင့်ကိုက်နှင့် ဖရန်ကလင် နိုက်ခေါ် ဇင့်အောက်ဆိုက်များ၊ ကယ်လမိုင်းခေါ်ဇင့်ကာဗွန်နိတ်နှင့်ဇင့်ဗလင်းခေါ် ဇင့်ဆာလဖိုဒ် စသောဒြဗ်ပေါင်းတို့မှအမြောက်အမြားထုတ်ယူရရှိလေသည်။
ရောင်းချရန်သွပ်ကို သတ္တုရိုင်းများမှ အမြောက်အမြား ထုတ်ယူပုံမှာ ပထမဗင့်ကာဗွန်နိ်တ် (ဇညဂ္ဂဥ၃)ကိုဖြစ်စေ၊ ဇင့်ဆာလဖိုဒ် (ဇညှ) ကိုဖြစ်စေ၊ ဒယ်တွင်ထည့်၍ မီးပြင်းတိုက်ကာလှော်ပေး၏။ ထိုသို့လှော်ပေးသောအခါ သွပ်သတ္တုရိုင်းသည် ဇင့်အောက်ဆိုက်အဖြစ်သို့ ပြောင်းလဲ သွား၏။ ဇည ဂ္ဂဥ၃ ှု ဇညဥ ဏ ဂ္ဂဥ၂ ဇင့်ကာဗွန်နိတှု် ဇင့်အောက်ဆိုက်ဏကာဗွန်ဒိုင်အောက်ဆိုက် ရရှိသောဇင့်အောက်ဆိုက် (ဇညဥ) မှုန့်များကို မီးသင်းပြီး ကျောက်မီးသွေးမှုန်များနှင့်ရော၍မီး ခံရွှံ့စေးဖြင့်ပြုလုပ်ထားသော ပေါင်းအိုးတွင်ထည့်ပြီးလျှင် ရဲလာအောင်မီးပြင်းတိုက်ပေးရ၏။ ထိုအခါဇင့်အောက်ဆိုက်မှ အောက်ဆီဂျင်နှင့်ကာဗွန်တို့ ပေါင်းစပ်ပြီးလျှင် ကာဗွန်မွန်အောက်ဆိုက် (ဂ္ဂသ) ဓာတ်ငွေ့အဖြစ်ဖြင့် ထွက်သွားသည့်အတွက်သွပ်သက်သက်သာကျန်နေခဲ့၏။ ထို ကျန်နေသောသွပ်သည် အငွေ့အဖြစ်ဖြင့် ထွက်လာသဖြင့် ပေါင်းချွေးခံနည်းဖြင့် ခံယူလိုက်သည်တွင်သွပ်အတုံးများကို ရရှိသည်။ ဇညဥ ဏ ဂ္ဂ ှု ဇည ဏ ဂ္ဂဥ ဇင့်အောက်ဆိုက် ဏ ကာဗွန် ှု ဇင့် ဏ ကာဗွန်မွန်အောက်ဆိုက် သွပ်အကြီးအကျယ်ထွက်သောနိုင်ငံများမှာ ဂျာမနီ၊ 0x100သစတြေးလီးယား၊ ဆာဒင်းနီးယား၊ ပြင်သစ်၊ ကနေဒါ၊ ပိုလန်၊ ဗဲလဂျီယမ်နှင့်အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၌လည်း ဘော်တွင်းမှ အနည်းအကျဉ်းထွက်၏။ သွပ်သည်လေထဲတွင်လည်းကောင်း၊ ရေထဲတွင်လည်းကောင်းချေး မတက်နိုင်သောကြောင့် သံပြားများ သံချေးမတက်နိုင်စေခြင်းငှာ သွပ်ရည်ကို သုတ်လိမ်းထားပေးရ၏။ သွပ်ရည် သုတ်လိမ်းပုံမှာ သံပြားများကို အရည်ကျိုထားသောသွပ်ရည်ထဲသို့ နှစ်လိုက်ပြီးနောက် ပြန်ဆွဲတင်ယူလိုက်ရ၏။ လျှပ်စစ် ဓာတ်အိုးများတွင်လည်းကောင်း၊ ဓာတ်ပုံ ဗလောက် များတွင်လည်းကောင်း၊ သတ္တုများ သွန်းရာတွင်လည်းကောင်း သွပ်ကိုများစွာအသုံးပြုကြ၏။ သွပ်နှင့်ကြေးနီ ရောစပ်ထားသောဗရပ်ခေါ် ကြေးဝါသတ္တုစပ်သည် အလွန်အသုံးဝင်၏။ အခြားသွပ်ပါသော သတ္တုစပ်တစ်မျိုးမှာ ဂျာမန်ငွေ (ကြေးနီ၊ သွပ်နှင့်နစ်ကယ်)တို့ ဖြစ်၏။ ရွှေနှင့်ငွေတို့ကို သတ္တုရိုင်းများမှထုတ်ယူရာ၌လည်း သွပ်ကိုအသုံးပြုကြသေး၏။ ဇင့်ကာဗွန်နိတ်၊ ဇင့်အက်ဆီတိတ်၊ ဇင့်စတီရာရိတ်စသောသွပ်ဒြဗ်ပေါင်းများသည် ဘယဆေးများ ဖေါ်စပ် လုပ်ကိုင်ရာ၌အသုံးကျ၏။ သွပ်နှင့်ကြေးနီ ရောစပ်ထားသော ကြေးဝါသတ္တုစပ်ကို ယမ်းတောင့်များ၊ ဗုံးခွံများနှင့်အခြား စစ်ဘက်ဆိုင်ရာ ပစ္စည်းများပြုလုပ်ရာ၌ များစွာအသုံးပြုကြသည့်ပြင် သိပ္ပံကိရိယာတန် ဆာပလာများပြုလုပ်ရာ၌ လည်းအသုံးပြုကြ၏။ ထိုကြောင့် စစ်အတွင်းတွင် သွပ်ကို အတိုင်းတိုင်းအပြည်ပြည်များမှ များစွာစုဆောင်းသိုလှောင်ထားကြရလေသည်။ သွပ်ကို အလယ်ခေတ်လောက်တွင် ဂျော့ဂျီယပ်အဂရစ်ကိုလာ အမည်ရှိအဂ္ဂိရတ်ဆရာကြီးတစ် ဦးကသတ္တုရိုင်းများကိုဖိုကြီးများတွင်ထည့်၍ ကျိုရာမှ ပထမစတင်တွေ့ရှိလေသည်။ ထိုအချိန်မှစ၍ ဓားလှံစသော လက်နက်များ၊ စစ်သည်တော်များနှင့်သူရဲကောင်းများ တပ်ဆင် ကြသည့် ကကြိုးတန် ဆာများပြုလုပ်ရာတွင် သွပ်ကို အသုံးပြုခဲ့ကြလေသည်။ ဈေးဆိုင်များတွင် ရောင်းချသော သွပ်မှာသွပ် စစ်စစ်မဟုတ်ချေ။ သံ၊ ခဲ၊ စိန်ဖြူ၊ ကာဗွန်စသောပစ္စည်းများ အနည်းအကျဉ်းပါဝင်လျက်ရှိ၏။ သွပ်စစ်စစ်ကိုလိုသော် ဇင့်ဆာလဖိတ်ရည်ကို လျှပ်စစ်ဓာတ် ခွဲနည်းဖြင့် ထုတ်ယူနိုင်လေသည်။ [၃]
ကိုးကား [ပြင်ဆင်ရန်]
- ↑ Hambidge, K. M. and Krebs, N. F. (2007), "Zinc deficiency: a special challenge", J. Nutr. 137 (4): 1101
- ↑ Prasad, A. S. (2003), "Zinc deficiency", British Medical Journal 326 (7386): 409
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
| ဒြပ်စင်အလှည့်ကျဇယား(Periodic table) | |||||||||||||||||||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| H | He | ||||||||||||||||||||||||||||||||||||||||
| Li | Be | B | C | N | O | F | Ne | ||||||||||||||||||||||||||||||||||
| Na | Mg | Al | Si | P | S | Cl | Ar | ||||||||||||||||||||||||||||||||||
| K | Ca | Sc | Ti | V | Cr | Mn | Fe | Co | Ni | Cu | Zn | Ga | Ge | As | Se | Br | Kr | ||||||||||||||||||||||||
| Rb | Sr | Y | Zr | Nb | Mo | Tc | Ru | Rh | Pd | Ag | Cd | In | Sn | Sb | Te | I | Xe | ||||||||||||||||||||||||
| Cs | Ba | La | Ce | Pr | Nd | Pm | Sm | Eu | Gd | Tb | Dy | Ho | Er | Tm | Yb | Lu | Hf | Ta | W | Re | Os | Ir | Pt | Au | Hg | Tl | Pb | Bi | Po | At | Rn | ||||||||||
| Fr | Ra | Ac | Th | Pa | U | Np | Pu | Am | Cm | Bk | Cf | Es | Fm | Md | No | Lr | Rf | Db | Sg | Bh | Hs | Mt | Ds | Rg | Cn | Uut | Uuq | Uup | Uuh | Uus | Uuo | ||||||||||
|
|||||||||||||||||||||||||||||||||||||||||
|
|||||||||||||||||||||||||||||||||||||||||