နိဝရဏတရားငါးပါး

ဝီကီပီးဒီးယား မှ

နိဝရဏတရား ဟူသည် နိဗ္ဗာန်ကို ပိတ်ပင်ဖုံးကွယ်၍ ကန့်သတ်တတ်သောတရားများကို ဆိုလိုသည်။

နိဝရဏတရားငါးပါး

  1. ကာမစ္ဆန္ဒနိဝရဏ = လိုချင်တပ်မက်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
  2. ဗျာပါဒနိဝရဏ = ဒေါသအမျက်ထွက်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
  3. ထိနမိဒ္ဓနိဝရဏ = ငိုက်မြည်းခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
  4. ဥဒ္ဓစ္စကုက္ကုစ္စနိဝရဏ = စိတ်ပျံ့လွင့်ခြင်း၊ နောင်တတဖန်ပူပန်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
  5. ဝိစိကိစ္ဆာနိဝရဏ = သံသယရှိခြင်း၊ ယုံမှားခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။

ဘုရားရှင်က သိင်္ဂါရဝပုဏ္ဏားအား ဥပမာပေးရှင်းပြပုံ

  1. ကာမစ္ဆန္ဒနိဝရဏ = ဆေးနီ၊ ဆေးဝါ၊ ဆေးပြာ
  2. ဗျာပါဒနိဝရဏ = ဆူနေသောရေနွေးအိုးထဲမှရေ
  3. ထိနမိဒ္ဓနိဝရဏ = မှော်ဖတ်၊ မှော်ရိပ်
  4. ဥဒ္ဓစ္စကုက္ကုစ္စနိဝရဏ = သစ်ပင်ရိပ်၊ လေတိုက်၍ရေပြင်မငြိမ်
  5. ဝိစိကိစ္ဆာနိဝရဏ = အနယ်ဖတ်များကျ

ဘုရားရှင်က အဇာတသတ်မင်းကြီးအား ဥပမာပေးရှင်းပြပုံ

  1. ကာမစ္ဆန္ဒနိဝရဏ = ကြွေးတင်နေသောသူ
  2. ဗျာပါဒနိဝရဏ = သည်းခြေရောဂါရှိနေသောသူ
  3. ထိနမိဒ္ဓနိဝရဏ = ထောင်ကျနေသာသူ
  4. ဥဒ္ဓစ္စကုက္ကုစ္စနိဝရဏ = ကျွန်
  5. ဝိစိကိစ္ဆာနိဝရဏ = လမ်းခွဆုံရောက်နေသောသူ

ကျမ်းကိုး