နိဝရဏတရားငါးပါး

ဝီကီပီးဒီးယား မှ

နီဝရဏတရား ဟူသည် နိဗ္ဗာန်ကို ပိတ်ပင်ဖုံးကွယ်၍ ကန့်သတ်တတ်သောတရားများကို ဆိုလိုသည်။

နီဝရဏတရားငါးပါး[ပြင်ဆင်ရန်]

  1. ကာမစ္ဆန္ဒနီဝရဏ = လိုချင်တပ်မက်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။ အာရုံငါးပါး အဆင်း အသံ အနံ့ အရသာ အထိအတွေ့ စတဲ့ အာရုံတွေကိုလိုခြင်တပ်မက်ခြင်းများ။
  2. ဗျာပါဒနီဝရဏ = ဒေါသအမျက်ထွက်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။မကျေနပ်မှု ဒေါသထွက်ခြင်း၊ စိုးရိမ်ကြောင့်ကြမှု ဗျာပါဒ။
  3. ထိနမိဒ္ဓနီဝရဏ = ငိုက်မြည်းခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။ အလုပ်ကိုစမလုပ်ခြင်း၊ လမ်းခုလပ်၌ ရပ်တန့်ခြင်း။
  4. ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ = စိတ်ပျံ့လွင့်ခြင်း၊ နောင်တတဖန်ပူပန်ခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။
  5. ဝိစိကိစ္ဆာနီဝရဏ = သံသယရှိခြင်း၊ ယုံမှားခြင်းဖြင့် နိဗ္ဗာန်ကို ဖုံးကွယ်၍ ကန့်ကွက်ခြင်း။

ဘုရားရှင်က သိင်္ဂါရဝပုဏ္ဏားအား ဥပမာပေးရှင်းပြပုံ[ပြင်ဆင်ရန်]

  1. ကာမစ္ဆန္ဒနီဝရဏ = ဆေးနီ၊ ဆေးဝါ၊ ဆေးပြာ
  2. ဗျာပါဒနီဝရဏ = ဆူနေသောရေနွေးအိုးထဲမှရေ
  3. ထိနမိဒ္ဓနီဝရဏ = မှော်ဖတ်၊ မှော်ရိပ်
  4. ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ = သစ်ပင်ရိပ်၊ လေတိုက်၍ရေပြင်မငြိမ်
  5. ဝိစိကိစ္ဆာနီဝရဏ = အနယ်ဖတ်များကျ

ဘုရားရှင်က အဇာတသတ်မင်းကြီးအား ဥပမာပေးရှင်းပြပုံ[ပြင်ဆင်ရန်]

  1. ကာမစ္ဆန္ဒနီဝရဏ = ကြွေးတင်နေသောသူ
  2. ဗျာပါဒနီဝရဏ = သည်းခြေရောဂါရှိနေသောသူ
  3. ထိနမိဒ္ဓနီဝရဏ = ထောင်ကျနေသာသူ
  4. ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ = ကျွန်
  5. ဝိစိကိစ္ဆာနီဝရဏ = လမ်းခွဆုံရောက်နေသောသူ

ကျမ်းကိုး[ပြင်ဆင်ရန်]