လက်ဖက်သုပ်
ပုံပန်းသွင်ပြင်
အဓိကသုံးဆောင်မှု | အဆာပြေ |
---|---|
မူရင်းနိုင်ငံ | မြန်မာ |
ဖန်တီးသူ | မသိ |
သုံးဆောင် အပူချိန် | အအေး |
အဓိက ပါဝင်ပစ္စည်း | လက်ဖက်၊ အကြော် |
Cookbook: လက်ဖက်သုပ် Media: လက်ဖက်သုပ် |
လက်ဖက်သည် မြန်မာ့ရိုးရာ အစားအစာတစ်မျိုးဖြစ်သည်။ လက်ဖက်သုပ် ကို မြန်မာလူမျိုးများနှစ်သက်စွာ စားသုံးကြသည်။ အလှူမင်္ဂလာနှင့် ပွဲလမ်းသဘင်များတွင် လက်ဖက်သည် မပါမဖြစ် ဖြစ်သည်။ လက်ဖက်သုပ်ထဲတွင် အဓိကအားဖြင့် လက်ဖက်အပြင် ပဲအမျိုးမျိုး၊နှမ်းစေ့ စသည်တို့ပါဝင်ပြီး ခရမ်းချဉ်သီး၊ပုစွန်ခြောက်၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီ၊ ပြောင်းဖူးစသည်တို့ကိုလည်း ထည့်ပြီးစားသုံးနိုင်ပါသည်။လက်ဖက်အမျိုးအစားကို ချဥ်စပ်၊ အဆိမ့်၊ အခါး စသည့်အရသာများနှင့်လည်း စားသုံးနိုင်ပါသည်။