အုန်းနို့ခေါက်ဆွဲ
ပုံပန်းသွင်ပြင်
အဓိကသုံးဆောင်မှု | နံနက်စာ၊ အစာပြေ |
---|---|
မူရင်းနိုင်ငံ | မြန်မာ |
ဖန်တီးသူ | မသိ |
သုံးဆောင် အပူချိန် | အပူ |
အဓိက ပါဝင်ပစ္စည်း | ဂျုံခေါက်ဆွဲ၊ ကြက်သား၊ အုန်းနို့ဟင်းရည် |
Cookbook: အုန်းနို့ခေါက်ဆွဲ Media: အုန်းနို့ခေါက်ဆွဲ |
အုန်းနို့ခေါက်ဆွဲ(Khao Soi)ဆိုသည်မှာ ဂျုံခေါက်ဆွဲဖတ်ကိုပြုတ်ပြီးနောက် အုန်းနို့၊ ကုလားပဲ၊ ကြက်သားတို့ဖြင့် ပြုလုပ်ထားသောဟင်းရည်ဖြင့် ဆမ်း၍စားရသော စားစရာကိုဆိုလိုသည်။ အလွန်အရသာရှိသော စားဖွယ်တစ်မျိုးဖြစ်သည်။ ကြက်သွန်နီပါးပါးလှီး၊ ကြက်ဥပြုတ်ပါးပါးလှီး၊ အချဉ်လိုပါက သံပုရာသီးစိတ်တို့ဖြင့် စားသောက်ကြသည်။ မြန်မာနိုင်ငံအပါအဝင် အာရှတိုက်တောင်ပိုင်းနိုင်ငံများတွင် စားသောက်လေ့ရှိကြသည်။ အုန်းနို့၊ ကြက်သားတို့ပါဝင်သဖြင့် စားလျှင်သွေးတက်တတ်ပြီး သွေးတိုးရှိသူများစားသုံးရန်မသင့်ပေ။