သာသနာ
![]() |
သာသနာ Śāsana (Teachings Of Buddha) မှာ- ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမ တရားတော်များ + ဗုဒ္ဓမြတ်စွာဘုရားဟောကြားသော “ပိဋကတ်ကျမ်းစာ” လာ အဆုံးအမ တရားတော်များ + ဗုဒ္ဓမြတ်စွာဘုရား၏ သားတော်ရဟန်းသံဃာတော်များ၏ အဆုံးအမ တရားတော်များ ဖြစ်သည်။ ဗုဒ္ဓဘာသာသည် ဖန်ဆင်းရှင်(Creator God) ကို လုံးဝလက်မခံကြပါ။ ဖန်ဆင်းရှင်ကို လုံးဝ မယုံကြည်ကြပါ။ (Buddhists do not believe in a Creator God)[၁]လုံးဝအသိအမှတ်မပြုကြပါ။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ ရတနာသုံးပါး ကိုသာ အသိအမှတ်ပြု ယုံကြည်ဆည်းကပ်ကိုးကွယ်၏။ ဗုဒ္ဓဘာသာ သာသနာ (teaching, practice, doctrine of Buddha Śāsana) တခုတည်းကသာ ယုံကြည်ခြင်း တခုတည်းကို သာမက ဘုရား၊တရား၊ သံဃာကို လုံးဝ မှီခိုအားထားကိုးကွယ်ယုံကြည်ခြင်း(believe in Lord Buddha, believe in Dharma teaching of Lord Buddha and believe in Sangha) + မိမိကိုယ်မိမိယုံကြည်ခြင်း(self-confidence )+ မေတ္တာ-ကရုဏာ (Loving-kindness)+မိမိကိုယ်မိမိအားကိုးခြင်း(self reliance)+ အသိဉာဏ်(intelligence)+ လက်တွေ့ကျင့်စဉ်(practice) လမ်းစဉ်ပေါ်တွင် အဓိက အခြေခံထားသည်။ ကံ ကံ၏အကျိုး နှင့် မိမိ တို့၏ ကာယကံ(ကိုယ်ဖြင့် ပြုလုပ်မှု) ၊ ဝစီကံ(နှုတ်ဖြင့် ပြောဆိုမှု) ၊ မနောကံ( စိတ်ဖြင့် ကြံစည်မှု) နှင့် မိမိ တို့၏ သီလ၊သမာဓိ၊ပညာ ကို အလေးအနက် ယုံကြည်သည်။ [၂] ဗုဒ္ဓသာသနာသည် မဂ်ဖိုလ် နိဗ္ဗာန်အကျိုး၊ တမလွန်အကျိုးများသာမက မျက်မှောက်ဘဝကြီးပွားရေးအတွက် ကျင့်ကြံရမည့် အောင်မြင်ရေး၊ စီးပွားရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပေါင်းသင်းဆက်ဆံရေးစသဖြင့် အကြောင်းအရာစုံလှ၏။ ဗုဒ္ဓမြတ်စွာဘုရားသည် အပြစ်ဒဏ်(punishment and Capital punishment ) သေဒဏ်ပေးသော နာကျင်စေအောင် အပြစ်ပေးသော စစ်ဘုရား မဟုတ်ပါ။ သေဒဏ်ချမှတ်သောဘုရား(God) မဟုတ်ပါ။ ဗုဒ္ဓမြတ်စွာဘုရား သည် သူကိုယုံကြည်သူများကို၎င်း၊ မယုံကြည်သူများကို၎င်း မေတ္တာထားသော လူသတ္တဝါ တို့အား ဒုက္ခအပေါင်းမှကယ်တင်သော မေတ္တာဘုရား ဖြစ်သည်။ ဗုဒ္ဓဘာသာသည် Religion မဟုတ်ပါ။ ယုံကြည်ခြင်း+အသိဉာဏ်+ လက်တွေ့ကျင့်စဉ် "Buddhism is not a religion , it is more of a philosophy" but a way of life (the truth of the cessation of suffering, anxiety, unsatisfactoriness) [၃] ဖြစ်သည်။ ဗုဒ္ဓဘာသာသည် မြန်မာ့ စွယ်စုံကျမ်းသဖွယ်ဖြစ်နေ၍ ဗုဒ္ဓဘာသာကို မြန်မာ့ယဉ်ကျေးမှု၏ ရေသောက်မြစ်ဟုလည်း တင်စားခေါ်ဆိုကြသည်။ မြန်မာနိုင်ငံ တွင် ဘီစီ ၅၈၈ ကပင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ကြောင်း သမိုင်းအထောက်အထားများအရ အတည်ပြု မှတ်သားနိုင်ပါသည်။ မြန်မာ့ဗုဒ္ဓသာသနာတော်အစ-တဖုဿနှင့် ဘလ္လိက ဟု၎င်း၊ မြန်မာ့ဗုဒ္ဓသာသနာအစ- ရွှေတိဂုံ က ၎င်း၊ ဆိုကြသည်။ တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ကမ္ဘာပေါ်တွင်ပထမဆုံး ဆွမ်းကပ်ရသူ ကမ္ဘာပေါ်တွင်ပထမဆုံး သရဏဂုံ တည်သူများ နှင့် ကမ္ဘာပေါ်တွင်ပထမဆုံးဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့၏။ ထို ရွှေတိဂုံစေတီတော် သည် ဂေါတမဘုရားရှင်၏ သာသနာတော်မှာ ကမ္ဘာမြေပြင်တွင် ပထမဦးဆုံးစေတီဖြစ်၏။ ထို့ကြောင့် မြန်မာနိုင်ငံ၌ “ဗုဒ္ဓသာသနာအစ- ရွှေတိဂုံက” ဟု ကဗ္ဗည်းထိုး မော်ကွန်းတင်ခဲ့ပြီ ဖြစ်သတည်း။ [၄]
အင်္ဂုတ္တိုရ်ပါဠိတော်လာ ပဟာရာဒသုတ်တွင် သမုဒ္ဒရာ၏ အံ့ဖွယ်ရှစ်ပါးနှင့် ဥပမာပြု၍ သာသနာတော်၏ အံ့ဖွယ်ရှစ်ပါးကို ဟောတော်မူထားပါသည်။ အကျဉ်းချုံး၍ ဖော်ပြပါမည်။
၁။ သမုဒ္ဒရာသည် ကမ်းစပ်မှ အလယ်သို့ တစတစနက်သွားသကဲ့သို့ သာသနာတော်၌ တစတစကျင့်သွားရသော ကျင့်စဉ် ရှိလေသည်။
၂။ သမုဒ္ဒရာရေသည် ကမ်းကို မလွန်သကဲ့သို့ သာသနာတော်၌ တပည့်သားတို့သည် သိက္ခာပုဒ်များကို လွန်ကျူး၍ မကျင့်။
၃။ အကောင်ပုဒ်များကို သမုဒ္ဒရာက လက်မခံ ( ကမ်းသို့ ပုတ်၍တင်ပစ် ) သကဲ့သို့ သာသနာတော်က ယုတ်မာသူတို့ကို လက်မခံ၊ သူ့အလိုလိုပင် သာသနာမှ ဝေးရာသို့ ရောက်သွားရသည်။
၄။ မြစ်ချောင်းတို့သည် သမုဒ္ဒရာသို့ရောက်လျှင် မူလအမည်ပျောက်၍ သမုဒ္ဒရာဟူသော အမည်သာ ဖြစ်ရသကဲ့သို့ မည်သည့်အမျိုးမှဝင်၍ ရဟန်းပြုပြု သာသနာတော်သို့ရောက်လျှင် ဘုရားသားတော်သာ ဖြစ်ရသည်။
၅။ မိုး မည်မျှပင်ရွာရွာ၊ နေ မည်မျှပင်ပူပူ သမုဒ္ဒရာ၌ ရေအတိုးအလျော့ မရှိသကဲ့သို့ နိဗ္ဗာန်ဟူသော ငြိမ်းအေးမှု ဓာတ်တမျိုးသည် သာသနာတော်၌ အတိုးအလျော့ မရှိ။
၆။ သမုဒ္ဒရာသည် ငန်သောအရသာ တမျိုးတည်းသာ ရှိသကဲ့သို့ သာသနာတော်၌ လွတ်မြောက်မှု ဝိမုတ္တိရသ တမျိုးတည်းသာ ရှိသည်။
၇။ သမုဒ္ဒရာသည် ရတနာအမျိုးမျိုး၏ တည်ရာဖြစ်သကဲ့သို့ သာသနာတော်သည် သတိပဋ္ဌာန်၊ သမ္မပ္ပဓာန် စသော ဗောဓိပက္ခိယတရား ၃၇-ပါးတို့၏ တည်ရာဖြစ်သည်။
၈။ သမုဒ္ဒရာသည် ကြီးမားသော ငါးသတ္တဝါကြီးတို့၏ နေရာဖြစ်သကဲ့သို့ သာသနာတော်သည် သောတာပန်စသော အရိယာတို့၏ နေရာ ကျင့်သုံးရာ ဖြစ်လေသည်။
အခြားကြည့်ရန်[ပြင်ဆင်ရန်]
- ဓမ္မဒူတ ပါမောက္ခ ဒေါက်တာ ဆရာတော် အရှင် ဆေကိန္ဒ ၏ သာသနာတရားတော်
- ဗုဒ္ဓဝင် The Life of the Buddha (Whole Biography) an animation movie, Youtube
- ဗုဒ္ဓဝင် The Legend of Buddha (Buddhist Film) HQ movie, Youtube
- ဗုဒ္ဓဝင် Life Of The Lord Buddha Part 1 movie, (Lao/Thai) Youtube
- 부처님일대기 ဗုဒ္ဓဝင် Biography of the Buddha for Children (Cartoon)
- ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာ
- ဗုဒ္ဓ Buddha was born in Lumbini Nepal BC 623
- The Story Of 'Gautama Buddha' for kids
- အိုင်းစတိုင်း နှင့် သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ
- သပိတ်အိုင်ဆရာတော် (သီတဂူ ဆရာတော်) ဒေါက်တာ အရှင်ဉာဏိဿရ ၏ အာနာပါန၊ သတိပဌာန္တရား (၁)
- သပိတ်အိုင်ဆရာတော် (သီတဂူ ဆရာတော်) ဒေါက်တာ အရှင်ဉာဏိဿရ ၏ အာနာပါန၊ သတိပဌာန္တရား (၂)
- သပိတ်အိုင်ဆရာတော် (သီတဂူ ဆရာတော်) ဒေါက်တာ အရှင်ဉာဏိဿရ ၏ အာနာပါန၊ သတိပဌာန္တရား (၃)
- မြို့မ-မြင့်ကြွယ် ၏ အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား
- ဗုဒ္ဓဝင် The Buddha (Cartoon)
- Buddhist Arround the World!
- သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းLearn How to Meditate Part 1 of 5
- သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းLearn How to Meditate Part 2 of 5
- သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းLearn How to Meditate Part 3 of 5
- သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းLearn How to Meditate Part4 of 5
- သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းLearn How to Meditate Part5 of 5
- မြတ်ဗုဒ္ဓ သည် Gods နှင့် လူသား တို့ ၏အမြင့်မြတ်ဆုံးသောဆရာ
ကျမ်းကိုး[ပြင်ဆင်ရန်]
- ↑ http://www.burmeseclassic.com/tayar_player.php?id=631&FMfile=AShinSayKaneDa_033.xml
- ↑ ဗုဒ္ဓဒေသနာတော်ဝေါဟာရ အဘိဓာန်
- ↑ Zen 101 | Why Buddhism Is a Religion, Not Just a
- ↑ ရွှေတိဂုံသမိုင်းသစ် (အရှင်အာဒိစ္စရံသီ)