ဝိပါကပစ္စည်း
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
[၁] ဝိပါက်-အကျိုး-ဖြစ်၍ (ဝိပါက်-အကျိုး-၏အဖြစ်ဖြင့်) ကျေးဇူးပြုတတ်သောတရား၊ ချမ်းအေးသောလေသည် ချမ်းအေးသောအရိပ်၌ နေသောသူအား ချမ်းငြိမ်းစေခြင်းငှါ ကျေးဇူး ပြုသကဲ့သို့ ငြိမ်သက်သည်၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား၊ (ပဋ္ဌာန်း ကျမ်းလာ ၁၄-ခုမြောက်) ဝိပါကပစ္စည်း။ [၂][၃]
ဝိပါကသဘော
[ပြင်ဆင်ရန်]ဝိပါက်တို့၏သဘောသည် စေတနာကံသဘောနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်၏။ ကုသိုလ်အကုသိုလ် ဇောတို့သည် နောင်အခါအကျိုးပေးဘို့ရန်လည်းကောင်း ယခုလောလောဆယ် ကိုယ်မှု နှုတ်မှု စိတ်မှု ဟူသော အမူအရာကြိယာစုကို ဖြစ်စေဘို့ရန်လည်းကောင်း ဗျာပါရရှိကြကုန်၏။ ဝိပါက်စိတ်တို့ကား ကုသိုလ်အကုသိုလ်ကံကြောင့် အဆင်သင့်ဖြစ်ကြရသည့်အတွက် ထိုကဲ့သို့ဗျာပါရမျိုးမရှိကြ။ ထို့ကြောင့် ကုသိုလ်အကုသိုလ်ဇောတို့၏ ဖြစ်ပုံသည် ငြိမ်ငြိမ်သက်သက်မရှိ၊ ကြီးပွားရေးကို လိုလားသူ၏ ဗျာပါရများပုံ အေးအေးမနေတတ်ပုံနှင့် တူ၏။ ဝိပါက်စိတ်တို့၏ ဖြစ်ပုံကား ငြိမ်ငြိမ်သက်သက်ရှိလှ၏။ ဆရာမိဘတို့၏ အရှိန်ကြောင့် ငြိမ်ငြိမ်ကလေးနေရသူ ကြီးပွားရေးကို လုံးလုံးမလိုက်စားသူတို့ အေးစက်စက်နေထိုင်ပုံနှင့် တူ၏။
ဤဝိပါက်စိတ်တို့ ငြိမ်ငြိမ်သက်သက်ဖြစ်ပုံမှာလည်း အိပ်ပျော်စဉ် ဘဝင်ကျနေသည့်အခါဖြင့် ထင်ရှားလှ၏။ ထိုစကားမှန်၏-အိပ်ပျော်သည့်အခါ ဘဝင်ဟူသော ဝိပါက်စိတ်အစဉ်သာ ဖြစ်နေ၏။ ထိုဝိပါက်စိတ်တို့ဖြစ်နေပုံ စိတ်ဖြစ်မှန်းပင် မသိအောင် ငြိမ်သက်လှ၏။ ထိုအိပ်ပျော်ခိုက် သက်သက်၌ မည်သည့်ကိုယ်မှု နှုတ်မှု စိတ်၏ပယောဂမှုမျှ မဖြစ်ကြတော့ချေ။ ပဉ္စဒွါရဝီထိအခိုက်မှာလည်း ပဉ္စဝိညာဏ် သမ္ပဋိစ္ဆိုန်းစသော ဝိပါက်စိတ်များချည်းသာဆိုလျှင် ဖြစ်မှန်းပင်သိရှိမည်မဟုတ်။ ဇောစောလို့သာ ထိုပဉ္စဒွါရများ ထင်ရှားရလေသည်။ ဤမျှလောက်ပင် ဝိပါက်စိတ်တို့သည် ဗျာပါရကင်းလျက် ငြိမ်သက်သော တရားများပေတည်း။ ထို့ကြောင့် “လူအေးတစ်ယောက်က အခြားလူအေးတို့အား အေးအေးနေရန် စီမံသကဲ့သို့ မိမိကိုယ်တိုင် ဗျာပါရကင်းလျက် ငြိမ်သက်သည်ဖြစ်၍ တကွဖြစ်ဘက်တရားတို့အားလည်း ဗျာပါရကင်းလျက် ငြိမ်သက်ဘို့ရာ ကျေးဇူးပြုတတ်သော သတ္တိသည် ဝိပါကသတ္တိမည်၏ ဟုမှတ်။
(ရှေးဆရာတို့က ဤဝိပါကပစ္စည်း၏ ကျေးဇူးပြုပုံကို “အရိပ်ထဲနေသူအား လေညှင်းတိုက်ခတ်၍ အေးမြပုံနှင့်တူ၏”ဟု ဥပမာ ပြကြ၏။ သို့သော် ထိုအေးမြပုံမှာ သီတတေဇောလွှမ်းမိုးသော အေးမြခြင်းတည်း။ ဤဝိပါကပစ္စည်း၏ ငြိမ်သက်ပုံကား “သီတ” ခေါ်တဲ့ အအေးမဟုတ်။ ကိုယ်နှုတ်စိတ်အမူအရာကို ဖြစ်စေဘို့ရာ ဗျာပါရကင်းသော ငြိမ်သက်ခြင်းတည်း။ ထို့ကြောင့် ထိုဥပမာကို စဉ်းစားပါ။)
သစ်သီးမှည့်, ပွင့်ပြီးပန်းတို့သည် အားအစွမ်းကုန်ပြီးဖြစ်၍ ညှိုးနွမ်းခြောက်သွေ့၍သွားသကဲ့ သို့ ကံရင့်ကျက်၍ ဖြစ်ပေါ်လာသော ဝိပါက်စိတ်တို့သည်လည်း ကုသိုလ်စိတ်,အကုသိုလ်စိတ်တို့ကဲ့သို့ ဝိပါက်စိတ်ကို ဖြစ်စေအောင်အားထုတ်ခြင်း ဗျာပါရ, ကိုယ်မှုနှုတ်မှုကို ဖြစ်စေခြင်း ဗျာပါရ မရှိကြကုန်။ ကြိယာစိတ်တို့သည် ဝိပါက်စိတ်ကို ဖြစ်စေအောင်အားထုတ်ခြင်း ဗျာပါရ မရှိ။ ကိုယ်မှုနှုတ်မှုကို ဖြစ်စေခြင်း ဗျာပါရကားရှိ၏။ ([၄]
ပစ္စည်း | ပစ္စယုပ္ပန် | ပစ္စနိက် |
(အချင်းချင်းအား၎င်း, အချင်းချင်း
စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ် အား တပ်သော) ဝိပါက်စိတ် ၃၆၊ စေ-၃၈ |
ဝိပါက်စိတ် ၃၆၊ စေ-၃၈
ဝိညတ်ဒွေးကြဉ် စိတ္တဇရုပ် ပဋိသန္ဓေကမ္မဇရုပ် |
ကုသိုလ်စိတ် ၂၁၊ အကုသိုလ်စိတ်
၁၂၊ ကြိယာစိတ် ၂၀၊ စိတ္တဇရုပ်၊ ဗာဟိရရုပ်၊ ဥတုဇရုပ်၊ အာဟာရဇရုပ်၊ အသညသတ်ကမ္မဇရုပ် ပဝတ္တိကမ္မဇရုပ် |
ပစ္စယုပ္ပန်ဝယ် ဝိပါက်နာမက္ခန္ဓာတို့တွင် အရူပဝိပါက် ဒွေပဉ္စဝိညာဏ်တို့က ရုပ်ကိုမဖြစ်စေနိုင်။ ဝိပါက်နာမက္ခန္ဓာတို့က ဝိညတ်ရုပ်ကို မဖြစ်စေနိုင်သောကြောင့် “ဝိညတ်ဒွေးကြဉ်သော စိတ္တဇရုပ်”ဟု ဆိုသည်။
နာမ်အချင်းချင်း ပစ္စည်းပစ္စယုပ္ပန်ဖြစ်ပုံ
[ပြင်ဆင်ရန်]အရူပဘုံ၌ ပဋိသန္ဓေစိတ်နှင့် စေတသိက် ၃၀ ဟူသော နာမ်ခန္ဓာလေးပါး ဖြစ်ရာတွင် ဝိညာဏက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စည်း, ဝိညာဏက္ခန္ဓာသည် ပစ္စယုပ္ပန်၊ ဝေဒနာက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ် ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စည်း, ဝေဒနာက္ခန္ဓာသည် ပစ္စယုပ္ပန်၊ ဤသို့စသည် ဖြင့် ခန္ဓာတပါးသည် ပစ္စည်း, ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ခန္ဓာသုံးပါးသည် ပစ္စည်း, ခန္ဓာတပါးသည် ပစ္စယုပ္ပန်၊ ခန္ဓာ၂ပါးသည် ပစ္စည်း, ခန္ဓာ၂ပါးသည် ပစ္စယုပ္ပန်စသည်ဖြင့်သိပါ။
အပါယ်လေးဘုံသား လူနတ်ဗြဟ္မာတို့၏ သန္တာန်တွင် မြင်စိတ်ကြားစိတ်စသည် ဖြစ်ရာတွင်လည်း ဝိညာဏက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စည်း, ဝိညာဏက္ခန္ဓာသည် ပစ္စယုပ္ပန်၊ ဝေဒနာက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ် ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ကြွင်းနာမ်ခန္ဓာသုံးပါးသည် ပစ္စည်း, ဝေဒနာက္ခန္ဓာသည် ပစ္စယုပ္ပန်၊ ဤသို့စသည် ဖြင့် ခန္ဓာတပါးသည် ပစ္စည်း, ခန္ဓာသုံးပါးသည် ပစ္စယုပ္ပန်၊ ခန္ဓာသုံးပါးသည် ပစ္စည်း, ခန္ဓာတပါးသည် ပစ္စယုပ္ပန်၊ ခန္ဓာ၂ပါးသည် ပစ္စည်း, ခန္ဓာ၂ပါးသည် ပစ္စယုပ္ပန်စသည်ဖြင့်သိပါ။
နာမ်အချင်းချင်းနှင့် စိတ္တဇရုပ်, ပဋိသန္ဓေကမ္မဇရုပ် ပစ္စည်း ပစ္စယုပ္ပန်ဖြစ်ပုံ
[ပြင်ဆင်ရန်]ပဉ္စဝေါကာရဘုံဝယ် ပဋိသန္ဓေအခါ၌ ဆိုင်ရာ ပဋိသန္ဓေစိတ်စေတသိက် ဟူသောနာမက္ခန္ဓာနှင့် ကမ္မဇရုပ်တို့ဖြစ်ရာ ဝိညာဏက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ်ခန္ဓာ၃ပါးနှင့် ကမ္မဇရုပ်သည် ပစ္စယုပ္ပန်၊ ကြွင်းနာမ်ခန္ဓာ ၃ ပါးသည် ပစ္စည်း, ဝိညာဏက္ခန္ဓာနှင့် ကမ္မဇရုပ်သည် ပစ္စယုပ္ပန်၊ ဤသို့စသည်ဖြင့် ခန္ဓာတပါးသည် ပစ္စည်း, ခန္ဓာ ၃ ပါးနှင့် ကမ္မဇရုပ်သည် ပစ္စယုပ္ပန်၊ ခန္ဓာ ၃ပါးသည် ပစ္စည်း, ခန္ဓာတပါးနှင့် ကမ္မဇရုပ်သည် ပစ္စယုပ္ပန်၊ ခန္ဓာ၂ပါးသည် ပစ္စည်း, ခန္ဓာ၂ပါးနှင့် ကမ္မဇရုပ်သည် ပစ္စယုပ္ပန် ဟု အပြန်အလှန် ကျေးဇူးပြုပုံသိပါ။
ပဝတ္တိအခါ၌ ဝိပါက်စိတ်စေတသိက်ဟူသော နာမက္ဓန္ဓာနှင့် ထိုစိတ်ကြောင့် စိတ္တဇရုပ်တို့ ဖြစ်ရာ ဝိညာဏက္ခန္ဓာသည် ပစ္စည်း, ကြွင်းနာမ်ခန္ဓာ ၃ ပါးနှင့် စိတ္တဇရုပ်တို့သည် ပစ္စယုပ္ပန်၊ ဤသို့စသည်ဖြင့် စိတ်ဖြစ်တိုင်း ဖြစ်တိုင်း သိပါလေ။
ခန္ဓာသုံးစွဲရပုံ
[ပြင်ဆင်ရန်]စိတ်စေတသိက်ချင်း အပြန်အလှန် ကျေးဇူးပြုရာ၌ “ဧကံ ခန္ဓံ ပဋိစ္စ တယောခန္ဓာ” စသည်ဖြင့် ကျေးဇူးပြုပုံကို ပါဠိတော်ရင်းမှာ တိုက်ရိုက်ပြထား၏။ ထို့ကြောင့် စိတ်စေတသိက်တို့ အပြန်အလှန် ကျေးဇူးပြုရာ သဟဇာတစသော ပစ္စည်းများ၌ ပစ္စည်းပစ္စယုပ္ပန်ဝယ် ခန္ဓာဟူသော စကားလုံးကို အသုံးပြု ရသည်။ ထိုကဲ့သို့ စိတ်စေတသိက်ခြင်း အပြန်အလှန်မရသော ပစ္စည်းများ၌ ခန္ဓာဟု မသုံးစွဲရ။ [၅] [၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဝိပါကပစ္စယ (ပု) [ဝိပါက+ပစ္စယ]
- ↑ ဝိပါကပစ္စယောတိ ဝိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညမညံ ဝိပါကပစ္စယေန ပစ္စယော။ ပဋ္ဌာန၊၁၊၇။ နိရုဿာဟသန္တဘာဝေန နိရုဿာဟသန္တဘာဝါယ ဥပကာရကော ဝိပါကဓမ္မော ဝိပါကပစ္စယော။ အဘိ၊ဋ္ဌ၊၃၊၃၄၉။ အတ္တနော နိရုဿာဟသန္တဘာဝေန သဟဇာတနာမရူပါနံ နိရုဿာဟသန္တဘာဝါယ ဥပကာရကာ ဝိပါကစိတ္တစေတသိကာ ဝိပါကပစ္စယော။ ဝိဘာဝိနီ၊၂၄၄။
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၉
- ↑ ပရမတ္ထသံခိပ်ဋီကာ ဒု ၅၀၆-၅၀၇ ကောက်နုတ်ချက်)
- ↑ (သုံးချက်စု ဘာဋီ ၂၂၄-၂၂၉)
- ↑ ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်။