ရာဂ

ဝီကီပီးဒီးယား မှ

[၁] (၁) ရာဂရှိသော၊ သူ။ [၂]

(၂) ဆိုးဆေး-ရေ-မှုန့်-နှင့်တူသော။ [၃] [၄]

ရာဂ၏ အမည်အမျိုးမျိုး[ပြင်ဆင်ရန်]

  • ထိုရာဂကို [၅]တို့၌ သတ္တဝါတို့သန္တာန်၌ စူးဝင်၍ ဆင်းရဲခြင်းကို ဖြစ်စေတတ်သည်၏ အဖြစ်ဖြင့် ဆူးနှင့်တူသောကြောင့် ကဏ္ဍက = ဆူး—
  • [၆]တို့၌ များသော ချုံနွယ်ပိတ်ပေါင်း ရှိသည်၏ အဖြစ်, ကြီးစွာသော အကျိုးမဲ့ကို ပြုတတ်သည်၏အဖြစ် ကူးမြောက်ရန် ခက်ခဲသည်၏ အဖြစ်တို့ဖြင့် ခရီးခဲနှင့် တူသောကြောင့် ကန္တာရ = ခရီးခဲ—
  • [၇]တို့၌ နောက်ကျုသည်၏အဖြစ် ကုသိုလ်စိတ် ဟူသော မိမိ၏အဖြစ်(—ဖြူစင်သောဂုဏ်)ကို စွန့်စေ၍ အကုသိုလ်စိတ်ဟူသော သူတစ်ပါး၏ အဖြစ်(= မည်းညစ်သောဂုဏ်)ကို ယူစေတတ် သည်၏အဖြစ်, ဖန်ခါးသော အရသာရှိသည်၏ အဖြစ်တို့ဖြင့် ဖန်ရည်နှင့် တူသောကြောင့် ကသာဝ = ဖန်ရည်—
  • [၈]တို့၌ ကြောင့်ကြဗျာပါရကို ဖြစ်စေတတ်သည်၏အဖြစ်, နင်းနယ်တတ်သည်၏အဖြစ်, ယစ်မူးစေတတ်သည်၏အဖြစ်တို့ဖြင့် တုန်လှုပ်စေတတ်သောကြောင့် ကိဉ္စန = ကြောင့်ကြမှု နင်းနယ်တတ်သော တရား၊ ယစ်မူးစေတတ်သောတရား၊ တုန်လှုပ်စေတတ်သောတရား-
  • [၉]တို့၌ ပူပန်စေတတ် နှိပ်စက် တတ်သောကြောင့် ကိလေသ = ပူပန်စေတတ် နှိပ်စက်တတ်သောတရား-
  • [၁၀]တို့၌ သတ္တဝါတို့ သန္တာန်မှ ထုတ်ဆောင်ခြင်းငှါ ခဲယဉ်းသည်၏အဖြစ်ဖြင့် ငြောင့်, တံသင်း, တံကျင်, စို့နှင့်တူသောကြောင့် ခီလ = ငြောင့်, တံသင်း, တံကျင်, စို့-
  • [၁၁]တို့၌ မစင်ကြယ်သော အကုသိုလ်တရားတို့ကို ယိုထွက်စေတတ် သည်၏အဖြစ်, ဥပါဒ်, ဌီ, ဘင်တို့ဖြင့် ဖူးဖူး ရောင်တတ်သည်၏အဖြစ်, ရင့်တတ်သည်၏ အဖြစ်, ပျက်တတ်သည်၏အဖြစ်တို့ဖြင့် အိုင်း အမာနှင့်တူသောကြောင့် ဂဏ္ဍ = အိုင်းအမာ—
  • [၁၂]တို့၌ ရှုပ်ထွေး၍ သွားလာရန် ခက်ခဲသည်၏ အဖြစ်ဖြင့် တောအုပ်နှင့် တူသောကြောင့် ဂဟန = တောအုပ်-ဟူ၍ အမည်နာမ အမျိုးမျိုးတို့ဖြင့် ဟောကြား ဖွင့်ဆိုတော်မူပေသည်။
  • ထို့ပြင်-[၁၃]တို့၌ ပူလောင်စေတတ်သည်၏ အဖြစ်ဖြင့် မီးနှင့်တူသောကြောင့် အဂ္ဂိ = မီး—
  • [၁၄]တို့၌ ရောယှက် ရှုပ်ထွေးသည်၏ အဖြစ်ဖြင့် ဆံကျစ်နှင့်တူသောကြောင့် ဇဋာ = ဆံကျစ်—
  • [၁၅]၌ ပူပန်စေတတ်သောကြောင့် ဒရထ = ပူပန်ခြင်း—
  • [၁၆]တို့၌ သတ္တဝါတို့၏ သန္တာန်မှ ထုတ်ဆောင်ခြင်းငှါ ခဲယဉ်းသည်၏ အဖြစ်ဖြင့် တံခါးခုံနှင့် တူသောကြောင့် ဣန္ဒခီလ = တံခါးခုံ—
  • [၁၇]တို့၌ နိဗ္ဗာန်တည်းဟူသော မြို့သို့ဝင်ခြင်းကို တားမြစ်တတ်သည်၏အဖြစ်ဖြင့် တံခါးကျည်နှင့် တူသောကြောင့် ပလိဃ = တံခါးကျည်—
  • [၁၈]တို့၌ အထက်အထက်၌ ဖြစ်လတ္တံ့ကုန်သော ရာဂတို့၏ အကြောင်းဖြစ်သောကြောင့် နိမိတ္တ =အကြောင်းတရား—
  • [၁၉]တို့၌ တောင့်တတတ်သောကြောင့် ပဏိဓိ = တောင့်တတတ်သောတရား—
  • [၂၀]၌ သတ္တဝါတို့ကို ကိလေသာတို့ဖြင့် မှောင်မိုက်အောင် ဖုံးလွှမ်းတတ်သောကြောင့် ဆဒန = အမိုး—
  • [၂၁]၌ သတ္တဝါတို့ကို ပေကျံစေတတ်, နစ်မြုပ်စေတတ်သောကြောင့် ကဒ္ဒမ = ညွှန်-
  • [၂၂]၌ သတ္တဝါတို့၏ ကြောက်ရာ ထိတ်လန့်ရာ ဖြစ်သောကြောင့် ဘယ=ဘေး—
  • [၂၃]တို့၌ သတ္တဝါတို့ကို ဗြိတွယ်တတ်သောကြောင့် သင်္ဂ = ငြိတွယ်တတ်သောတရား—
  • [၂၄]၌ သတ္တဝါတို့၏ စိတ်အစဉ်သို့ ဝင်တတ်သည်၏အဖြစ်ဖြင့် အဆိပ်နှင့်တူသောကြောင့် ဝိသ = အဆိပ်—
  • [၂၅]၌ သတ္တဝါတို့ကို ပူလောင်စေတတ်သောကြောင့် ပရိဠာဟ = ပူလောင်စေတတ်သော တရား—
  • [၂၆]၌ ဇာတိအစရှိသော ဘေးကို ဖြစ်စေတတ်သည်၏အဖြစ်ဖြင့် တောအုပ် နှင့်တူသောကြောင့် ဝန = တောအုပ်—
  • [၂၇]၌ သတ္တဝါတို့ကို မငြိမ်မသက် မအေးငြိမ်းစေတတ်သောကြောင့် ဝိသမ = မငြိမ်သက် မအေးငြိမ်းစေတတ်သောတရား—
  • [၂၈]၌ သတ္တဝါတို့၏ ပညာ မျက်စိကန်းခြင်းကို ပြုတတ်သောကြောင့် အန္ဓကာရ = အမိုက်မှောင်-ဟူ၍ အမည်နာမ အမျိုးမျိုးတို့ဖြင့် ဟောကြား ဖွင့်ဆိုတော်မူပေသည်။
  • ထိုမှတစ်ပါးလည်း–[၂၉]၌ သတ္တဝါတို့ကို သံသရာ၌ ပုတ်ချတတ်သည်၏ အဖြစ်ဖြင့် လှိုင်းလုံးကွန်ယက်နှင့် တူသောကြောင့် ဦမိဇာလ = လှိုင်းလုံးကွန်ရက်—
  • [၃၀]တို့၌ သတ္တဝါတို့၏ သန္တာန်၌ မထင်မရှား ပုန်းကွယ်နေသော ဘေးရန်ဖြစ်သောကြောင့် ပဋိစ္ဆန္နပရိဿယ = မထင်မရှားသောဘေးရန်—
  • [၃၁]၌ သတ္တဝါတို့၏ ဈာန်မဂ်ဖိုလ်ဖြစ်ခြင်းကို တားမြစ်ပိတ်ပင်တတ်သောကြောင့် နီဝရဏ = တားမြစ်ပိတ်ပင်တတ်သောတရား—
  • [၃၂]၌ ကုသိုလ်တရား၏ ဆန့် ကျင်ဘက် ရန်သူ ဖြစ်သောကြောင့် ပစ္စတ္ထိက = ရန်သူ—
  • [၃၃]ဒုဂ္ဂတိဘဝ၏ လမ်းခရီး ဖြစ်သောကြောင့် ပထ=လမ်းခရီး—
  • [၃၄]တဏှာ၏အလို(နိုင်ငံ)သို့ ဆောင်နိုင်ခြင်း၏ အကြောင်း ဖြစ်သောကြောင့် ပဒ= အကြောင်း—
  • [၃၅]၌ မိမိ၏ ဖြစ်ရာသန္တာန်ကို ချဲ့တတ်, ကြာမြင့်စွာ ထားတတ်သောကြောင့် ပပဉ္စ = ချဲ့တတ်သော တရား—
  • [၃၆]၌ သတ္တဝါတို့၏ အကျိုးမဲ့ကို ပြုတတ်သည်၏အဖြစ်ဖြင့် ဘေးရန်နှင့်တူသောကြောင့် ပလိပထ = ဘေးရန်—
  • [၃၇]တို့၌ သတ္တဝါတို့ကို နှောင်ဖွဲ့ကြောင်း၏ အဖြစ်ဖြင့် ကျော့ကွင်းနှင့်တူသောကြောင့် ပါသ=ကျော့ကွင်း-
  • [၃၈]၌ တုန်လှုပ်စေတတ်သောကြောင့် ဖန္ဒန = တုန်လှုပ်စေတတ်သောတရား—
  • [၃၉]တို့၌ သတ္တဝါတို့ကို နှောင်ဖွဲ့ ကြောင်းဖြစ်သောကြောင့် ဗန္ဓန = အနှောင်အဖွဲ့—
  • [၄၀]၌ သတ္တဝါတို့၏ ယစ်မူးကြောင်း ဖြစ်သောကြောင့် မဒ= ယစ်မူးကြောင်းတရား —
  • [၄၁] သတ္တဝါတို့၏ စိတ်အစဉ်ကို ညစ်ပေစေတတ်သောကြောင့် မလ=အညစ်အကြေး—
  • [၄၂]ဘုံ၌ သတ္တဝါတို့၏ ပညာမျက်စိအမြင်ကို ပိတ်ဆီးကွယ်ကာ တတ်သည်ဖြစ်၍ မြူနှင့်တူသောကြောင့် ရဇ= မြူ—
  • [၄၃]တို့၌ သတ္တဝါတို့၏ သန္တာန်၌ စူးဝင်တတ်သည်ဖြစ်၍ မြား နှင့်တူသောကြောင့် သလ္လ = မြား—
  • [၄၄]၌ မှည့်မည်း ဝက် ခြံ အစရှိသောကိုယ် အညစ်အကြေးနှင့်တူသောကြောင့် အင်္ဂဏ = အညစ်အကြေး—
  • [၄၅]၌ သတ္တဝါတို့ကို စွတ်စိုစေတတ်သည်၏အဖြစ်ဖြင့် မိုးရေနှင့်တူသောကြောင့် ဝဿ=မိုးရေ—
  • [၄၆]၌ ကုသိုလ် တရားတို့ကို တိုက်ဖျက်တတ်သည့်ဖြစ် စစ်တပ်နှင့် တူသောကြောင့် သေနာ = စစ်တပ်—
  • [၄၇]၌ သတ္တဝါတို့၏သန္တာန်၌ အဖန်တလဲလဲ ကိန်းတတ်, ဖြစ်သောကြောင့် အနုသယ =အဖန်တလဲလဲ ကိန်းတတ်သော တရားဟူ၍ အမည်နာမအမျိုးမျိုးတို့ဖြင့် ဟောပြားတော်မူသည်။ [၄]

ရာဂ သုံးမျိုး[ပြင်ဆင်ရန်]

ထိုရာဂသည်-[၄၈]တို့၌

  • (၁) ကာမဘုံ၌ တပ်နှစ်သက်တတ်သော ကာမရာဂ
  • (၂) ရူပဘုံ၌ တပ်နှစ်သက်တတ်သာ ရူပရာဂ
  • (၃) အရူပဘုံ၌ တနှစ်သက်တတ်သော အရူပရာဂ-ဟူ၍ သုံးမျိုးရှိလေသည်။ [၄]

မဂ်ဖြင့် ရာဂကို ပယ်ပုံ[ပြင်ဆင်ရန်]

ထိုသုံးမျိုးတို့တွင်[၄၉]တို့၌ အပါယ်သို့ လားစေတတ်သော ကာမရာဂကို သောတာပတ္တိမဂ်ဖြင့် ပယ်သတ်၍ အပါယ်ဘုံသို့ မလား စေတတ်သော ရုန့်ရင်းသော ကာမရာဂကို သကဒါဂါမိမဂ်ဖြင့် အပါယ်သို့ မလားစေတတ်သော သိမ်မွေ့သော ကာမရာဂကို အနာဂါမိမဂ်ဖြင့် ပယ်တတ်လေသည်။ ရူပရာဂ, အရူပရာဂတို့ကိုမူကား အရဟတ္တမဂ် ဖြင့်သာ ပယ်သတ်နိုင်လေသည်။ [၄]

ရာဂ ၅-မျိုး[ပြင်ဆင်ရန်]

တစ်နည်းအားဖြင့် [၅၀]တို့၌

  • (၁) စက္ခုဒွါရ၌ဖြစ်သော ရူပရာဂ။
  • (၂) သောတဒွါရ၌ဖြစ်သော သဒ္ဒရာဂ။
  • (၃) ဃာနဒွါရ၌ ဖြစ်သော ဂန္ဓရာဂ။
  • (၄) ဇိဝှါဒွါရ၌ဖြစ်သော ရသရာဂ။
  • (၅) ကာယဒွါရ၌ဖြစ်သော ဖောဋ္ဌဗ္ဗရာဂဟူ၍ ငါးမျိုး ရှိလေသည်။ [၄]

ရာဂ ၂-မျိုး[ပြင်ဆင်ရန်]

(၁) တစ်နည်းအားဖြင့် [၅၁]

  • (၁) ကာမဘုံ၌ တပ်နှစ်သက်တပ်သော ကာမဂဝေသနရာဂ
  • (၂) ရူပဘုံ, အရူပဘုံတို့၌ တပ်နှစ်သက်တယ်သော ဘဝဂဝေသနရာဂဟူ၌ နှစ်မျိုးရှိလေသည်။

တစ်နည်းအားဖြင့် [၅၂]တို့၌

  • (၁) ကာမဘုံ၌ တပ်နှစ်သက်တတ်သော ကာမရာဂ
  • (၂) ရူပ, အရူပဘုံတို့၌ နှစ်သက်တတ်သော ဘဝရာဂ-ဟူ၍ နှစ်မျိုးရှိလေသည်။ [၄]

ဖြစ်ပုံအခြင်းအရာအားဖြင့် ရာဂအမည်များ[ပြင်ဆင်ရန်]

ထိုမှတစ်ပါး [၅၃]တို့၌ ဖြစ်ပုံအခြင်းအရာကို အစွဲပြု၍လည်း အားနည်းသော တပ်နှစ်သက်မှုကို ရာဂ, အားကြီးသော တပ်နှစ်သက်မှုကို သာရာဂ

တစ်ခုတည်းသော အာရုံ၌ တစ်ကြိမ်သာဖြစ်သော တပ်နှစ်သက်မှုကို နန္နီ, တစ်ခုတည်းသော အာရုံ၌ အကြိမ်များစွာ တပ်နှစ်သက်မှုကို နန္ဒီရာဂ

အားနည်းသော တပ်နှစ်သက်မှုကို ဆန္ဒ, ထို့ထက်အားကြီးသော တပ်နှစ်သက်မှုကို ရာဂ, ထိုထက်အားကြီးသော တပ်နှစ်သက်မှုကို ဆန္ဒရာဂ, ထိုထက်အားကြီးသော တပ်နှစ်သက်မှုကို သင်္ကပ္ပ, ထိုထက်အားကြီးသော တပ်နှစ်သက်မှုကို သင်္ကပ္ပရာဂ-ဟူ၍လည်း အမည်နာမ အမျိုးမျိုးဖြင့် မှည့်ခေါ် ကြသေးသည်။ [၄]

တပ်နှစ်သက်ရာ ဌာနကိုအစွဲပြု၍ ရာဂအမည်များ[ပြင်ဆင်ရန်]

ထို့နောက် [၅၄]တို့၌ တပ်နှစ်သက်ရာ ဌာနကိုအစွဲပြု၍ မေထုန်၌ တပ်နှစ်သက်တတ်သော ရာဂကို မေထုနရာဂ,

ကိုယ်လက်ခြင်း နှီးနှောမိ, ထိမိသည်၌ တက်နှစ်သက်တတ်သော ရာဂကို ကာယသံသဂ္ဂရာဂ,

မေထုန်နှင့်စပ်သောစကားကို ပြောဆိုခြင်း၌ တပ်နှစ်သက်တတ်သော ရာဂကို ဒုဋ္ဌုလ္လဝါစဿာဒရာဂ,

မိမိအကျိုးငှါ မေထုန်အကျင့်ဖြင့် လုပ်ကျွေးခြင်း၌တပ်နှစ်သက်တတ်သော ရာဂကို အတ္တကာမပါရိစရိယရာဂ,

သုက်လွှတ်ခြင်း၌ တပ်နှစ်သက်တတ်သော ရာဂကို မမောစနရာဂ-ဟူ၍လည်း အမည်နာမအမျိုးမျိုးဖြင့် ခေါ်ဆိုရလေသည်။[၄]

ရာဂ၏ သဘောနှင့် စွန့်ပုံ[ပြင်ဆင်ရန်]

[၅၅]၌ ရာဂသည် တီမင်စွန်းသကဲ့သို့ လွတ်စေနိုင်ခဲသော သဘောရှိ၏။

[၅၆]၌ ရာဂကိုပယ်ဖို့ ရန် အသုဘကမ္မဋ္ဌာန်းကို ပွားများရမည်။

တစ်နည်း-[၅၇]မဂ္ဂင်, သတိပဋ္ဌာန်, သမ္မပ္ပဓာန်, ဣဒ္ဓိပါဒ်, ဗိုလ်, ဗောဇ္ဈင် တရားများကို ပွားများရမည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. ရာဂ (တိ) [ရာဂ+ဏ၊ ရာဂ+က။]
  2. (၁)...“အယံ ပန သရာဂေါ အယံ ဝိတရာဂေါ”တိ ဧဝံ ရာဂဝိရာဂိနမ္ပိ ဇနံ ဇာနာတိ။ မ၊ဋ္ဌ၊၂၊၃၀၅။ ရာဂယောဂတော ရာဂေါ ဝါ ရာဂေါ၊ ဝိရဇ္ဇနသီလာ ဝိရာဂီ၊ တံ ရာဂ ဝိရာဂီနံ။ မ၊ဋီ၊၂၊၃၁ ။
  3. (၂) ရာဂ ၁-ကြည့်။
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ ၄.၄ ၄.၅ ၄.၆ ၄.၇ ၄.၈ တိပိဋကအဘိဓာန် အတွဲ-၁၇
  5. (သံ၊ဋ္ဌ၊၂၊၁၅၇။ သံ၊ဋ္ဌ၊၃၊၁၀၆။ ဇာ၊ဋ္ဌ၊၅၊၂၇၇။ သီ၊ဋီ၊သစ်၊၁၊၅၂)
  6. (မဟာနိ၊၃၅၃။ စူဠနိ၊၂၂၆။ ဓမ္မ၊ဋ္ဌ၊၂၊၁၆၂။ မဟာနိ၊ဋ္ဌ၊၃၈၈)
  7. အဘိ၊ဝိ၊၃၈၃။ အဘိ၊ဋ္ဌ၊၂၊၄၈၀။ သုတ္တနိ၊ဋ္ဌ၊၁၊၉။ အပ၊ဋ္ဌ၊၁၊၂၀၄။ စူဠနိ၊ဋ္ဌ၊၁၂၅-၆။ ဇာ၊ဋ္ဌ၊၄၊၃၈၈)
  8. (အဘိ၊ဝိ၊ ၃၈၃။ မဟာနိ၊၃၄၃။ စူဠနိ၊၈၄၊ ၉၂၊ ၁၃၃၊ ၁၃၉၊ ၁၄၅-၆။ ဝိ၊ဋ္ဌ၊၃၊၂၅၄။ သံ၊ဋ္ဌ၊၁၊၆၀၊ ၁၆၅။ အဘိ၊ဋ္ဌ၊၂၊၄၇၉။ မဟာနိ၊ဋ္ဌ၊၃၈၄။ စူဠနိ၊ဋ္ဌ၊၂၅၊ ၃၂။ သီ၊ဋီ၊သစ်၊၂၊၂၁၆)
  9. (အဘိ၊ဋ္ဌ၊၃၊၃၂၄။ မဟာနိ၊ဋ္ဌ၊၂၉၂)
  10. (ဒီ၊၂၊၂၀၃။ မဟာနိ၊၄၈။ ဒီ၊ဋ္ဌ၊၂၊၂၇၄။ သံ၊ဋ္ဌ၊၁၊၂၅၅။ အံ၊ဋ္ဌ၊၂၊၂၆၈။ ဒီ၊ဋီ၊၂၊၂၃၅။ သံ၊ဋီ၊၁၊၂၉၂)
  11. (အံ၊၃၊၁၁၄။ စူဠနိ၊၂၆၅။ စူဠနိ၊ဋ္ဌ၊၁၂၂)
  12. (မဟာနိ၊၃၅၃။ စူဠနိ၊၂၂၆။ သံ၊ဋ္ဌ၊၃၊၁၀၆)
  13. (ဝိ၊၃၊၄၄။ သံ၊၂၊၂၅၁။ အံ၊၂၊၄၂၈၊ ၄၃၁)
  14. (နေတ္တိ၊၇၅၊ ၁၀၅။ နေတ္တိ၊ဝိ၊၂၇၅)
  15. (ဓမ္မ၊ဋ္ဌ၊၂၊၁၇၄)
  16. (ဒီ၊၂၊၂၀၃။ ဒီ၊ဋ္ဌ၊၂၊၂၇၄။ ဒီ၊ဋီ၊၂၊၂၃၅-)
  17. (ဒီ၊၂၊၂၀၃။ ဒီ၊ဋ္ဌ၊၂၊၂၇။ ဒီ၊ဋီ၊၂၊၂၃၅-)
  18. (ဝိ၊ဋ္ဌ၊၂၊၂၈၅။ မဟာနိ၊ဋ္ဌ၊၁၄၅။ သာရတ္ထ၊၂၊၂၈၇။ ဒီ ဋီ၊၃၊၂၅၄-)
  19. (ဒီ၊ဋ္ဌ၊၃၊၁၈၆။ အဘိ၊ဋ္ဌ၊၁၊၂၆၈။ နေတ္တိ၊ဋီ၊၁၁၉-)
  20. (မ၊ဋ္ဌ၊၃၊၂၅၂-)
  21. (ဇာ၊ဋ္ဌ၊၃၊၂၇၂-)
  22. (ဓမ္မ၊ဋ္ဌ၊၂၊၃၈၆-)
  23. (ထေရ၊ဋ္ဌ၊၁၊၈၂။ နေတ္တိ၊ဋ္ဌ၊၂၅၅-)
  24. (မိလိန္ဒ၊၄၀-)
  25. (ဇာ၊ဋ္ဌ၊၂၊၂၀၁-)
  26. (ဓမ္မ၊ဋ္ဌ၊၂၊၂၆၅–)
  27. (အံ၊ဋ္ဌ၊၃၊၈၈-)
  28. (အပ၊ဋ္ဌ၊၂၊၂၄၂-)
  29. (မိလိန္ဒ၊၃၆၀-)
  30. (မ၊ဋီ၊၁၊၁၆၉။ အံ၊ဋီ၊၃၊၁၂၈-)
  31. (သာရတ္ထ၊၂၊၂၈၈-)
  32. (ပဋိသံ၊ဋ္ဌ၊၂၊၁၅၄–)
  33. (သုတ္တနိ၊ဋ္ဌ၊၂၊၁၃၆-
  34. (ဓမ္မ၊ဋ္ဌ၊၂၊၁၂၈-၉-
  35. (ဥဒါန၊ဋ္ဌ၊၃၃၈–)
  36. (သုတ္တနိ၊ဋ္ဌ၊၂၊၁၉၀-)
  37. (ဝိ၊ဋ္ဌ၊၃၊၂၄၈။ သံ၊ဋ္ဌ၊၁၊၁၆၃-)
  38. (မဟာနိ၊ဋ္ဌ၊၃၈၄-)
  39. (ဣတိဝုတ်၊ဋ္ဌ၊၁၃၈။ ထေ၊ဋ္ဌ၊၁၊၃၂၅၊ ၄၇၈-)
  40. (အံ၊ဋ္ဌ၊၂၊၂၉၆-)
  41. (သုတ္တနိ၊၄၅၃-၌)
  42. (မဟာနိ၊၄၀၆။ စူဠနိ၊ ၁၅၄-)
  43. (မဟာနိ၊၄၅၊ ၃၂၄၊ ၃၂၆-)
  44. (နေတ္တိ၊ဝိ၊၂၃၁-)
  45. (သုတ္တနိ၊ဋ္ဌ၊၁၊၂၈-)
  46. (အံ၊ဋ္ဌ၊၃၊၃၀၁-
  47. (မ၊၁၊၅၈-)
  48. (မဟာနိ၊၇၇။ မဟာနိ၊ဋ္ဌ၊၂၀၇-)
  49. (ဝိသုဒ္ဓိ၊၂၊၃၂၅။ သာရတ္ထ၊၂၊၂၁၈–)
  50. (သံ၊ဋ္ဌ၊၂၊၁၀၁-၂-)
  51. (အဘိ၊ဋ္ဌ၊၂၊၄၇၇)
  52. (အဘိ၊ဝိ၊၄၀၅။ ထေရ၊၂၂၈။ မဟာနိ၊၂၀။ ထေရ၊ဋ္ဌ၊၁၃၃။ မဟာနိ၊ဋ္ဌ၊၈၇)
  53. (မဟာနိ၊၂။ အဘိ၊ဋ္ဌ၊၁၊၃၉၅။ မဟာနိ၊ဋ္ဌ၊၁၄-၅။ ဝိသုဒ္ဓိ၊ဋီ၊၁၊၁၆၄)
  54. (ကင်္ခါ၊၁၁၃၊ ၁၂၈-၃၁။ ဝဇိရ၊၁၇၉)
  55. (ထေရ၊ဋ္ဌ၊၂၊၁၂)
  56. (အံ၊၂၊၃၈၈)
  57. (အဘိ၊က၊၇၃)