အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့
| ဗဟိုအဖွဲ့ အကျဉ်းချုပ် | |
|---|---|
| ဖွဲ့စည်းခြင်း | ၁၆ ဖေဖော်ဝါရီ ၂၀၂၄ |
| ဌာနချုပ် | နေပြည်တော် |
အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ (အင်္ဂလိပ်: Formation of Central Body for Summoning Reserve Forces servants) သည် အရန်တပ်ဖွဲ့ဥပဒေ အရ ပေါ်ပေါက်လာသော ဗဟို အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ တပ်မတော်ထိပ်တန်းပုဂ္ဂိုလ် များ ဦးဆောင်မှုဖြင့် ဖွဲ့စည်းသည်။ ဗဟိုအဖွဲ့ ကို ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ က ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန် ယူသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့သော [၁] စစ်မှုထမ်းဟောင်းများအား ပြန်လည် ခေါ်ယူနိုင်မည့် အရန်တပ်ဖွဲ့ ဥပဒေ အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် [၂]က စပြီး အသက်ဝင်အာဏာတည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ကြေညာပြီးနောက် ပေါ်ပေါက်လာသည့်အဖွဲ့ဖြစ်သည်။[၃]ယင်းဥပဒေ ပုဒ်မ ၁၂ အရ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဗဟိုအဖွဲ့ အား ဖွဲ့စည်းသည်။ အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ တွင် အဖွဲ့ဝင် (၁၃ ) ဦး ပါသည်။
ရည်ရွယ်ချက်
[ပြင်ဆင်ရန်]အရန်တပ်ဖွဲ့ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းခြင်းဖြစ်သည်။
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် တွင် ဖွဲ့စည်းလိုက်သည့် ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နှင့် အွဲ့ဝင် များမှာ အောက်ပါအတိုင်းဖြစ်သည်။[၄]
| စဉ် | ရာထူး | တာဝန် |
|---|---|---|
| ၁ | ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) |
ဥက္ကဋ္ဌ |
| ၂ | ဥက္ကဋ္ဌ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ |
ဒုတိယဥက္ကဋ္ဌ(၁) |
| ၃ | စစ်ရေးချုပ် စစ်ရေးချုပ်ရုံး |
ဒုတိယဥက္ကဋ္ဌ(၂) |
| ၄ | စစ်ဦးစီးအရာရှိချုပ်(ကြည်း) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) |
အဖွဲ့ဝင် |
| ၅ | စစ်ဦးစီးအရာရှိချုပ်(ရေ) ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) |
အဖွဲ့ဝင် |
| ၆ | စစ်ဦးစီးအရာရှိချုပ်(လေ) ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) |
အဖွဲ့ဝင် |
| ၇ | တွဲဖက်စစ်ရေးချုပ် စစ်ရေးချုပ်ရုံး |
အဖွဲ့ဝင် |
| ၈ | တွဲဖက်စစ်ထောက်ချုပ် စစ်ထောက်ချုပ်ရုံး |
အဖွဲ့ဝင် |
| ၉ | ဒုတိယစစ်ရာထူးခန့်ချုပ် စစ်ရာထူးခန့်ချုပ်ရုံး |
အဖွဲ့ဝင် |
| ၁၀ | တွဲဖက်စစ်ဥပဒေချုပ် စစ်ဥပဒေချုပ်ရုံး |
အဖွဲ့ဝင် |
| ၁၁ | ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး |
အဖွဲ့ဝင် |
| ၁၂ | ညွှန်ကြားရေးမှူး တပ်မတော်မှတ်တမ်းညွှန်ကြားရေးမှူးရုံး |
အတွင်းရေးမှူး |
| ၁၃ | ဒုတိယညွှန်ကြားရေးမှူး တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံး |
တွဲဖက်အတွင်းရေးမှူး |
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]- အရန်တပ်ဖွဲ့ဥပဒေ
- မြန်မာဥပဒေသတင်းအချက်အလက်ရှိ အရန်တပ်ဖွဲ့ဥပဒေ[လင့်ခ်သေ]
- မြန်မာနိုင်ငံ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ
- ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့
- ဥပဒေအရ စစ်မှုထမ်းခြင်း
ကိုးကား
[ပြင်ဆင်ရန်]- ↑ စစ်တပ်အင်အား ပိုမိုကြီးမားရေး အရန်တပ်ဖွဲ့ဥပဒေကိုပါ ပြဋ္ဌာန်း။ RFA Burmese (၁၃ နိုဝင်ဘာ ၂၀၁၁)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ အရန်တပ်ဖွဲ့ဥပဒေ စစ်ကောင်စီအတည်ပြု။ BBC Burmese (၁၄ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်း၊ အရန်တပ်ဖွဲ့ဥပဒေ စတင် အသက်ဝင်။ DVB (၁၄ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၁ /၂၀၂၄ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်) အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း။ CINCDS Myanmar (၁၆ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။