အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့

ဝီကီပီးဒီးယား မှ
အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့
 မြန်မာအစိုးရအဖွဲ့အစည်း
ဗဟိုအဖွဲ့ အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၁၆ ဖေဖော်ဝါရီ ၂၀၂၄
ဌာနချုပ်နေပြည်တော်

အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ (အင်္ဂလိပ်: Formation of Central Body for Summoning Reserve Forces servants) သည် အရန်တပ်ဖွဲ့ဥပဒေ အရ ပေါ်ပေါက်လာသော ဗဟို အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ တပ်မတော်ထိပ်တန်းပုဂ္ဂိုလ် များ ဦးဆောင်မှုဖြင့် ဖွဲ့စည်းသည်။ ဗဟိုအဖွဲ့ ကို ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊‌ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ က ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန် ယူသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့သော [၁] စစ်မှုထမ်းဟောင်းများအား ပြန်လည် ခေါ်ယူနိုင်မည့် အရန်တပ်ဖွဲ့ ဥပဒေ အား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် [၂]က စပြီး အသက်ဝင်အာဏာတည်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ကြေညာပြီးနောက် ပေါ်ပေါက်လာသည့်အဖွဲ့ဖြစ်သည်။[၃]ယင်းဥပဒေ ပုဒ်မ ၁၂ အရ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ဗဟိုအဖွဲ့ အား ဖွဲ့စည်းသည်။ အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ တွင် အဖွဲ့ဝင် (၁၃ ) ဦး ပါသည်။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

အရန်တပ်ဖွဲ့ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းခြင်းဖြစ်သည်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက် တွင် ဖွဲ့စည်းလိုက်သည့် ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နှင့် အွဲ့ဝင် များမှာ အောက်ပါအတိုင်းဖြစ်သည်။[၄]

စဉ် ရာထူး တာဝန်
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊‌ လေ)
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
ဥက္ကဋ္ဌ
ဥက္ကဋ္ဌ
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့
ဒုတိယဥက္ကဋ္ဌ(၁)
စစ်ရေးချုပ်
စစ်ရေးချုပ်ရုံး
ဒုတိယဥက္ကဋ္ဌ(၂)
စစ်ဦးစီးအရာရှိချုပ်(ကြည်း)
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
အဖွဲ့ဝင်
စစ်ဦးစီးအရာရှိချုပ်(ရေ)
ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)
အဖွဲ့ဝင်
စစ်ဦးစီးအရာရှိချုပ်(လေ)
ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)
အဖွဲ့ဝင်
တွဲဖက်စစ်ရေးချုပ်
စစ်ရေးချုပ်ရုံး
အဖွဲ့ဝင်
တွဲဖက်စစ်ထောက်ချုပ်
စစ်ထောက်ချုပ်ရုံး
အဖွဲ့ဝင်
ဒုတိယစစ်ရာထူးခန့်ချုပ်
စစ်ရာထူးခန့်ချုပ်ရုံး
အဖွဲ့ဝင်
၁၀ တွဲဖက်စစ်ဥပဒေချုပ်
စစ်ဥပဒေချုပ်ရုံး
အဖွဲ့ဝင်
၁၁ ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်
တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး
အဖွဲ့ဝင်
၁၂ ညွှန်ကြားရေးမှူး
တပ်မတော်မှတ်တမ်းညွှန်ကြားရေးမှူးရုံး
အတွင်းရေးမှူး
၁၃ ဒုတိယညွှန်ကြားရေးမှူး
တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံး
တွဲဖက်အတွင်းရေးမှူး

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. စစ်တပ်အင်အား ပိုမိုကြီးမားရေး အရန်တပ်ဖွဲ့ဥပဒေကိုပါ ပြဋ္ဌာန်းRFA Burmese (၁၃ နိုဝင်ဘာ ၂၀၁၁)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. အရန်တပ်ဖွဲ့ဥပဒေ စစ်ကောင်စီအတည်ပြုBBC Burmese (၁၄ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်း၊ အရန်တပ်ဖွဲ့ဥပဒေ စတင် အသက်ဝင်DVB (၁၄ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ၁ /၂၀၂၄ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်) အရန်တပ်ဖွဲ့ဝင်ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းCINCDS Myanmar (၁၆ ဖေဖော်ဝါရီ ၂၀၂၄)။ ၁၇ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။