မာတိကာသို့ ခုန်သွားရန်

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ

ဝီကီပီးဒီးယား မှ
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ
Foreign Exchange Supervisory Committee
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
​ကော်မတီ အကျဉ်းချုပ်
ဖွဲ့စည်းသည့်အချိန်၄ ဧပြီ ၂၀၂၂ (၂၀၂၂-၀၄-၀၄)
ဌာနချုပ်နေပြည်တော်
ဌာနအကြီးအမှူးများဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဥက္ကဋ္ဌ
ဒေါက်တာကံဇော်၊ အတွင်းရေးမှူး

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့်ရှိ ကော်မတီဖြစ်သည်။ကော်မတီသည် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးရသည့် လုပ်ငန်းအား အဓိက ဆောင်ရွက်သည်။ကော်မတီကို ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဦးဆောင်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဂယက်ကြောင့် နိုင်ငံအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း များ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးထက် အဆမတန် မြင့်တက်သွားခဲ့၍ ကုစားနိုင်ရန် ဖွဲ့စည်းခြင်းဖြစ်သည်။၂၀၂၂ ခုနှစ် ဧပြီ ၄ရက်တွင် စတင်ဖွဲ့စည်းသည်။[]

ကော်မတီ(၂၀၂၂-လက်ရှိ)

[ပြင်ဆင်ရန်]
စဉ် အမည် တာဝန်ထမ်းဆောင်ခြင်း ရာထူး
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
ဗိုလ်ချုပ်ကြီး မြထွန်းဦး[] ၁၈ စက်တင်ဘာ ၂၀၂၃ လက်ရှိ ၆၂၉


ဥက္ကဋ္ဌ
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း[] ၄ ဧပြီ ၂၀၂၂ ၁၇ စက်တင်ဘာ ၂၀၂၃ ၅၃၁


ဒေါက်တာပွင့်ဆန်း[] ၄ ဧပြီ ၂၀၂၂ ၁၉ ဩဂုတ် ၂၀၂၂ ၁၃၇


အဖွဲ့ဝင်
ဒုတိယဗိုလ်ချုပ်ကြီး ညိုစော[] ၅ ဇူလိုင် ၂၀၂၃ လက်ရှိ ၇၀၄


ဦးဝင်းရှိန် ၄ ဧပြီ ၂၀၂၂ လက်ရှိ ၁၁၆၁


အဖွဲ့ဝင်
ဒေါက်တာကံဇော် ၄ ဧပြီ ၂၀၂၂ ၁၉ ဩဂုတ် ၂၀၂၂ ၁၃၇


အဖွဲ့ဝင်
ဦးအောင်နိုင်ဦး ၁၉ ဩဂုတ် ၂၀၂၂ ၂၈ စက်တင်ဘာ ၂၀၂၃ ၃၇၄


ဦးထွန်းအုံ ၂၈ စက်တင်ဘာ ၂၀၂၃ လက်ရှိ ၆၁၉


ဒေါက်တာ ခင်နိုင်ဦး ၂၈ စက်တင်ဘာ ၂၀၂၃ လက်ရှိ ၆၁၉


အဖွဲ့ဝင်
ဦး​သန်းညိန်း ၄ ဧပြီ ၂၀၂၂ ၁၈ ဩဂုတ် ၂၀၂၂ ၁၆၇


အဖွဲ့ဝင်
ဒေါ်သန်းသန်းဆွေ ၁၉ ဩဂုတ် ၂၀၂၂ လက်ရှိ ၉၉၃


ဦးအောင်နိုင်ဦး ၄ ဧပြီ ၂၀၂၂ ၁၈ ဩဂုတ် ၂၀၂၂ ၁၆၇


အတွင်းရေးမှူး
ဒေါက်တာကံဇော် ၁၉ ဩဂုတ် ၂၀၂၂ လက်ရှိ ၉၉၃



လုပ်ငန်းတာဝန်များ

[ပြင်ဆင်ရန်]
  • နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများက လိုအပ်သည့် စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်ယန္တရားများ၊ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် အသုံးအဆောင်များနှင့် ကုန်ကြမ်းပစ္စည်းများစသည်တို့ တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
  • ပြည်သူအများ စားဝတ်နေရေးအတွက် လိုအပ်သည့် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပြည်တွင်း၌ဝယ်ယူရရှိနိုင်ခြင်းမရှိသည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အစရှိသည်တို့ ဝယ်ယူတင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
  • နိုင်ငံသားများ လူမှုရေးကိစ္စအလို့ငှာ ပြည်ပသို့သွားရောက်ဆေးဝါးကုသခြင်း၊ ပညာရေးကိစ္စများအတွက် သွားရောက်ခြင်းနှင့် ဘာသာရေးကိစ္စများအတွက် သွားရောက်ခြင်း စသည်တို့အတွက် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
  • အထွေထွေဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့ချေးငွေနှင့် အတိုးများပြန်လည်ပေးဆပ်ခြင်း၊ ဝန်ဆောင်ခများပေးချေခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အမြတ်ငွေများ ပြန်လည်လွှဲပို့ခြင်းစသည့် ကိစ္စများတွင် အသုံးပြုရန် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
  • လူမှုအသုံးအဆောင် ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအတွက် မဖြစ်မနေတင်သွင်းရန် လိုအပ်မှုအပေါ် နိုင်ငံခြားသုံးငွေစိစစ်ခွင့်ပြုပေးခြင်း၊
  • နိုင်ငံအတွင်းရှိ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် နိုင်ငံခြားသုံးငွေ လည်ပတ်မှုဆိုင်ရာကိစ္စရပ်များအား ကြီးကြပ်ကွပ်ကဲခြင်း။

ကိုးကား

[ပြင်ဆင်ရန်]
  1. Foreign Exchange Supervisory Committee formed to supervise currency useGlobal New Light of Myanmar (21 May 2022)။ 20 Sep 2023 တွင် ပြန်စစ်ပြီး။
  2. နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့/ဆက်ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးဖြင့် အစားထိုးခန့်အပ်ပြီး ပြင်ဆင်ဖွဲ့စည်းEleven Media Group (၂၀ စက်တင်ဘာ ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ကော်မတီတွေကနေ ဖယ်ရှားRFA Burmese (၂၀ စက်တင်ဘာ ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စု ဝန်ကြီးအချို့အား ဌာနပြောင်းရွှေ့မှုများပြုလုပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းEleven Media Group (၁၉ ဩဂုတ် ၂၀၂၂)။ ၂၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ကုန်သွယ်စီးပွားနှင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီတို့တွင် ဒုဗိုလ်ချုပ်ကြီးညိုစော ပါဝင်လာဧရာဝတီသတင်း (၉ ဩဂုတ် ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။