မာတိကာသို့ ခုန်သွားရန်

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ

ဝီကီပီးဒီးယား မှ
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ
Foreign Exchange Supervisory Committee
မြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
​ကော်မတီ အကျဉ်းချုပ်
ဖွဲ့စည်းခြင်း ဧပြီ ၂၀၂၂ (၂၀၂၂-၀၄-၀၄)
ဌာနချုပ်နေပြည်တော်
ဌာနအကြီးအမှူးများဦးညိုစော၊ ဥက္ကဋ္ဌ
ဒေါက်တာကံဇော်၊ အတွင်းရေးမှူး

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဆင့်ရှိ ကော်မတီဖြစ်သည်။ ကော်မတီသည် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးရသည့် လုပ်ငန်းအား အဓိကဆောင်ရွက်သည်။ ကော်မတီကို လက်ရှိတွင် ဝန်ကြီးချုပ် ဦးညိုစော က ဦးဆောင်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဂယက်ကြောင့် နိုင်ငံအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း များ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးထက် အဆမတန် မြင့်တက်သွားခဲ့၍ ကုစားနိုင်ရန် ဖွဲ့စည်းခြင်းဖြစ်သည်။၂၀၂၂ ခုနှစ် ဧပြီ ၄ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။[] ဖျက်သိမ်းပြီးနောက် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီကိုပါ ဖျက်သိမ်းခဲ့သည်။

သို့သော် အမျိုးသားကားကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ယင်းကော်မတီကို နိုင်ငံတော်ဝန်ကြီးချုပ်အသစ် ဦးညိုစောက ဥက္ကဋ္ဌအဖြစ် ဆက်လက် ဖွဲ့စည်းခဲ့သည်။[]

၂၀၂၅ ဩဂုတ်လပိုင်းက ဆေးဝါးနှင့်လူသုံးကုန်များ အပါအဝင် ကုန်ပစ္စည်းအမျိုးအစားပေါင်း ၃၅ မျိုး တင်သွင်းခွင့်ကို နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ပိတ်ပင်ခဲ့သည်။[]

ကော်မတီ(၄ ဧပြီ ၂၀၂၂-၁ ဩဂုတ် ၂၀၂၅)

[ပြင်ဆင်ရန်]
စဉ် အမည် တာဝန်ထမ်းဆောင်ခြင်း ရာထူး
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
ဒုတိယဗိုလ်ချုပ်ကြီး ညိုစော[] ၂၇ မေ ၂၀၂၄ ၁ ဩဂုတ် ၂၀၂၅ ၄၃၁ ဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီး မြထွန်းဦး[] ၁၈ စက်တင်ဘာ ၂၀၂၃ ၂၇ မေ ၂၀၂၄ ၂၅၂
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း[] ၄ ဧပြီ ၂၀၂၂ ၁၇ စက်တင်ဘာ ၂၀၂၃ ၅၃၁
ဒေါက်တာပွင့်ဆန်း[] ၄ ဧပြီ ၂၀၂၂ ၁၉ ဩဂုတ် ၂၀၂၂ ၁၃၇ အဖွဲ့ဝင်
ဒုတိယဗိုလ်ချုပ်ကြီး ညိုစော[] ၅ ဇူလိုင် ၂၀၂၃ ၂၇ မေ ၂၀၂၄ ၃၂၇
ဦးဝင်းရှိန် ၄ ဧပြီ ၂၀၂၂ ၁ ဩဂုတ် ၂၀၂၅ ၁၂၁၅ အဖွဲ့ဝင်
ဒေါက်တာကံဇော် ၄ ဧပြီ ၂၀၂၂ ၁၉ ဩဂုတ် ၂၀၂၂ ၁၃၇ အဖွဲ့ဝင်
ဦးအောင်နိုင်ဦး ၁၉ ဩဂုတ် ၂၀၂၂ ၂၈ စက်တင်ဘာ ၂၀၂၃ ၃၇၄
ဦးထွန်းအုံ ၂၈ စက်တင်ဘာ ၂၀၂၃ ၁ ဩဂုတ် ၂၀၂၅ ၆၇၃
ဒေါက်တာ ခင်နိုင်ဦး ၂၈ စက်တင်ဘာ ၂၀၂၃ ၁ ဩဂုတ် ၂၀၂၅ ၆၇၃ အဖွဲ့ဝင်
ဦး​သန်းညိန်း ၄ ဧပြီ ၂၀၂၂ ၁၈ ဩဂုတ် ၂၀၂၂ ၁၆၇ အဖွဲ့ဝင်
ဒေါ်သန်းသန်းဆွေ ၁၉ ဩဂုတ် ၂၀၂၂ ၁ ဩဂုတ် ၂၀၂၅ ၁၀၄၇
ဦးအောင်နိုင်ဦး ၄ ဧပြီ ၂၀၂၂ ၁၈ ဩဂုတ် ၂၀၂၂ ၁၆၇ အတွင်းရေးမှူး
ဒေါက်တာကံဇော် ၁၉ ဩဂုတ် ၂၀၂၂ ၁ ဩဂုတ် ၂၀၂၅ ၁၀၄၇

ဦးညိုစောအစိုးရအဖွဲ့

[ပြင်ဆင်ရန်]
စဉ် အမည် ရာထူး တာဝန်ထမ်းဆောင်ခြင်း တာဝန်
စတင်ရက် ပြီးဆုံးရက် ရက်ပေါင်း
ဦးညိုစော [] ဝန်ကြီးချုပ် ၆ ဩဂုတ် ၂၀၂၅ ၂၅၂ ဥက္ကဋ္ဌ
ဒေါက်တာ ဝါဝါမောင် ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ဝန်ကြီး ၆ ဩဂုတ် ၂၀၂၅ ၂၅၂ အဖွဲ့ဝင်
ဦးချစ်ဆွေ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ဝန်ကြီး ၆ ဩဂုတ် ၂၀၂၅ ၂၅၂
ဒေါက်တာ ခင်နိုင်ဦး ပြည်ထောင်စုစာရင်းစစ်ချုပ် ၆ ဩဂုတ် ၂၀၂၅ ၂၅၂
ဒေါ်သန်းသန်းဆွေ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ၆ ဩဂုတ် ၂၀၂၅ ၂၅၂
ဒေါက်တာကံဇော် ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာန၊ဝန်ကြီး ၆ ဩဂုတ် ၂၀၂၅ ၂၅၂ အတွင်းရေးမှူး


လုပ်ငန်းတာဝန်များ

[ပြင်ဆင်ရန်]
  • နိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများက လိုအပ်သည့် စက်ပစ္စည်းများ၊ လုပ်ငန်းသုံးယာဉ်ယန္တရားများ၊ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့် အသုံးအဆောင်များနှင့် ကုန်ကြမ်းပစ္စည်းများစသည်တို့ တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
  • ပြည်သူအများ စားဝတ်နေရေးအတွက် လိုအပ်သည့် စက်သုံးဆီ၊ ဆေးဝါး၊ စားသုံးဆီ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပြည်တွင်း၌ဝယ်ယူရရှိနိုင်ခြင်းမရှိသည့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ အစရှိသည်တို့ ဝယ်ယူတင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
  • နိုင်ငံသားများ လူမှုရေးကိစ္စအလို့ငှာ ပြည်ပသို့သွားရောက်ဆေးဝါးကုသခြင်း၊ ပညာရေးကိစ္စများအတွက် သွားရောက်ခြင်းနှင့် ဘာသာရေးကိစ္စများအတွက် သွားရောက်ခြင်း စသည်တို့အတွက် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
  • အထွေထွေဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့ချေးငွေနှင့် အတိုးများပြန်လည်ပေးဆပ်ခြင်း၊ ဝန်ဆောင်ခများပေးချေခြင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အမြတ်ငွေများ ပြန်လည်လွှဲပို့ခြင်းစသည့် ကိစ္စများတွင် အသုံးပြုရန် လိုအပ်သည့် နိုင်ငံခြားသုံးငွေအား စိစစ်ခွင့်ပြုပေးခြင်း၊
  • လူမှုအသုံးအဆောင် ဇိမ်ခံပစ္စည်းများ တင်သွင်းမှုအတွက် မဖြစ်မနေတင်သွင်းရန် လိုအပ်မှုအပေါ် နိုင်ငံခြားသုံးငွေစိစစ်ခွင့်ပြုပေးခြင်း၊
  • နိုင်ငံအတွင်းရှိ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများအတွက် နိုင်ငံခြားသုံးငွေ လည်ပတ်မှုဆိုင်ရာကိစ္စရပ်များအား ကြီးကြပ်ကွပ်ကဲခြင်း။



ကိုးကား

[ပြင်ဆင်ရန်]
  1. Foreign Exchange Supervisory Committee formed to supervise currency use Global New Light of Myanmar (21 May 2022)။ 20 Sep 2023 တွင် ပြန်စစ်ပြီး။
  2. Agency၊ Yangon Khit Thit News (2025-08-28)။ အကြမ်းဖက် မင်းအောင်လှိုင်က မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မ တီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်၊ ဒေါ်လာအဝင်နည်းပါး၍ ပြည်ပသွင်းကုန်များအားလုံးနီးပါး တင်သွင်းခွင့် ပိတ်ပင်ထား (in en-US)။ 2026-03-10 တွင် ပြန်စစ်ပြီး။
  3. Now၊ Myanmar (2025-09-26)။ ရန်ကုန်နှင့်မြို့ကြီးများဆီသို့ ထိုင်းကုန်စည်တင်သွင်းခွင့် စစ်ကော်မရှင် ဆက်လက်ပိတ်ဆို့ထား (in en-US)။ 2026-03-10 တွင် ပြန်စစ်ပြီး။
  4. နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီပြင်ဆင်ဖွဲ့စည်းခြင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး (၂၇ မေ ၂၀၂၄)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့/ဆက်ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးဖြင့် အစားထိုးခန့်အပ်ပြီး ပြင်ဆင်ဖွဲ့စည်း Eleven Media Group (၂၀ စက်တင်ဘာ ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ကော်မတီတွေကနေ ဖယ်ရှား RFA Burmese (၂၀ စက်တင်ဘာ ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. ပြည်ထောင်စု ဝန်ကြီးအချို့အား ဌာနပြောင်းရွှေ့မှုများပြုလုပ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့အား ပြင်ဆင်ဖွဲ့စည်း Eleven Media Group (၁၉ ဩဂုတ် ၂၀၂၂)။ ၂၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  8. ကုန်သွယ်စီးပွားနှင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီတို့တွင် ဒုဗိုလ်ချုပ်ကြီးညိုစော ပါဝင်လာ ဧရာဝတီသတင်း (၉ ဩဂုတ် ၂၀၂၃)။ ၂၀ စက်တင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  9. နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီအား နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်မှုဖြင့် ပြန်လည် ဖွဲ့စည်း Myanmar Transparency News (၁၅ ဩဂုတ် ၂၀၂၅)။ ၁၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။