မန္ဓာတ်စကြာမင်း
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
မန္ဓာတ်မင်း[၁]၊ မန္ဓာတ်စကြာမင်း။ (ယင်း မင်းတရားကြီးသည် ၄-ကျွန်းလုံးကို အစိုးရသူဖြစ်သည်။ [၂] ကာမဂုဏ် ခံစားသူတို့တွင် မန္ဓာတ်မင်းသည် အမြတ်ဆုံး အသာလွန်ဆုံးဖြစ်၏၊
ဆွေစဉ်မျိုးဆက်
[ပြင်ဆင်ရန်]ကမ္ဘာဦးကာလ၌ မဟာသမ္မတမင်းသည် ရှေးဦးစွာ မင်းဖြစ်လာသူတည်း။ မဟာသမ္မတမင်း၏ သားကား ရောဇ၊ ရောဇမင်း၏ သားကား ဝရရောဇ၊ ဝရရော” မင်း၏သားကား ကလျာဏ၊ ကလျာဏမင်း၏ သားကား ဝရကလျာဏ၊ ဝရကလျာဏမင်း၏ သားကား မန္ဓာတ်မင်း ဖြစ်သည်၊ ထို့ကြောင့် မန္ဓာတ်မင်းသည် မဟာသမ္မတမင်းမှ စ၍ ရေတွက်လျှင် ၆-ဆက်မြောက် မင်းဖြစ်၏။ [၃] ဝရကလျာဏ၏ သားကား ဥပေါသထ၊ ဥပေါသထ၏ သားကား ဝရဥပေါသထ၊ ဝရဥပေါသထ၏ သားကား မန္ဓာတ်မင်းဟု ဇာတ် အဋ္ဌကထာ [၄]၌ ဆို၍ ဥပေါသထ၏သားကား မန္ဓာတ်မင်းဟု [၅]၌ ဆိုထားပြန်သည်။ ထို့ကြောင့် ဇာတ်အဋ္ဌကထာတို့အလို မန္ဓာတ်မင်းသည် မဟာသမ္မတမင်းမှ စ၍ ရေတွက်လျှင် ၈-ဆက်မြောက် ၇-ဆက်မြောက် မင်းဖြစ်သည်ဟု ယူရမည်။
ဂုဏ်ရည်နှင့် သက်တမ်း
[ပြင်ဆင်ရန်]မန္ဓာတ်မင်းသည် ရတနာ ၇-ပါး တန်ခိုး ၄-ပါးတို့နှင့် ပြည့်စုံသူဖြစ်၏၊ ယင်းမင်းတရားကြီး၏ လက်ဝဲလက်ကို ခွေ၍ လက်ျာလက်ဖြင့် လက်ခမောင်း (= လက်ပန်းပေါင်း) ခတ်တီး လိုက်လျှင် ပုဆစ်ဒူးပမာဏရှိသည့် ရတနာမိုးကို ရွာချစေနိုင်၏။ ပထမ ၈၄၀၀၀-နှစ်တို့ ပတ်လုံး မင်းသားငယ် အဖြစ်ဖြင့်လည်းကောင်း ဒုတိယ ၈၄၀၀၀-နှစ်တို့ပတ်လုံး အိမ်ရှေ့မင်း အဖြစ်ဖြင့်လည်းကောင်း တတိယ ၈၄၀၀၀-နှစ်တို့ပတ်လုံး စကြာမင်းအဖြစ်ဖြင့် လည်းကောင်း အဆင့်ဆင့် စည်းစိမ်ခံစားရသူ ဖြစ်သည်၊
မရောင့်ရဲနိုင်သော ကာမဂုဏ်
[ပြင်ဆင်ရန်]ယင်းမင်းတရားကြီးသည် လူ့ ပြည် ကာမဂုဏ်များကို မရောင့်ရဲနိုင်သည့်အတွက် ပရိသတ်နှင့် တကွ စတုမဟာရာဇ်နတ်ပြည်သို့ တက်ရောက်၍ လူအဖြစ်ဖြင့် ကာမဂုဏ်ကို ခံစားသည်၊ ထိုမျှဖြင့် မရောင့်ရဲနိုင် ပြန်ရကား တာဝတိံသာ နတ်ပြည်သို့ တက်ရောက်ကာ သိကြားမင်း ၃၆-ယောက်တိုင်အောင် နတ်ပြည်ထက်ဝက်ကို လူအဖြစ်ဖြင့် ကာမဂုဏ် ယင်း ခံစားသည်။ [၆]တို့၌ကား တာဝတိံသာနတ်ပြည်၌ လူအသွင်ပျောက်၍ နတ်ဘဝဖြင့် စည်းစိမ် ခံစားသည်ဟု ဆို၏။)
ထိုမျှဖြင့် မတင်းတိမ် မရောင့်ရဲနိုင်ရကား သိကြားမင်းကို သတ်၍ တာဝတိံသာတပြည်လုံး အုပ်ချုပ်မင်းလုပ်ရန် ကြံစည်နေစဉ် လူ့ပြည်ရှိ ဥယျာဉ်တော်၌ လျှောကျသက်ဆင်းရသည်၊ ထိုဥယျာဉ်တော်၌ သေရာ ညောင်စောင်းတွင် လဲလျောင်းနေစဉ် “အမတ်တို့နတ်ပြည် ၂-ရပ်လုံးကို နှစ်ပေါင်း များစွာ အုပ်စိုး၍ ကာမဂုဏ်စည်းစိမ်များကို ခံစားရသော်လည်း မင်းကြီး၌ ဖြစ်ပေါ်လာသော တဏှာ၏အလိုကို မပြည့်စုံစေမူ၍သာလျှင် သေလွန်ရ၏ဟု ပြောဆိုရစ်ကြလေ”ဟုမှာ ထားသွန်သင်လျက် နတ်ရွာစံလွန်ရလေသည်။ တဏှာ၏ အလိုကို ရုပ်ဝတ္ထုဖြင့် မဖြည့်စွမ်းနိုင်ကြောင်း မန္ဓာတုဇာတ်ဖြင့် သင်ခန်းစာပေး နေ၏။ [၇] [၈]
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
- ↑ မန္ဓာတု (ပု) [မ+ဓာ+တု။ မံ သိရိံ ဓာရေတီတိ မန္ဓာတု၊ အလုတ္တသမာသော။ ပါရာ၊ ယော။ ၁၄၉။]
- ↑ ထေရီ၊၄၃၂။
- ↑ သုတ္တနိ၊ဋ္ဌ၊၂၊၈၅။
- ↑ (ဇာ၊ဋ္ဌ၊၃၊၄၃၁)
- ↑ (ဇာ၊ဋ္ဌ၊၂၊၂၈၁-၂)
- ↑ (ဒီ၊ဋ္ဌ၊၂၊၇၃။ မ၊ဋ္ဌ၊၁၊၂၃၁။ အံ၊ဋီ၊၂၊၂၄၀-
- ↑ ဇာ၊ဋ္ဌ၊၂၈၂၈၁-၃။) သဗ္ဗေဝ ဒါသာ မန္ဓာတု၊ ယေ ပါဏာ ပထဝိဿိတာ။ ဇာ၊၁၊၇၃။ ဓမ္မ၊ဋ္ဌ၊၂၊၁၅၆။ ဟဿ ပုတ္တော မန္ဓာတု နာမ အဟောသိ။ ဇာ၊ဋ္ဌ၊၂၊၂၈၂။
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၆