ဘာရဒွါဇ
ပုံပန်းသွင်ပြင်
| တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
| ဗုဒ္ဓဘာသာ |
|---|
[၁] ဘာရဒွါဇအနွယ်ဝင်များကို ဘာရဒွါဇဟု ခေါ်ဆိုကြသည်။ ထင်ရှားသော ဘာရဒွါဇအမည်ရှိ ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ [၂]
ဘာရဒွါဇအမည်ရှိ ထင်ရှားသော ပုဂ္ဂိုလ်များ
[ပြင်ဆင်ရန်]- ကဿပဘုရားရှင်၏ အဂ္ဂသာဝက ဘာရဒွါဇထေရ်။ [၃]
- ဘာရဒွါဇပစ္စေကဗုဒ္ဓါ။ [၄]
- ဝလ္လိကာရဖလဒါယကထေရ်။ [၅]
- အမည်တွင်သော ဘာရဒွါဇထေရ်။ [၆]
- ဂေါတမဘုရား၏ မဟာသာဝက ပိဏ္ဍောလဘာရဒွါဇထေရ်။ [၇]
- ဘာရဒွါဇနတ်ဘီလူး။ [၈]
- ဓနဉ္ဇာနီပုဏ္ဏေးမ၏ လင်ယောက်ျား ဘာရဒွါဇပုဏ္ဏား။
- ဘုရားရှင်အား ဂါထာ ၅၀၀ ဖြင့် ဆဲရေးသော အက္ကောသဘာရဒွါဇပုဏ္ဏား။
- အက္ကောသဘာရဒွါဇ၏ ညီ အသုရိန္ဒကဘာရဒွါဇပုဏ္ဏား (သံယုတ္တနိကာယ် အဋ္ဌကထာ၌ အသုရိန္ဒက ဟု လာရှိသည်။)။
- ဆန်ပုန်းရည် ရောင်းသူ ဗိလိင်္ဂိကဘာရဒွါဇပုဏ္ဏား (သံယုတ္တနိကာယ် အဋ္ဌကထာ၌ ဗိလိင်္ဂီက ဟု လာရှိသည်။)။
- အဟိံသကပြဿနာကို မေးမြန်းသော အဟိံသကဘာရဒွါဇပုဏ္ဏား။
- တဏှာနှင့်ပတ်သက်သော ပြဿနာကို မေးမြန်းသော ဇဋာဘာရဒွါဇပုဏ္ဏား။
- သုဒ္ဓိကပြဿနာကို မေးမြန်းသော သုဒ္ဓိကဘာရဒွါဇပုဏ္ဏား။
- မီးကို လုပ်ကျွေးသော အဂ္ဂိကဘာရဒွါဇပုဏ္ဏား။
- သုန္ဒရိကမြစ်ကမ်း၌ နေသော သုန္ဒရိကဘာရဒွါဇပုဏ္ဏား။
- သမီးများစွာရှိသော ဗဟုဓီတိကဘာရဒွါဇပုဏ္ဏား။
- လယ်ပိုင်ရှင် ကသိဘာရဒွါဇပုဏ္ဏား။ [၉]
- ကမ္မာသဓမ္မနိဂုံးသား ဘာရဒွါဇပုဏ္ဏား။ [၁၀]
- တာရုက္ခပုဏ္ဏား၏ တပည့် ဘာရဒွါဇလုလင် (နောင်အခါ၌ သာမဏေပြုသည်။)။ [၁၁]
- အဂ္ဂိကဘာရဒွါဇမြေခွေး [၁၂]
- အင်္ဂဏိကဘာရဒွါဇမထေရ် [၁၃]
- ဘာရဒွါဇသာမဏေ [၁၄]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဘာရဒွါဇ(တိ) [ဘာရဒွါဇ+ဏ။ ထီ-၌ ဘာရဒွါဇီ။ ကစ္စည်း။ ၃၄၄။]
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၅
- ↑ ဗုဒ္ဓဝံ၊၃၇၈။ ဗုဒ္ဓဝံ၊ဋ္ဌ၊၃၁၂။
- ↑ မ၊၃၊၁၁၅။
- ↑ (အပ၊၂၊၅၁။)
- ↑ ထေရ၊ဋ္ဌ၊၁၊၃၈၅။
- ↑ ဥဒါန၊ဋ္ဌ၊၂၂၈။ ထေရ၊ဋ္ဌ၊၂၊၅၄၂။
- ↑ ဒီ၊၃၊၁၅၆၊ ၁၇၃။
- ↑ သံ၊၁၊၁၆၃-၁၇၅။ သံ၊ဋ္ဌ၊၁၊၂၀၉-၂၃၅။
- ↑ မ၊၂၊၁၆၉။
- ↑ ဒီ၊၁၊၂၂၂။ ဒီ၊ဋ္ဌ၊၁၊၃၃၁။ ဒီ၊ဋ္ဌ၊၃၊၄၄။
- ↑ (ဇာ၊ဋ္ဌ၊၁၊၄၈၇)
- ↑ (ထေရ၊ဋ္ဌ၊၁၊၄၃၄)
- ↑ (ဒီ၊၃၊၆၆) (ဒီ၊ဋ္ဌ၊၃၊၄၃)