ဆွေးနွေးချက်:ဗုဒ္ဓဝင်

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

သိပ္ပံနည်းကျ ဗုဒ္ဓဘာသာအပိုင်းကို ဖျက်ပစ်ရန် ဆွေးနွေးခြင်း[ပြင်ဆင်ရန်]

အဲ့ဒိ သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ' ဆိုတဲ့ အပိုင်းက ဗုဒ္ဓဝင်နဲ့ မဆိုင်တဲ့ ရေးသားတဲ့သူရဲ့ ထင်မြင်ယူဆချက်တွေ ပါနေတယ်လို့ ထင်ပါတယ်။ အဲ့ဒိအပိုင်းကို ဖျက်ပစ်ဖို့ အကြံပြုပါတယ်။ ခင်မောင်မောင်လွင် (ဆွေးနွေး) ၀၁:၂၀၊ ၁၆ ဇွန် ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]

Please feel free to cleanup. NinjaStrikers «» ၁၀:၅၄၊ ၁၆ ဇွန် ၂၀၁၈ (UTC)[အကြောင်းပြန်ရန်]
ဆွေးနွေးချက်က ကြာပြီဖြစ်သော်လည်း ယခုမှဝင်ကြည့်မိလို့ပါ။ ဤဆောင်းပါးကို ဖတ်တော့ မဆီလျှော်တာတွေအများကြီးပဲ။ ဗုဒ္ဓဝင်ဟူသည်မှာ ဗုဒ္ဓဘာသာရှုထောင်မှကြည့်လျှင် ဂေါတမဗုဒ္ဓတစ်ဆူတည်း အကြောင်းကို ဆိုလိုသည်မဟုတ်ဟုယူဆပါသည်။ အဆက်ဆက်ပွင့်ခဲ့သည့် ဗုဒ္ဓများ အထူးသဖြင့် ရှေးက ကပ်လျက်ရှိသော ဗုဒ္ဓ (၂၄) ဆူထင်တယ်၊ ယခုနှင့် နောက်ပွင့်မည့် ဗုဒ္ဓ စသဖြင့် ဇာတ်ကြောင်းများကို ရှင်းလင်းဖော်ပြခြင်းဖြစ်ပါတယ်။ enwiki ကို ဖတ်တော့ ခုဒက္ကနိကာယ်ပါ ဗုဒ္ဓဝံသသုတ္တံကိုပဲရေးထားတာပါ၊ အဲလိုပဲဖြစ်သင့်ပါတယ်။ ထိုသုတ္တံကို enမှာ (၁၄) ခုမြောက်လို့တွေ့တာနဲ့ အချို့ source မှာ (၁၁) ​​သုတ်မြောက် ဒါလေးပဲ ကွဲလွဲစရာရှိမှာပါ။ မင်းကွန်းတိပိဋကဆရာတော် ပြုစုသော မဟာဗုဒ္ဓဝင်ဆို ကျမ်းအကြီးကြီးပါ။ စုံစေ့နေအောင်ရေးသားထားတာပါ။ လက်ရှိပွင့်တဲ့ ဂေါတမဗုဒ္ဓ အကြောင်းတစ်ခုတည်းမဟုတ်ပါ။

ဗုဒ္ဓဘာသာဆောင်းပါးအချို့မှာ သိပ္ပံနည်းကျအပိုင်းတို့၊ ဒီမိုကရေစီအစတို့၊ ကွန်ဖြူးရှပ်တွေ ပလေးတိုးတွေ ဘာတွေမှန်းမသိဘူး ဆောင်းပါးနဲ့မဆီမဆိုင် ရေးထားတာတွေ ခပ်များများတွေ့ပါတယ်။ အဲလိုဟာမျိုးတွေဖျက်ပစ်၍ ကောင်းမွန်အောင်၊ ဆောင်းပါးအရည်အချင်းနဲ့ညီအောင် တည်းဖြတ်သူများရှိက ကြိုဆိုပါတယ်။ (မှတ်ချက် :personal ပါ > ဘာသာတရားများနဲ့ သိပ္ပံတို့က အမှန်တရားများကို သူ့နည်းသူ့ဟန်နဲ့ သွားနေတာပါ။ သွားပုံချင်းမတူပါ၊ ယူဆပုံခြင်းမတူ၊ နောက်ခံသဘောစဉ်းစားပုံခြင်းမတူ၊ ဘာသာတွေက spiritual/moral truth ကိုရှာတာ၊ science က material truth ကို သွားတာပါ၊ အခြေအနေတစ်ရပ်အရ လိုအပ်လို့နှိုင်းယှဉ်တာကလွဲ့လို့ ဇွတ်ညှိပြီး မရေးကြပါနဲ့၊) Aungookingofcelestials (ဆွေးနွေး) ၁၈:၄၈၊ ၂၂ အောက်တိုဘာ ၂၀၂၀ (UTC)[အကြောင်းပြန်ရန်]