မာတိကာသို့ ခုန်သွားရန်

ပုဏ္ဏက

ဝီကီပီးဒီးယား မှ

ပိဋကတ်တော်လာ ပုဏ္ဏက မည်သော သူများမှာ အောက်ပါ အတိုင်းဖြစ်သည်။


(က) ပုဏ္ဏကမည်သောပုဏ္ဏား

[ပြင်ဆင်ရန်]

ထိုပုဏ္ဏားသည် ကောသလမင်း၏ ဆရာ ဖြစ်ခဲ့ဘူးသော ဗာဝရီပုဏ္ဏားကြီး၏ တပည့်(၁၆) ဦးတွင်ပါဝင်သည်။ အခြံအရံတပည့် တစ်ထောင်ရှိသည်။ မြတ်စွာဘုရားအား “အနေဇံ မူလဒဿာဝိံ-စသည်ဖြင့် မေးလျှောက်သဖြင့် ဘုရားရှင် ဟောအပ်သော ပုဏ္ဏကသုတ္တန်ကို ကြားနာရ၍ တပည့်တစ်ထောင် နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်သည်။ အကျယ်ကို []-ကြည့်။ []

(ခ) ပုဏ္ဏကထေရ်

[ပြင်ဆင်ရန်]

ဤအမည်ဖြင့် နှစ်ပါးတွေ့သည်။ နှစ်ပါးလုံးအတိတ် ကုသိုလ်ကံ တူကြသည်။ အတိတ်ဘဝ ရသေ့ဖြစ်သောကာလ၌ ပရိနိဗ္ဗာန် စံလွန်သော အရှင်ပစ္စေကဗုဒ္ဓါ၏ ရုပ်ကလာပ်တော်ကို မီးဖြင့် ပူဇော်ခဲ့သည်။ ထိုဘဝမှစုတေသောအခါ ကုသိုလ်ကြောင့် ပုဏ္ဏကအမည်ဖြင့် လူ့ ဘဝ နတ်ဘဝများစွာတို့၌ဖြစ်သည်။ (ပုဏ္ဏက မည်သော နတ်သား ဖြစ်ခဲ့သည်။) ဤဘုရားရှင်လက်ထက်၌ ရဟန္တာအဖြစ်ရောက်သော မထေရ် ဖြစ်သည်။ []

(ဂ) ပုဏ္ဏကမည်သော နတ်သား

[ပြင်ဆင်ရန်]

အထက်ပုဒ်ကြည့်။ []

(ဃ) ပုဏ္ဏကမည်သော နတ်ဘီလူး စစ်သူကြီး

[ပြင်ဆင်ရန်]

ပုဏ္ဏကသည် ဝေဿဝဏ်နတ်မင်း၏ တူတော်သည်။ သုံးဂါဝုတ် ပမာဏ ရှိသော မနောမယနတ်မြင်းပျံကိုစီးလျက် ကာဠတောင်ထိပ်၌ကျင်းပသော နတ်ဘီလူး အစည်းအဝေးသို့ သွားစဉ် နဂါးမင်းသမီး ဣရန္ဓတီ၏ သီချင်းသံကိုကြား၍ တပ်မက်သဖြင့် ဣရန္ဓတီ၏ မယ်တော်၏ ချင်ခြင်း ငြိမ်းစေရန် ဝိဓုရအမတ်ကြီးကို ဆောင်ခဲ့သူ ဖြစ်သည်။ ပုဏ္ဏက နှင့် ဓနဉ္စယကောရဗျမင်းတို့ ကြွေအံကစားသောအခါ ပုဏ္ဏကသည် အနိုင်ရသဖြင့် “အဟံ ဇိနိံ-ငါ အောင်ပြီ”ဟု ကြွေးကျော်သံသည် ဇမ္ဗုဒီပတစ်ကျွန်းလုံး ကြားရသော အသံကြီးလေးခုတို့တွင် ပါဝင်သည်။ [] အကျယ်ကို []-ကြည့်။ []

(င) ပုဏ္ဏကမည်သော သူဋ္ဌေး

[ပြင်ဆင်ရန်]

[၁၀]

(ဆ) ပုဏ္ဏကမည်သောစကြဝတေး မင်း

[ပြင်ဆင်ရန်]

(၉၂)ကမ္ဘာထက်၌ ပွင့်တော်မူသော တိဿဘုရားရှင်၏ ဗောဓိပိတောက်ပင်ကို ခုနစ်နှစ်အရွယ် ကလေးငယ်သည် စိုက်ပျိုး၍ ငါးနှစ်ပတ်လုံးပူဇော်ခဲ့ရာ ပန်းတွေပွင့်နေသည်ကို ဖူးမြင်ရသဖြင့် ကြက်သီးမွှေး ညှင်း ထလျက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ရသောကြောင့် ၂၅-ကမ္ဘာထက်၌ ပုဏ္ဏက မည်သော စကြာမင်းဖြစ်၏၊ ဤဘုရားရှင်လက်ထက်၌ အသနဗောဓိယထေရ် ဖြစ်လာသည်။ [၁၁]

(ဇ) ပုဏ္ဏကမည်သောမြင်းပျံ

[ပြင်ဆင်ရန်]

ဧကရာဇာမင်းက ယဇ်ပူဇော်ရန် ခေါ်စေအပ်သော မြင်းဖြစ်သည်။ [၁၂]

ပုဏ္ဏကဇာတက

[ပြင်ဆင်ရန်]

ပုဏ္ဏကဇာတ် (ဝိဓူရဇာတ်ဖြစ်သည်။) ဘုရားရှင် ဇေတဝန် ကျောင်းတော်၌ သီတင်း သုံးနေစဉ် မိမိ၏ပညာပါရမီကို အကြောင်း ပြု၍ ဟောတော်မူသောဇာတ်။ [၁၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. ပုဏ္ဏက (ပု) [ပုဏ္ဏ+က]
  2. တိပိဋကအဘိဓာန် အတွဲ-၁၄ အပိုင်း-၃
  3. သုတ္တနိ၊၄၃၁။ စူဠနိ၊၁၉၇။ သုတ္တနိ၊ဋ္ဌ၊၂၊၃၀၃-၄
  4. ဗာဝရိဿ ဝစော သုတွာ၊ ဝစော သုတွာ၊ သိဿာ သောဠသဗြာဟ္မဏာ။ ... ပုဏ္ဏကော အထ မေတ္တဂူ။ သုတ္တနိ၊၄၃၁။ စူဠနိ၊၁၉၇။
  5. ဣတ္ထံ သုဒံ အာယသ္မာ ပုဏ္ဏကော ဣမာ ဂါထာယော အဘာသိတ္ထ။ အပ၊၁၊၄၀၀။ (စူဠနိ၊၇။ အပ၊ဋ္ဌ၊၁၊၃၀၅။ ထေရ၊ဋ္ဌ၊၁၊၁၉၇။)
  6. တတြာပိ နာမဓေယျံ မေ၊ ပုဏ္ဏကောတိ အဟု တဒါ။ အပ။ ၁။ ၄၀၀။
  7. သံ၊ဋ္ဌ၊၁၊၂၉၄။ သုတ္တနိ၊ဋ္ဌ၊၁၊၂၁၈။
  8. ဇာ၊ဋ္ဌ၊၇၊၁၆၄
  9. အဝစာသိ ပုဏ္ဏကံ ဣရန္ဓတီ။ ဇာ၊၂၊၂၇၆။ (ဇာ၊ဋ္ဌ၊၇၊၇၈၊ ၁၆၂၊ ၂၄၀။)
  10. ပုဏ္ဏကော ဒါသော ထေရဿ သာရိပုတ္တဿ ဘောဇနဒါနံ ဒတွာ တဒဟေဝ သေဋ္ဌိဋ္ဌာနံ အဇ္ဈုပဂတော။ သော ဧတရဟိ ပုဏ္ဏကော သေဋ္ဌီတိ ပညာယိ။ မိလိန္ဒ၊၂၈၁။
  11. ပဏ္ဏဝီသတိတော ကပ္ပ၊ ပုဏ္ဏကော နာမ ခတ္တိယော။ သတ္တရတနသမ္ပန္နော၊ စက္ကဝတ္တီ မဟဗ္ဗလော။ အပ၊၁၊၁၂၃။
  12. အဿရတနမ္ပိ ကေသီ၊ သုရာမုခံ ပုဏ္ဏကံ ဝိနတကဉ္စ။ အာနေထ ခေါ နေ ခိပ္ပံ၊ ဇာ၊၂၊၂၄၃။ ဇာ၊ဋ္ဌ၊၇၊၇၈။
  13. ပဌမံ ဝေဿန္တရဇာတကံ ပရိဟာယတိ၊ တတော ပဋိလောမက္ကမေန ပုဏ္ဏကဇာတကံ... ပရိ-ဟာယတိ။ အံ၊ဋ္ဌ၊၁၊၆၉။ သာရတ္ထ၊၃၊၄၄၂။ (ဒီ၊ဋီ၊၁၊၁၆၀။ ဣတိဝုတ်၊ဋ္ဌ၊၁၀၃။)