မာတိကာသို့ ခုန်သွားရန်

တာရာ၊ ဗိုလ် (ရဲဘော်သုံးကျိပ်)

ဝီကီပီးဒီးယား မှ
ဗိုလ်တာရာ
မွေးသက္ကရာဇ်၁၉၁၉-ခု၊ ဧပြီ ( ၁၃)ရက်၊
မွေးဖွားရာဒေသပျဉ်းမနားမြို့
အမည်ရင်းခင်မောင်ဦး
ဗိုလ်ဘွဲ့အမည်ဗိုလ်တာရာ
ဂျပန်အမည်Monya Masaru
မိဘအမည်ဦးအကောက် + ဒေါ်လွန်း
နိုင်ငံသား
လူမျိုးမြန်မာ
ကိုးကွယ်သည့်ဘာသာဗုဒ္ဓဘာသာ
ပညာအရည်အချင်းအင်္ဂလိပ် မြန်မာ ၁ဝ တန်းအောင်
အလုပ်အကိုင်မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး၏ စည်းရုံးရေးမှူးနှင့် ဘဏ္ဍာရေးမှူး ၊ စာရေးဆရာ၊
ဆုတံဆိပ်နိုင်ငံဂုဏ်ရည် ပထမအဆင့်၊ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်
ကွယ်လွန်ရက်၆၊ ၂၊ ၁၉၉၃
လက်မှတ်

ကိုယ်ရေးဖြစ်စဉ်

[ပြင်ဆင်ရန်]

၁၃ ဧပြီ ၁၉၁၉ ရက်နေ့တွင် ပျဉ်းမနားမြို့၌ အဖ သစ်စက်ပိုင်ရှင်၊ သစ်ကုန်သည် ဦးအကောက်နှင့် အမိ ဒေါ်လွန်းတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ခင်မောင်ဦး ဖြစ်ပြီး ရဲဘော်သုံးကျိပ် ဗိုလ်အမည်ခံရာတွင် ဗိုလ်တာရာဟု နာမည် ယူခဲ့သည်။

  • ၁၉၃၆ ခုနှစ်တွင် ပျဉ်းမနားခရိုင် တို့ဗမာအစည်းအရုံး သို့ ဝင်ရောက်ခဲ့သည်။ ကျောင်းသားသမဂ္ဂ၊ ခရိုင် တို့ဗမာအစည်းအရုံး၊ ခရိုင် ဗမာ့လက်ရုံးတပ်ဖွဲ့၊ ခရိုင် တောင်သူလယ်သမား အစည်းအရုံး များ ဖွဲ့စည်းတည်ထောင်ရာတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။
  • ၁၉၃၇ ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားအစည်းအရုံး၏ စည်းရုံးရေးမှူးနှင့် ဘဏ္ဍာရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့သည်။
  • ၁၉၃၈ ခုနှစ် ပျဉ်းမနားမြို့ KEM အထက်တန်းကျောင်းမှ အင်္ဂလိပ် မြန်မာ ၁ဝ တန်း အောင်မြင်သည်။ ကျောင်းသားသပိတ်ကြီးတွင် ပါဝင် လှုပ်ရှားခဲ့သည်။
  • ၁၉၄၁ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက် စစ်ပညာ သင်ကြားခဲ့သည့် ရဲဘော်သုံးကျိပ် အနက် တဦး အပါအဝင် ဖြစ်သည်။
  • ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ BIA ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ဗမာ့ကာကွယ်ရေးတပ်မတော်တို့တွင် ပါဝင် ထမ်းဆောင်ပြီး ဂျပန် တော်လှန်ရေးတွင် ဝင်ရောက် ဆင်နွှဲခဲ့သည်။
  • ၁၉၅၉ ကွတ်ခိုင်မြို့၊ ခရစ်ယာန် သာသာနာပြုကျောင်းမှ ကျောင်းဆရာမ ဖြစ်သူ ဒေါ်စောခင် နှင့် အိမ်ထောင်ပြုသည်။
  • ၁၉၆၀ ပြည်ထောင်စုပါတီ (ပထစ) မှ ပျဉ်းမနား အမတ်အဖြစ် ပါလီမန်လွှတ်တော်သို့ ရွေးကောက်တင်မြှောက်ခံရသည်။
  • ၁၉၆၁ ရဲဘော်သုံးကျိပ် ၏ ပြည်တော်ပြန် လုံးချင်းစာအုပ်ဖြင့် စာပေဗိမာန် (သုတပဒေသာဆု) ရရှိခဲ့သည်။
  • ၁၉၇၈ သိုင်းနယ်မှ ကျားသောင်းကျန်း ဝတ္ထုတိုကို အထက်တန်း မြန်မာစကားပြေ စာအုပ်တွင် သင်ရိုးညွန်းတမ်း အဖြစ် ပြဋ္ဌာန်းခံခဲ့ရသည်။
  • ၁၉၈၀ ဇန်နဝါရီ (၇) တွင် မြန်မာ့လွတ်လပ်ရေးအတွက် နယ်ချဲ့ဆန့်ကျင်ရေး နှင့် ဖက်ဆစ်တိုက်ဖျက်ရေးတွင် သက်စွန့်ကြိုးပမ်း ဆောင်ရွက် ခဲ့သောကြောင့် နိုင်ငံတော်က ချီးမြှင့်သည့် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကို ရရှိသည်။
  • ၁၉-- နိုင်ငံတော်က ချီးမြှင့်သည့် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမဆင့်) ကို ရရှိသည်။
  • ၁၉၈၆ သူ၏ မာန်စွယ်ဖွေးဖွေး ဝတ္ထုကို ဟန္ဒီဘာသာ သို့ ပြန်ဆိုခြင်းခံရသည်။[]


စစ်ကြိုခေတ်ကပင် ဘားမားဂျာနယ်၊ ဒီးဒုတ်ဂျာနယ်၊ သူရိယမဂ္ဂဇင်းတို့တွင် ဝတ္ထုတိုများ ရေးသားခဲ့သည်။ ရှုမဝ၊ မြဝတီ၊ ငွေတာရီ၊ သွေးသောက်မဂ္ဂဇင်းများတွင် တော်လှန်ရေး ဝတ္ထုများ၊ စစ်ဝတ္ထုများမှ စ၍ နောက်ပိုင်း အမဲလိုက်မုဆိုး ဝတ္ထုများကို တသမတ်တည်း ရေးသားခဲ့သည်။

ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်) သည် နိုင်ငံဂုဏ်ရည် ပထမအဆင့်နှင့် လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် ရရှိပြီး စာပေဆုရှင် စာရေးဆရာနှင့် ရဲဘော်သုံးကျိပ်ဝင်၊ အငြိမ်းစား ဗိုလ်မှူး ဖြစ်သည်။ အသက် ၇၅ နှစ်၊ ၆၊ ၂၊ ၁၉၉၃ ရက်နေ့၌ ကွယ်လွန်ခဲ့သည်။

ထုတ်ဝေခဲ့သည့် စာအုပ်များ

[ပြင်ဆင်ရန်]
ဗိုလ်တာရာ ထုတ်ဝေခဲ့သည် စာအုပ်များ
စဉ် စာအုပ်အမည် ထုတ်ဝေနှစ်
မိပန်းမ၁၉၅၇
မေတ္တာရေယာဉ်၁၉၅၉
မိုက်သမျှဒဏ်၁၉၆၀
ချစ်သမျှကို၁၉၆၁
မုန်းချစ်သနား၁၉၆၁
မိုးနှင့်မြေ၁၉၆၁
သေခွင့်မကြုံ၁၉၆၁
အန္တရာယ်စခန်း မပြန်လမ်း၁၉၆၁
ရဲဘော်သုံးကျိပ် ပြည်တော်ပြန်၁၉၆၁
၁၀ရင်ဆိုင်တိုက်ပွဲ၁၉၆၁
၁၁ချစ်တိတ်နှောင်းဆွေး စစ်မက်ရေးကြောင့်၁၉၆၂
၁၂တိုက်ဝံ့သူအတွက်၁၉၆၂
၁၃မာန်စွယ်ဖွေးဖွေး၁၉၆၂
၁၄ရဲဘက်ရန်သူ၁၉၆၂
၁၅ရိုးမမြိုင်ရိပ်ခွင်၁၉၆၂
၁၆ရှုံးတခါ နိုင်တလှဲ့၁၉၆၂
၁၇လမ်းဘယ်မမြင် မြိုင်ဟေဝန်ဝယ်၁၉၆၂
၁၈သွေးကြောင်းသွင်သွင် ခရီးစဉ်၁၉၆၂
၁၉အောင်လံတော်လွှင်ခါမှ၁၉၆၂
၂၀မုဆိုးနှင့် သားကောင်ကြီးများ၁၉၆၂
၂၁ကိုယ်တွေ့ဖော်မိုဆာ၁၉၆၃
၂၂ကျည်ဆန်နှင့် ပစ်ကွင်း၁၉၆၃
၂၃တပွဲတလမ်း၁၉၆၃
၂၄တောင်တန်းဧကရီ၁၉၆၃
၂၅မုဆိုးဟူသည်၁၉၆၃
၂၆မိုးထဲလေထဲ၁၉၆၃
၂৭ဝရမ်းပြေးဘိုးသိန်း၁၉၆၃
၂၈သားရဲနယ်မြေ၁၉၆၃
၂၉သေကံမရောက် သက်မပျောက်၁၉၆၃
၃၀သေနတ်နှင့် မုဆိုး၁၉၆၃
၃၁အောင်မြေ၁၉၆၃
၃၂ဂူနန်းရှင်၁၉၆၄
၃၃စုံမြိုင်ကိုဖြတ် တောင်ယံပက်လျှက်၁၉၆၄
၃၄မုဆိုးနှင့် ညတိုက်ပွဲ၁၉၆၄
၃၅မှုံပြာဝေ၁၉၆၄
၃၆ရေခဲတောင်ကျောမှ သေမင်းကောင်ကြီး၁၉၆၄
၃၇ရိုးမမြောက်စွန်းသုံးမြေခွင်၁၉၆၄
၃၈ချစ်ကြွေးသံသရာ၁၉၆၅
၃၉တောင်ယံတောကမောလေအောင်၁၉၆၅
၄၀ဘုန်းမောင့်သူဇာ၁၉၆၅
၄၁မုဆိုးသံသရာ၁၉၆၅
၄၂မေတ္တာတော် အနန္တပေမို့၁၉၆၅
၄၃မြိုင်မင်းခေါ်သံ၁၉၆၅
၄၄ယောက်ျားဘာသာ၁၉၆၅
၄၅ရန်သူ့နယ်မြေ၁၉၆၅
၄၆လူကျား၁၉၆၅
၄၇လက်မရွံမောင်မောင်၁၉၆၅
၄၈ဟေဝန်စုံမြိုင်၁၉၆၅
၄၉လွမ်းရစ်တော့မောဒေဝီ၁၉၆၆
၅၀ရိုးမသို့၁၉၆၆
၅၁ရိုးမသုံးသွယ်၁၉၆၆
၅၂ရွှေလဝင်း၁၉၆၆
၅၃လေးဦးမေတ္တာ၁၉၆၆
၅၄ခေါင်းပြတ်တောင်သိုက်၁၉၆၆
၅၅ဂူနန်းရှင်ကျိန်စာ၁၉၆၆
၅၆မိုးသက်လေဆငင်၁၉၆၆
၅၇ရေပြာလှိုင်းနှင့် ဒီရိုင်းနှင့်၁၉၆၆
၅၈မြရွက်ဝါချွေနှင့် ကင်းနွေ၁၉၆၆
၅၉တိမ်ပြာနှင့် မြေလွှာ၁၉၆၇
၆၀နဂါးပွက်တောင်၁၉၆၇
၆၁ဗိုလ်ယက္ခ၁၉၆၇
၆၂မျှော်လေတိုင်းဝေး၁၉၆၇
၆၃သွေးနှင့်ဓား၁၉၆၇
၆၄အန္တရာယ်လမ်း၁၉၆၇
၆၅ဒူးဝါးဖေအောင်၁၉၆၇
၆၆စိုးတထိတ်ထိတ်၁၉၆၈
၆၇ဆန်းနွေဦး၁၉၆၈
၆၈သူပုန်ကြီး၁၉၆၈
၆၉စင်္ကြဝဠာတိုက်ပွဲ၁၉၆၈
၇၀စုံတော်ရှင်၁၉၆၈
၇၁တော်တောင်စုံမြိုင်၁၉၆၈
၇၂ကျောက်လက်ဓားသိုက်၁၉၆၉
၇၃ချစ်မုန်းကမ္ဘာ၁၉၆၉
၇၄ဂူနန်းရှင်၁၉၇၀
၇၅ကတိသစ္စာ၁၉၇၁
၇၆ထိပ်ခေါင်တင်နှင့်တောဘုရင်၁၉၇၁
၇၇ကျားနှင့်ဆင်၁၉၇၃
၇၈ကျောက်လက်ဝါးသိုက်၁၉၇၃
၇၉သွေးနိဒါန်း၁၉၇၃
၈၀ခေါင်းဖြတ်တောင်ခရီး၁၉၇၆
၈၁သိင်္ဂိမြဖူး နွေမူးမူး၁၉၇၇
၈၂ချက်ပိုင်သော ပစ်ကွင်း၂၀၀၄
၈၃မရဏတော်ကြမ်းကြီး၂၀၀၅
၈၄တော်လှန်ရေး အတွေ့အကြုံ၂၀၀၆
၈၅လွတ်လပ်ရေးပညာတော်သင်၂၀၀၆

[]

ဘဝနိဂုံး

[ပြင်ဆင်ရန်]

စစ်မှုထမ်းဟောင်းအဖွဲ့ဝင်၊ စာရေးဆရာ၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာသည် ၁၉⁠၉၃ခု၊ ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်စောခင်နှင့် သားနှစ်ယောက်၊ သမီးနှစ်ယောက်၊ မြေးတစ်ယောက် ကျန်ရစ်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ဗိုလ်တာရာ ၊ ၂၀၀၆
  2. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)၊ စာတည်းအဖွဲ့ စုဆောင်း ပြုစုပြီး ရွှေဟင်္သာ စာအုပ်တိုက်မှ ၂၀၀၈ ဖေဖော်ဝါရီမှာ ပထမအကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ 'နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း (စတုတ္ထတွဲ)'
  3. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၁၉⁠၉၄)၊ စာ-၂၄၀-၂၄၁

ဗိုလ်တာရာ (၂၀⁠၀၆၊ဇွန်)။ တော်လှန်ရေး အတွေ့အကြုံများ |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)