ချူအင်လိုင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ချူအင်လိုင်း
周恩来
Zhou Enlai MeiyuanXincun17 Nanjing 1946.jpg
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၁ အောက်တိုဘာ ၁၉၄၉ – ၈ ဇန်နဝါရီ ၁၉၇၆
သမ္မတ မော်စီတုန်း (၁၉၅၉ ထိ)
Liu Shaoqi (၁၉၆၈ ထိ)
ခေါင်းဆောင် မော်စီတုန်း (CPC Chairman)
ပထမ ဒုဝန်ကြီးချုပ် Dong Biwu
Chen Yun
Lin Biao
တိန့်ရှောင်ဖိန်
ဆက်ခံသူ Hua Guofeng
တရုတ်ကွန်မြူနစ်ပါတီ ဒုတိယဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၈ စက်တင်ဘာ ၁၉၅၆ – ၁ ဩဂုတ် ၁၉၆၆
တာဝန်သက်တမ်း
၃၀ ဩဂုတ် ၁၉၇၃ – ၈ ဇန်နဝါရီ ၁၉၇၆
ဥက္ကဋ္ဌ မော်စီတုန်း
2nd Chairman of the National Committee Of the CPPCC
တာဝန်သက်တမ်း
ဒီဇင်ဘာ ၁၉၅၄ – ၈ ဇန်နဝါရီ ၁၉၇၆
ဂုဏ်ထူးဆောင် နာယက မော်စီတုန်း
ယခင်လူ မော်စီတုန်း
ဆက်ခံသူ လစ်လပ် (၁၉၇၆–၁၉၇၈)
တိန့်ရှောင်ဖိန်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်
တာဝန်သက်တမ်း
၁၉၄၉–1၁၉၅၈
Premier ကိုယ်တိုင်
ယခင်လူ မရှိ
ဆက်ခံသူ Chen Yi
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1898-03-05)၅ မတ်၊ ၁၈၉၈
Huai'an, Jiangsu, ချင်းမင်းဆက်
ကွယ်လွန် ၈ ဇန်နဝါရီ၊ ၁၉၇၆(1976-01-08) (အသက် ၇၇)
ပေကျင်းမြို့တရုတ်ပြည်သူ့သမ္မတနိုင်ငံ
လူမျိုး တရုတ်
နိုင်ငံရေးပါတီ တရုတ်ကွန်မြူနစ်ပါတီ
ကြင်ဖော် Deng Yingchao
သားသမီး Sun Weishi
Wang Shu[၁][၂]
မိခင်ကျောင်း နန့်ကိုင်တက္ကသိုလ်
အလုပ်အကိုင် နိုင်ငံရေးသမား
ဗျူဟာချမှတ်သူ
တော်လှန်ရေးသမား
သံတမန်
လက်မှတ်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို ထူထောင်ချိန် ၁၉၄၉ ခုနှစ်မှ စ၍ ကွယ်လွန်ချိန်အထိ ချူအင်လိုင်း (周恩来 - အသံထွက် ကျိုးအင်းလိုင်) သည် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့လေသည်။ နိုင်ငံတကာ ဆက်ဆံရေးအတွက် ချူအင်လိုင်းသည် နိုင်ငံတကာ လှည့်လည်သွားလာ ဆွေးနွေး ခဲ့သည်။

၁၉၅၆ ခုနှစ် ကျင်းပသော ရုရှကွန်မြူနစ်ပါတီ၏ ၂၁ ကြိမ်မြောက် ကွန်ဂရက်သို့၎င်း၊ ၁၉၆ဝ ပြည့်နှစ် နိုဝင်ဘာလ၊ ဒီဇင်ဘာလများအတွင်း ကျင်းပသော ၈၁ နိုင်ငံ ကွန်မြူနစ်ပါတီများ၏ အစည်းအဝေးသို့၎င်း၊ ၁၉၆၁ ခုနှစ် အောက်တိုဘာလ၌ ကျင်းပသော ရုရှကွန်မြူနစ်ပါတီ၏ ၂၂ ကြိမ်မြောက် ကွန်ဂရက်သို့၎င်း ချူအင်လိုင်း တက်ရောက် ခဲ့သည်။

၁၉၅၄ ခုနှစ်နှင့် ၁၉၅၅ ခုနှစ်တို့၌ ကျင်းပ ပြုလုပ်ခဲ့ သည့် ဂျီနီဗာကွန်ဖရင့်နှင့် ဗန်ဒေါင်းကွန်ဖရင့်တို့ကို ဝန်ကြီးချုပ် ချူအင်လိုင်း တက်ရောက်ခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက် အရ ချူအင်လိုင်းသည် ရန်ကုန်မြို့သို့ ၁၉၅၄ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၆ဝ ပြည့်နှစ်တွင် တစ်ကြိမ်၊ ၁၉၆၄ ခုနှစ်တွင် တစ်ကြိမ် ချစ်ကြည်ရေးခရီး ရောက်ရှိလာခဲ့သည်။ မြန်မာ- တရုတ် နယ်နိမိတ် သဘောတူစာချုပ်နှင့် မကျူးကျော်ရေး စာချုပ်များလည်း ချုပ်ဆိုနိုင်ခဲ့သည်။

၁၉၆၃ ခုနှစ်တွင် ချူအင်လိုင်းသည် အာရှ၊ အာဖရိက ညီလာခံ ကျင်းပရေးနှင့် တရုတ် အိန္ဒိယ နယ်နိမိတ်ပြဿနာ ရှင်းရေးအတွက် အီဂျစ်၊ အယ်လဂျီးရီးယား၊ မိုရော့ကို စသည့် အာဖရိကနိုင်ငံ ၁၈ နိုင်ငံသို့ သွားရောက်ခဲ့သည်။

၁၉၅၄ ခုနှစ် ဗန်းဒေါင်းကွန်ဖရင့်၌ ချူအင်လိုင်းသည် အာရှအရှေ့ပိုင်း တင်းမာမှုနှင့် တိုင်းဝမ်ဒေသ တင်းမာမှု လျော့ပါးရေး ဆွေးနွေးပြီးနောက် အမေရိကန်တို့နှင့် ဆွေးနွေး ရန် အကြိမ်ကြိမ် အားထုတ်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်တွင် ချူအင်လိုင်းက တရုတ် အမေရိက ဆွေးနွေးပွဲ အောင်မြင်ရေး အတွက် အစွမ်းကုန် ကြိုးစားခဲ့သည်။ ချူအင်လိုင်း၏ဖိတ်ကြား ချက်အရ ၁၉၇၁ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် တစ်ကြိမ်၊ အောက်တိုဘာလ ၂ဝ ရက်နေ့တွင် တစ်ကြိမ် အမေရိကန် သမ္မတ၏ အမျိုးသားလုံခြုံရေးကောင်စီ အကြံပေးအရာရှိ ဟင်နရီ ကစ်ဆင်းဂျားသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လာရောက်၍ နိုင်ငံရေးရာများ ဆွေးနွေးသည်။ ၁၉၇၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ချူအင်လိုင်း၏ ဖိတ်ကြားချက် အရ အမေရိကန်သမ္မတ နစ်ဆင်သည် ပီကင်းမြို့သို့ ရောက်ရှိ လာသည်။

ချူအင်လိုင်းသည် နိုင်ငံတကာ ဆက်ဆံရေး အောင်မြင် သည့် နည်းတူ ပြည်တွင်းရေးရာများကိုလည်း စွမ်းစွမ်းတမန် ဆောင်ရွက်ခဲ့သည်။ ၁၉၇၃ ခုနှစ် ဩဂုတ်လ ၂၄ ရက်မှ၂၈ ရက်တွင် တရုတ်ပြည် ကွန်မြူနစ်ပါတီ၏ ၁ဝ ကြိမ်မြောက် ကွန်ဂရက် ကို လျှိဝှက်စွာ ကျင်းပခဲ့သည်။ ထိုကွန်ဂရက်အပြီးတွင် ချူအင်လိုင်းသည် တရုတ်ပြည် ကွန်မြူနစ်ပါတီကို စနစ်တကျ ပြန်လည် အားဖြည့်တည်ဆောက်ခဲ့သည်။ ယင်းကွန်ဂရက် ပြီးနောက် ချူအင်လိုင်းသည် ကင်ဆာရောဂါကပ် ရောက်သဖြင့် ဆေးရုံတက်ခဲ့ရသည်။ ၁၉၇၄ ခုနှစ်ကုန်ခါနီးတွင် ကျန်းမာရေး အခြေအနေ ကောင်းမွန်လာသဖြင့် ၁၉၇၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်မှ ၁၇ ရက်ထိ စတုတ္ထအကြိမ် အမျိုးသား ပြည်သူ့ ကွန်ဂရက်ကို ကျင်းပနိုင်ခဲ့သည်။ ထိုကွန်ဂရက်၌ ချူအင်လိုင်း သည် စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန်နှင့် ပွင့်လင်း ဖြောင့်မတ်စေရန် တင်ပြခဲ့သည်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် တင်သွင်းခဲ့သည်။

ပြည်သူ့ကွန်ဂရက် ကျင်းပပြီး နောက်ပိုင်းတွင် ချူအင်လိုင်း၏ ဩဇာနှင့် ဂုဏ်သတင်းသည် တရုတ်ပြည်တွင်း သာမက နိုင်ငံတကာတွင်ပါ ကျော်ကြားလာသည်။ ကျန်းမာရေး လည်း ထပ်မံ ချွတ်ယွင်းလာသောကြောင့် ဆေးရုံပြန်တက်ခဲ့ ရသည်။ ချူအင်လိုင်းသည် ကင်ဆာရောဂါကြောင့် သေမင်းနှင့် စစ်ခင်းရင်း တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးအတွက် လူတန်း စား အသိရှိရှိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ချူအင်လိုင်း ကွယ်လွန်လေသည်။[၃]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. 周恩来的一个鲜为人知的义子王戍
  2. 李鹏新书:有人传我是周总理养子这不正确
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)