စိန်လွင်၊ ဦး (နိုင်ငံတော်သမ္မတ)

ဝီကီပီးဒီးယား မှ
(ဦးစိန်လွင် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဦးစိန်လွင်
President Sein Lwin.JPG
(၁၉၂၄-၂၀၀၄)
သတ္တမမြောက် သမ္မတ
အမည်​ရင်း စိန်လွင်
မွေး​ရက် ၁၉၂၄-ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်၊
မွေး​နေ့ တနင်္ဂနွေနေ့
မိဘများ ဦးရွှေရင် + ဒေါ်မမကြီး
မွေးရာဇာတိ ပေါင်မြို့
လူမျိုး မြန်မာ Flag of Myanmar.svg
ဘာသာ ဗုဒ္ဓဘာသာ
ပညာရေး ဗိုလ်သင်တန်း
အလုပ်အကိုင် တပ်မတော်ဝန်ထမ်း
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း
လူသိများခြင်း "ခွေးနှင့် ဓါတ်တိုင်သာ ကျန်ပါစေ"ဟူသော စကားနှင့်အတူ ရှစ်လေးလုံး လူထုအုံကြွမှုကို ရက်စက်စွာနှိမ်နှင်းစေခဲ့သူ
ကြင်ဖော် ဒေါ်ရွှေတင်(ခ) ဒေါ်တင်တင်လှိုင်
သားသမီး သားသမီး( ၅)ဦး
ကွယ်လွန်​ရက် ၂ဝဝ၄- ခုနှစ်၊ ဧပြီလ(၉)ရက်နေ့
လက်မှတ်
ဝက်ဘ်ဆိုက်

မြန်မာပြည်သမိုင်းတွင် ၁၈ ရက်သာ တာဝန်ထမ်းဆောင်ခဲ့ရသော နိုင်ငံတော်သမ္မတတစ်ဦးဖြစ်သည်။ ဦးအေးကို နိုင်ငံတော်သမ္မတ အဖြစ် အနားယူပြီးနောက် ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၇-ရက်မှ ၁၉၈၈-ခုနှစ်၊ ဩဂုတ် ၁၂-ရက်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။

ဦးစိန်လွင် ရေးထိုး၍ အမိန် ဥပဒေ ထုတ်ပြန်ခဲ့သော ငွေစက္ကူများကို တရားမဝင် ငွေကြေးများအဖြစ် ကြေငြာချက်

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးစိန်လွင်သည် ၁၉၂၄-ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်၊ တနင်္ဂနွေနေ့တွင် မွန်ပြည်နယ် ပေါင်မြို့နယ် ကော့ကရင်ရွာ၌ အဖ ဦးရွှေရင်၊ အမိ ဒေါ်မမကြီး(ဒေါ်မာကြီး)တို့မှ မွေးဖွားခဲ့သည်။ ၁၉၂၄ ခု၊ ဇန်နဝါရီလ ၂၂ ရက်နေ့

ပညာသင်ဘဝ[ပြင်ဆင်ရန်]

၁၉၄၄-ခုနှစ်၊ မေလ(၂၇)ရက်နေ့တွင် ဂျပန်ခေတ် တတိယပတ် စစ် တက္ကသိုလ် ဗိုလ်သင်တန်းတက်ရောက်ပြီး နိုဝင်ဘာလ(၃ဝ)ရက်နေ့တွင် ကျောင်း ဆင်းခဲ့သည်။

အမှုထမ်းဘဝ[ပြင်ဆင်ရန်]

အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၂- ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်၊ သထုံခရိုင် ( ယခင်ဗိုလ်မှူးဉာဏ ) တပ်သို့ ဝင်ရောက် အမှုထမ်းခဲ့သည်။ ၁၉၄၃-ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁)၊ တပ်ခွဲ (၃)၌ တပ်သားအဖြစ် မှ ဝင်ရောက်စစ်မှုထမ်းရင်း ဂျပန်ခေတ် မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ်သင်တန်း ဗိုလ်သင်တန်း တတိယပတ်သို့ တက်ရောက်ခဲ့ပြီး အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၅-ခုနှစ်၌ မျိုးချစ်တပ်မတော်တွင် တိုင်း(၂)၊ တပ်ရင်း (၈၃)၊ တပ်ခွဲ(၃) ၌ တပ်ခွဲမှူး တာဝန်ဖြင့် မြစ်ဝကျွန်းပေါ်ဒေသများ၌ လှုပ်ရှားဆောင်ရွက်ခဲ့သည်။


၁၉၄၆-ခုနှစ်တွင် ပြည်မြို့ရှိ သေနတ်ကိုင် တပ်ရင်း(၄) ၌ တပ်သားအဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ သေနတ်ကိုင်တပ်ရင်း ၄ ပျဉ်းမနား၌ တပ်ကြပ်ကြီးနှင့် တပ်ရင်းအရာခံဗိုလ်အဖြစ် လည်းကောင်း၊ ထားဝယ်စစ်ဝန်ထမ်း တပ်ရင်းမှူးအဖြစ်လည်းကောင်း၊ ခြေလျင်တပ်ရင်း (၃) တပ်ခွဲ (၁) တွင် တပ်ခွဲမှူး၊ ချင်းသေနတ်ကိုင် တပ်ရင်း (၁) နှင့် လကရ (၁) တပ်ရင်းတွင် ဒုတပ်ရင်းမှူး အဖြစ် လည်းကောင်း၊ သေနတ်ကိုင် တပ်ရင်း (၄) တပ်ရင်းမှူးအဖြစ် လည်းကောင်းဆောင်ရွက်ခဲ့ရသည်။

၁၉၄၈-ခုနှစ်တွင် ပြန်တမ်းဝန်အရာရှိဖြစ်ခဲ့သည်။ တနင်္သာရီတိုင်းမင်းကြီး၏ အပါးတော်မြဲ တာဝန်ထမ်းဆောင်ရန် ပြည်ထဲရေးဌာနသို့ တွဲဖက်ထားခြင်းခံခဲ့ရသည်။ ထို့နောက် အတွင်းဝန်အဖြစ် လည်းကောင်း၊ ဆောင်ရွက်၍ ဒီမိုကရေစီ ဒေသန္တာရ အုပ်ချုပ်ရေးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဌာန၊ တရားဌာန တို့ကို တွဲဖက်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။

၁၉၄၉-ခုနှစ်တွင် ပြည်ထဲရေးသို့တွဲဖက်ရာမှ ထားဝယ်စစ်ဝန်ထမ်း တပ်ရင်းမှူး၊
၁၉၅ဝ-ပြည့်နှစ်တွင် အမှတ်(၃)ခြေလျင်တပ်ရင်း၌ တပ်ခွဲမှူး၊
၁၉၅၁-၅၂ ခုနှစ်တွင် အမှတ် (၁) လေ့ကျင့်ရေးတပ်၌ တပ်ခွဲမှူး၊
၁၉၅၂-၅၃ ခုနှစ်တွင် တပ်ထိန်းတပ်ခွဲ(၂)၌ တပ်ခွဲတပ်မှူး၊
၁၉၅၃-၅၄ ခုနှစ်တွင် ချင်းသေနတ်ကိုင်တပ်ရင်း၌ ဒုတပ်ရင်းမှူးနှင့် အမှတ် (၁) လေ့ကျင်ရေးတပ် ဒုတိယတပ်ရင်းမှူး၊
၁၉၅၇-ခုနှစ်တွင် အမှတ် (၄) သေနတ်ကိုင်တပ်ရင်း၌ တပ်ရင်းမှူး စသည်ဖြင့် အသီးသီး တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁၉၅၆-၆၉ ခုနှစ်အထိ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး
၁၉၆၉-၇ဝ ပြည့်နှစ်အထိ အရှေ့ပိုင်းတိုင်း ဗျူဟာမှူးအဖြစ် လည်းကောင်း၊
၁၉၇ဝ-၇၂ ခုနှစ်အထိ တိုင်းကြီးကြပ်ရေး ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊
၁၉၇၂-၇၄ ခုနှစ်အထိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။

ထိုမှတစ်ဆင့် သမဝါယမ ဝန်ကြီးဌာန ဝန်ကြီး အဖြစ် လည်းကောင်း၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဌာန ဝန်ကြီး အဖြစ် လည်းကောင်း၊ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန အဖြစ် လည်းကောင်း အသီးသီး ဆောင်ရွက်ခဲ့သည်။ ထို့နောက် နိုင်ငံတော် ကောင်စီဝင် အဖြစ် လည်းကောင်း၊ နိုင်ငံတော် ကောင်စီ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး အဖြစ် လည်းကောင်း နိုင်ငံတော်၏ ကြီးလေးသော တာဝန်များကို အဆင့်ဆင် ထမ်းရွက်ခဲ့သည်။ တစ်ဆက်တည်းမှာ ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့၌ ကျင်းပခဲ့သော စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဦးစိန်လွင်အား နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။ အခြေခံဥပဒေ ပုဒ်မ ၆၆၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော် ကောင်စီဥက္ကဋ္ဌ သည် နိုင်ငံတော်သမ္မတအဖြစ် စတင်ထမ်းရွက်ခဲ့ရသည်။

သမ္မတ၊ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်[ပြင်ဆင်ရန်]

ထို့နောက် နိုင်ငံတော်တွင် ရှစ်လေးလုံး ဆူပူမ၍ အရေးအခင်းများ ဖြစ်ပွားလာခဲ့ပြီးနောက် ၁၉၈၈ ခု၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ဦးစိန်လွင်သည် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတ အဖြစ်မှ လည်းကောင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ လည်းကောင်း နုတ်ထွက်ခဲ့ရာ နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော် ကောင်စီ အမိန့်ကြော်ငြာစာအမှတ် ၁၀၈/၈၈ ကို ထုတ်ပြန်ကြေညာခဲ့သည်။ တစ်ဆက်တည်းမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ခွင့်ကို ၉၂ ကြိမ်မြောက် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးက ခွင့်ပြုပေးခဲ့သည်။

အမုန်းခံရဆုံး[ပြင်ဆင်ရန်]

စိန်လွင် (အငြိမ်းစား ဗိုလ်မှူးချုပ်) သည် မြန်မာနိုင်ငံ ပြည်သူလူထုရဲ့ အမုန်းခံရဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူ၏ ဘဝ အစောပိုင်း ကာလများ အကြောင်းကို ရေရေရာရာ မသိကြသော်လည်း၊ သခင် အာဏာရှင် နေဝင်းနှင့် နီးစပ်သူဖြစ်ပြီး ဘဝတလျှောက်လုံး ယုံကြည် စိတ်ချရသူ တစ်ဦးအနေဖြင့် ဂုဏ်ပြု ချီးမြှင့်ခံရသော စွယ်စုံရ ပုဂ္ဂိုလ်တဦး အဖြစ် သစ္စာရှိစွာ အမှုတော် ထမ်းခဲ့သူ တဦး အဖြစ် လူသိများသည်။ ၁၉၄၃ ခုနှစ်မှ စ၍ မျိုးချစ် ဗမာ့ တပ်မတော်တွင် ပါဝင်ခဲ့ပြီး၊ မျိုးချစ် ဗမာ့ တပ်မတော်မှ ဗမာ့ တပ်မတော် အဖြစ် အသွင်ပြောင်းသောအခါ အရာရှိဖြစ်ရန် လျှောက်ထားခဲ့သော်လည်း၊ အရာရှိ ရွေးချယ်ရေးအဖွဲ့က သူ့ကို မရွေးချယ်ခဲ့ချေ။ သို့သော်လည်း စိန်လွင်က ရဲဘော်အဖြစ် စာရင်းသွင်းခဲ့ပြီး အမှတ်(၄) ဗျူးရစ်ဖ် (4th Bur:f) တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးနေဝင်း၏ ကိုယ်ပိုင်အမှုထမ်းအဖြစ် ထမ်းဆောင်ခဲ့သည်ဟု ယုံကြည်ရသည်။ ထို့နောက်မှ အရာရှိ ဖြစ်လာခဲ့သည်။


၁၉၅၁ ခုနှစ်၊ ဩဂုတ်လတွင် ပထမဆုံး နာမည်ကြီးဖို့ ဖြစ်လာခဲ့သည်။ ထိုစဉ်က ဒု-ဗိုလ်မှူးကြီး အေးမောင်၏ ကွပ်ကဲမှုအောက်တွင် ကရင်ပြည်နယ် လှိုင်းဘွဲ့ အနီး ကေအဲန်ဒီအို စခန်းကို ဝိုင်းရာတွင် သူပါဝင်ခဲ့ပြီး တိုက်ပွဲအတွင်း ကရင် ခေါင်းဆောင် စောဘဦးကြီးကို အသေရမိသည်။ ထို့နောက် အဖေကြီး၏ သစ္စာတော်ခံ နောက်လိုက်နှင့် လူသတ်သမား အဖြစ် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လတွင် တက္ကသိုလ်ကျောင်းသား ရာပေါင်းများစွာကို အသေပစ်ချခဲ့သော တပ်စုများကို သူ ကွပ်ကဲခဲ့သည်။ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကိုလည်း ဖောက်ခွဲဖြိုချခဲ့သည်။ သူ့အနေဖြင့် သွေးလွှမ်းမှု အမျိုးမျိုးအတွက် တာဝန်ရှိခဲ့ပြီး ဦးသန့်ဈာပန ရုပ်ပျက်ဆင်းပျက် ဖြစ်ရမှုနှင့် ရှစ်လေးလုံး ရက်စက်မှုများက သူ့အတွက် နာမည် အပျက်ရဆုံးများ ဖြစ်ခဲ့သည်။


နေဝင်းက သူ့ကို သူ၏ ယုတ်မာရက်စက်သော လုပ်ဆောင်မှုများအတွက် ကောင်းစွာ ချီးမြှင့်သည့် အနေဖြင့် ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတနှင့် မဆလ ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သည်။ ဩဂုတ်လ ၈ ရက်နေ့တွင် တတိုင်းတပြည်လုံး အနှံ့ ပြည်သူ သန်းပေါင်းများစွာသည် လမ်းမများပေါ်သို့ ထွက်၍ စစ်အုပ်စိုးမှု ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။ ပြည်သူလူထု အတွက် ၂၆ နှစ်ကြာ ဖိနှိပ်ခံခဲ့ရမှုသည် လုံလောက်ခဲ့ပြီ။ စထွက်သည်နှင့် စိန်လွင်က ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်သည့် အနေဖြင့် ဆန္ဒပြမှုများအား သေနတ်ဖြင့် ပစ်ခတ် လူစုခွဲရန် ခြေမြန်တပ်မ (၂၂) မှ စစ်သားများကို စေလွှတ်ခဲ့သည်။ ဆန္ဒပြနေသူ လူအုပ်ကြီးများထဲသို့ စစ်တပ်က လက်လွတ်စပယ် ပစ်ခတ်ခဲ့မှုကြောင့် လူ သုံးထောင် (၃,၀၀၀) ထက်မနည်း သေကြေခဲ့ရသည်။ ထိုသို့ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ အတွင်း သူ၏ ပြည်သူလူထု အပေါ် လူမဆန်စွာ ရမ်းကား သတ်ဖြတ်မှုများကြောင့် "ရန်ကုန်မှ သားသတ်သမား" ဟု ကမ္ဘာက အမည် ပေးခဲ့ရသည်။ သို့သော်လည်း ပြည်သူလူထု၏ ဒီရေအလား ဆန့်ကျင် အုံ့ကမှုများကြောင့် စိန်လွင်၏ သမ္မတ သက်တမ်းသည် ၁၈ ရက်သာ တည်မြဲခဲ့ပြီး၊ ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် တာဝန် အားလုံးမှ နှုတ်ထွက် ပေးခဲ့ရသည်။ ၂၀၀၂ ခုနှစ်၊ မတ်လတွင် သူ့ဆရာသခင် အိမ်အကျယ်ချုပ်သဖွယ် ခံရပြီးနောက် မကြာမီပင် သူလည်း တရားမဝင် ရရှိနေသော ခံစားခွင့်များ၊ ဩဇာ အာဏာများ ဆုံးရှုံးခဲ့ပြီး မဖြစ်စလောက်သော စစ်တပ် ပင်စင် လစာလေးဖြင့် ဆင်းရဲနွမ်းပါးစွာ ရှင်သန် နေခဲ့ရသည်။ [၁]

ပြည်ပခရီးများ[ပြင်ဆင်ရန်]

၁၉၈ဝ-ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့လည်းကောင်း၊ ၁၉၈၁-ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့တွင် ကိုးရီးယား နိုင်ငံ သို့လည်းကောင်း သွားရောက်ခဲ့ပါသည်။

မိသားစု[ပြင်ဆင်ရန်]

ဦးစိန်လွင်သည် ဒေါ်ရွှေတင်(ခ) ဒေါ်တင်တင်လှိုင်နှင့် ထိမ်းမြားလက်ထပ်၍ သား မောင်ရဲလွင်ဦး၊ မောင်မင်းလွင်ဦး၊ သမီး မချိုလွင်ဦး၊ သားမောင်ယုလွင်ဦး၊ သမီး မစောသုမာလာလွင် သားသမီး (၅)ဦး ထွန်းကားခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၈၈-ခုနှစ်တွင် တာဝန်များမှ အနားယူခဲ့သော ဦးစိန်လွင်သည် သူ၏ အစာအိမ်ရောဂါ အတွက် စင်ကာပူတွင် ကုသမှု ခံယူပြီး အပြန်၂ဝဝ၄- ခုနှစ်၊ ဧပြီလ(၉)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၁)ရှိပြီ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. 'ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ'၊ အောင်ခင်၊ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုသူ ဒေါက်တာတင့်ဝေနှင့် ဒေါက်တာအေးကျော်၊ စာတည်းဖြတ်သူ မြဝတီရဲခေါင်၊ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာ၊ တတိယအကြိမ် ပြုပြင်တည်းဖြတ် ထုတ်ဝေခြင်း၊ ခေတ်ပြိုင် ဂျာနယ်တိုက်။