တဲရင့်စ်စမွိုင်းနီခွဲ
ဦး တဲရင့်စ်စမွိုင်းနီခွဲ | |
|---|---|
Terrance San Mawi Nikhuai | |
| ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ | |
| တာဝန်သက်တမ်း ၂ ဖေဖော်ဝါရီ ၂၀၂၁ – ၁၁ ဖေဖော်ဝါရီ ၂၀၂၁ (ကွယ်လွန်) | |
| ယခင်လူ | ရာထူးစတင် |
| ဆက်ခံသူ | ငွန်ဆန်းအောင် |
| ချင်းပြည်နယ် တရားလွှတ်တော် တရားလွှတ်တော်တရားသူကြီး | |
| တာဝန်သက်တမ်း ၄ ဩဂုတ် ၂၀၁၇ – ၂ ဖေဖော်ဝါရီ ၂၀၂၁ | |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | နိုဝင်ဘာ ၂၉၊ ၁၉၅၆ ရန်ကုန်မြို့ |
| ကွယ်လွန် | ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁ (အသက် ၆၄) ဟားခါးမြို့၊ ချင်းပြည်နယ် |
ဦးတဲရင့်စ်စမွိုင်းနီခွဲ (အင်္ဂလိပ်: Pu Terrance San Mawi Nikhuai) သည် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် ၁၁ ရက် တာဝန်ထမ်းခဲ့သူ ဖြစ်သည်။[၁][၂]
အစောပိုင်းဘဝနှင့် အလုပ်အကိုင်
[ပြင်ဆင်ရန်]ဖလမ်းမြို့နယ်၊ လုမ်သဲရွာ ဇာတိ ဝဏ္ဏကျော်ထင် ဒေါက်တာနီခွဲနှင့် အင်္ဂလိပ်လူမျိုး Jasmine တို့၏ သားသမီး ၁၀ ဦးအနက် ဒုတိယမြောက်သား ဖြစ်ပြီး၊ ၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ [၃]
ငယ်စဉ်က ဖလမ်းမြို့တွင် ပညာစတင်သင်ကြားခဲ့ပြီး မိတ္ထီလာမြို့တွင် ဆယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဘွဲ့ ရရှိခဲ့သည်။ ဘွဲ့ရရှိပြီးနောက် တရားရုံးတွင် အလုပ်ဝင်ရောက်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နှင့် ဖလမ်းမြို့တို့တွင် အလုပ်လုပ်ကိုင်ခဲ့သည်။[၄]
ချင်းပြည်နယ်တရားလွှတ်တော်၏ တရားသူကြီးအဖြစ် ၂၀၁၇ မှ ၂၀၂၁ အထိ လုပ်ကိုင်ခဲ့သည်။
ပြည်နယ်ကောင်စီဥက္ကဋ္ဌ
[ပြင်ဆင်ရန်]မြန်မာ့တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီးနောက် ပြည်နယ်အလိုက် စီမံအုပ်ချုပ်ရေး ကောင်စီများအား ဖွဲ့စည်းရာတွင် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။[၅]ထို ရာထူးကို ထမ်းဆောင်ရင် ရုတ်တရက် ကွယ်လွန်ခဲ့သည်။
ကွယ်လွန်ခြင်း
[ပြင်ဆင်ရန်]ဦးတဲရင့်စ်စမွိုင်းနီခွဲသည် နေပြည်တော် အစည်းအဝေးသို့ သွားရောက်ခဲ့ပြီး ဟားခါးမြို့သို့ ပြန်ရောက်အပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ် ရှိပြီ ဖြစ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးတဲရင့်စ်စမွိုင်းနီခွဲ နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန် (in my)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ တပ်ချုပ်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ယမန်နေ့တွင် ဖွဲ့စည်း (in en)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ အသုဘနာရေးစာစောင်တွင် ဖော်ပြခဲ့သည်။ Pu Terrance San Mawi ruakvuinak။
- ↑ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ PU Terrance San Mawi Nikhuai (ဦးတာရန့်စ်စန်မွိုင်းနီခွဲ) က ဘယ်သူလဲ (in my)။ ၁၁ ဖေဖော်ဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်(၁၀/၂၀၂၁) ၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးအပ်ခြင်း။ Myanmar Digital News။ 21 August 2025 တွင် ပြန်စစ်ပြီး။