အသံကစ္စိကသိက္ခာပုဒ်

ဝီကီပီးဒီးယား မှ
(တေရသမသိက္ခာပုဒ်၊ ဆတ္တုပါဟနဝဂ် မှ ပြန်ညွှန်းထားသည်)

အမှု—ရင်စည်းတဘက်မပါဘဲ ရွာတွင်းသို့ ဆွမ်းခံဝင်မှု။

အမှုသည်—ဘိက္ခုနီတစ်ယောက်။[၁]

အလှောင်ခံရခြင်း[ပြင်ဆင်ရန်]

ရင်စည်းမပါဘဲ ဆွမ်းခံဝင်မိလေသော် မြင်းရထားတို့ သွားလာရာ လမ်းမပေါ်၌ လေပွေတိုက်သဖြင့် အပေါ် သင်္ကန်းများ လန်၍သွားသဖြင့် လူတို့က “သုန္ဒရာ အယျာယ ထနုဒရာ = အရှင်မ၍ သားမြတ်နှင့် ဝမ်းဗိုက်တို့သည် လှပါပေကုန်၏။” ဟု ပြောင်လှောင်ကြလေသည်။ ထိုသို့ဟစ်အော်၍ ပြောင်လှောင်မှု ခံခဲ့ရကြောင်းကို ထိုဘိက္ခုနီကပင် အခြားဘိက္ခုနီတို့အား ပြောပြသဖြင့် အခြားဘိက္ခုနီတို့က “ရင်စည်းမပါဘဲ ရွာတွင်းသို့ ဝင်ရသလား” ဟု ကဲ့ရဲ့ ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်[ပြင်ဆင်ရန်]

ယာ ပန ဘိက္ခုနီ အသံကစ္စိကာ ဂါမံ ပဝိသေယျ, ပါစိတ္တိယံ။

မြန်မာပြန်[ပြင်ဆင်ရန်]

ရင်စည်းမပါဘဲ ရွာတွင်းသို့ဝင်သောဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။

မှတ်ချက်[ပြင်ဆင်ရန်]

သံကစ္စိကာ” ဟူသည် ညှပ်ရိုး ၂-ဘက်၏အောက် ချက်ပတ်ဝန်းကျင်၏ အထက်ကို (ကိုယ်၏ အလယ်ပိုင်းကို) ဖုံးထားဖို့ရာ ဘိက္ခုနီများအတွက် သက်သက်ခွင့်ပြုအပ်သော အတွင်းခံ ရင်စည်းတဘက် တစ်မျိုးတည်း၊ အတွင်းခံ ကိုယ်ကြပ်အင်္ကျီနှင့် သဘောတူဟန်ရှိသော်လည်း အင်္ကျီကို ခွင့်မပြုရကား တဘက်တစ်မျိုးသာ ဖြစ်သင့်သည်။

ဆတ္တုပါဟနဝဂ်ပြီး၏။

မှာထားချက်[ပြင်ဆင်ရန်]

ဤပါစိတ်အခန်း၌ လသုဏဝဂ်မှစ၍ ဝဂ်ပေါင်း ၉-ဝဂ်ရှိ၏။ ရှေ့ဝဂ်များ၌ သိက္ခာပုဒ် ၁၀-ပါးစီရှိ၍ နောက်ဆုံး ၂-ဝဂ်၌ ၁၃-ပါးရှိရကား ဘိက္ခုနီများနှင့်သာဆိုင်သော သိက္ခာပုဒ်ပေါင်း ၉၆-ပါးရှိ၏၊ ထို့ပြင် ဘိက္ခုများအတွက် ပြခဲ့သော မုသာဝါဒစသော သိက္ခာပုဒ် ၉၂-ပါးတွင် ၂၂-ပါးသည် ဘိက္ခုနီများမဆိုင်၊ ကျန် ၇၀-သာဆိုင်၏။ ထို့ ဘိက္ခုနီများအတွက် ပါစိတ်အာပတ်ကို ပညတ်ထားသော သိက္ခာပုဒ် ပေါင်း ၁၆၆-ပါးရှိသည်ဟုမှတ်။

မဆိုင်သောသိက္ခာပုဒ်[ပြင်ဆင်ရန်]

ဘိက္ခုနီများနှင့်မဆိုင်သော ဘိက္ခုပါစိတ် သိက္ခာပုဒ် ပေါင်း ၂၂-ပါးဟူသည် ဘိက္ခုနီဝဂ်လာသိက္ခာပုဒ် ၁၀, ပရမ္ပရဘောဇန, အနတိရိတ္တဘောဇန, အဘိဟဋုံပဝါရဏ, ပဏီတဘောဇနဝိညတ္တိ, အစေလက, ဒုဋ္ဌုလ္လပဋိစ္ဆာဒန, ဦနဝီသတိဝဿုပသမ္ပာဒန, မာတုဂါမေနအဒ္ဓါနဂမန, ရာဇန္တေ ပုရပ္ပဝေသန, ဝိကာလဂါမပ္ပဝေသန, နိသီဒန, ဝဿိကသာဋိကတို့တည်း။

ပါစိတ်အခန်းပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး