မောတောင်မြို့

ဝီကီပီးဒီးယား မှ
မောင်တောမြို့ နှင့် မရောထွေးပါနှင့်။
မောတောင်မြို့
မြို့
မောတောင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မောတောင်မြို့
မောတောင်မြို့
မြန်မာနိုင်ငံအတွင်းတည်နေရာ
ကိုဩဒိနိတ်: 11°47′39″N 99°37′47″E / 11.79417°N 99.62972°E / 11.79417; 99.62972
နိုင်ငံ မြန်မာ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
ခရိုင်မြိတ်ခရိုင်
မြို့နယ်တနင်္သာရီမြို့နယ်
ဧရိယာ
 • စုစုပေါင်း၇.၇၄၄ စတုရန်းကီလိုမီတာ (၂.၉၉၀ စတုရန်းမိုင်)
လူဦးရေ (၂၀၂၀)၅,၁၇၈[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မောတောင်မြို့ (အင်္ဂလိပ်: Mawdaung) သည် တနင်္သာရီတိုင်းဒေသကြီးတနင်္သာရီမြို့နယ်ရှိ မြို့ဖြစ်သည်။တနင်္သာရီတိုင်းအတွင်း အရှေ့ဘက်အကျဆုံး နယ်စပ်မြို့ဖြစ်သည်။ ယခင်က ကျေးရွာတစ်ခုဖြစ်ပြီး နောက်ပိုင်းတွင် နယ်စပ်မြို့အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ကျေးရွာအဆင့်ကတည်းကပင် နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည်။ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-ကော့သောင်းလမ်းမကြီးမှ ခွဲထွက်၍ တနင်္သာရီတောင်တန်းကို ဖြတ်ကျော်ကာ ကားလမ်းဖောက်လုပ်ထားသည်။

ပထဝီဝင်အနေအထား[ပြင်ဆင်ရန်]

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

မောတောင်မြို့သည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံအောက်ပိုင်းတွင် အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည်။မြိတ်မြို့၏ အရှေ့ဘက် ၁၁၈မိုင် အကွာတွင် တည်ရှိသည်။ ဧရိယာစတုရန်းမိုင် ၂.၉၉ ကျယ်ဝန်းသည်။

နယ်နိမိတ်[ပြင်ဆင်ရန်]

မောတောင်မြို့၏ အရှေ့ဘက်တွင် ထိုင်းနိုင်ငံမှ ဆင်ခွန်းရွာ တည်ရှိသည်။ ထိုရွာသည် အမှတ် (၂) အာရှအဝေးပြေးလမ်းမကြီး၏ ထိုင်းနိုင်ငံအပိုင်းနှင့် (၁၅)မိုင်မျှသာဝေးသည်။

စီးပွားရေး[ပြင်ဆင်ရန်]

မောတောင်တွင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိသော်လည်း တနင်္သာရီတောင်တန်းရှိ တိုင်းရင်းသားလက်နက်ကိုင်လှုပ်ရှားမှုများကြောင့် ပိတ်ထားခဲ့ရသည်များရှိသည်။[၂]မြိတ်-တနင်္သာရီ ဒေသများမှ ပို့ကုန်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှတင်ပို့ရာ မြိတ်မြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ရေမိုင် ( ၂၇၆)မိုင်ကို ၂၄နာရီကြာသွားရသည်။ ထိုမှနေ၍ ထိုင်းနိုင်ငံ၏ အကြီးဆုံးငါးဈေးကွက်ဖြစ်သော မဟာချိုင်သို့ တင်ပို့ရာ စုစုပေါင်း မြိတ်မှ မဟာချိုင်သို့ ၃၁ နာရီခန့်ကြာမြင့်သည်။ မြိတ်-မောတောင်-ဆင်ခွန်းမှ တင်ပို့ပါက အချိန် (၇)နာရီခန့်သာ ကြာမြင့်သဖြင့် မောတောင်မြို့မှာ စီးပွားရေးအရ အရေးပါသည်။[၃][၄][၅]

ကိုးကား[ပြင်ဆင်ရန်]