တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် High Court of the Tanintharyi Region | |
---|---|
နိုင်ငံ | မြန်မာနိုင်ငံ |
တည်နေရာ | ဆန်းချီရပ်ကွက်၊ ထားဝယ်မြို့ |
လုပ်ပိုင်ခွင့်ပြုခြင်း | ဖွဲ့စည်းပုံအခြေခံဥပဒေ |
ရာထူးနေရာ | ၃ |
ဝက်ဘ်ဆိုဒ် | mon.hc.gov.mm |
တရားသူကြီးချုပ် | |
လက်ရှိ | ဒေါ်ပိုက်ပိုက်အေး |
စတင်တာဝန်ထမ်းဆောင် | ၁၉ မေ ၂၀၂၀ |
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် သည် တနင်္သာရီတိုင်းဒေသကြီးတွင် အမြင့်ဆုံးတရားရုံးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒုတိယအမြင့်ဆုံးအဆင့်ရှိ တရားရုံးဖြစ်ကာ ခရိုင်တရားရုံး (၃)ရုံးနှင့် မြို့နယ်တရားရုံး (၁၀)ရုံးရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၂၀၁၁ခုနှစ် မတ်လ ၃၀ရက်နေ့မှစ၍ ၂၀၀၈ အခြေခံဥပဒေအရ ယခင် တနင်္သာရီတိုင်းဒေသကြီးတရားရုံးကို တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုစဉ်က တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး(၃)ဦး စုစုပေါင်း (၄)ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
တည်နေရာ
[ပြင်ဆင်ရန်]တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်သည် ထားဝယ်မြို့တွင် တည်ရှိသည်။
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ကို ခရိုင်တရားရုံး (၃)ရုံးနှင့် မြို့နယ်တရားရုံး (၁၀)ရုံးဖြင့် ဖွဲ့စည်းထားသည်။[၁]
ခရိုင်တရားရုံးများ
[ပြင်ဆင်ရန်]- ထားဝယ်ခရိုင်တရားရုံး
- မြတ်ခရိုင်တရားရုံး
- ကော့သောင်းခရိုင်တရားရုံး
မြို့နယ်တရားရုံးများ
[ပြင်ဆင်ရန်]- ထားဝယ်မြို့နယ်တရားရုံး
- လောင်းလုံမြို့နယ်တရားရုံး
- သရက်ချောင်းမြို့နယ်တရားရုံး
- ရေဖြူမြို့နယ်တရားရုံး
- မြိတ်မြို့နယ်တရားရုံး
- ကျွန်းစုမြို့နယ်တရားရုံး
- ပုလောမြို့နယ်တရားရုံး
- တနင်္သာရီမြို့နယ်တရားရုံး
- ကော့သောင်းမြို့နယ်တရားရုံး
- ဘုတ်ပြင်းမြို့နယ်တရားရုံး
တရားသူကြီးများ
[ပြင်ဆင်ရန်]၂၀၂၀ပြည့်နှစ်တွင် တိုင်းဒေသကြီးတရားလွှတ်တော်၌ တရားသူကြီးချုပ်အပါအဝင် (၃)ဦးရှိသည်။ တိုင်းဒေသကြီးတရားလွှတ်တော်အောက်တွင် တရားသူကြီးချုပ်ရုံးနှင့် တိုင်းဒေသကြီးတရားရေးဦးစီးမှူးရုံးတို့ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်။ ၂၀၂၀ပြည့်နှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာ။