မောင်းမကန်ကမ်းခြေ

ဝီကီပီးဒီးယား မှ
မောင်းမကန်ကမ်းခြေ
Maungmagan beach
Maungmagan beach
မောင်းမကန်ကမ်းခြေ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
မောင်းမကန်ကမ်းခြေ
မောင်းမကန်ကမ်းခြေ
ကိုဩဒိနိတ်: 14°08′41.12″N 98°06′27.75″E / 14.1447556°N 98.1077083°E / 14.1447556; 98.1077083ကိုဩဒိနိတ်: 14°08′41.12″N 98°06′27.75″E / 14.1447556°N 98.1077083°E / 14.1447556; 98.1077083
နိုင်ငံမြန်မာနိုင်ငံ
တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး
မြို့နယ်ထားဝယ်မြို့နယ်
ကျေးရွာမောင်းမကန်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC6:30)

မောင်းမကန်ကမ်းခြေသည် တနင်္သာရီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေတစ်ခု ဖြစ်သည်။ ကမ်းခြေသည် ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးမြို့နယ်တွင် တည်ရှိသည်။ ထားဝယ်မြို့မှ အနောက်ဘက် (၆) မိုင်ကျော်ခန့်အကွာတွင် တည်ရှိပြီး ကပ္ပလီပင်လယ်ပြင်ကြီးအား မျက်နှာမူထားသည်။ ထားဝယ်မြို့မှ ကမျောကင်းတံတားအား ဖြတ်ကျော်ပြီး သွားရမည် ဖြစ်သည်။ မောင်းမကန်ကမ်းခြေမရောက်မီ သုံးထပ်လမ်းမကြီးတည်ရှိသော တောင်ကို ဖြတ်ကျော်ရမည် ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

မောင်းမကန်ဟု အမည်နာမ ဖြစ်ပေါ်လာရခြင်း အကြောင်းမှာ ရှေးအခါမြန်မာမင်းများ (အလောင်းစည်သူမင်းဟုလည်း ဆို[၁]) မောင်းမကန်ကမ်းခြေ ကို ဖောင်တော်ဆိုက်ကပ်သော အခါ ကမ်းခြေမှာ အနားယူသည် ဆိုသည်။ ထိုအချိန်တွင် မောင်းမခြွေရံများက ရေကူးကစားပြီးသောအခါ ဆားငန်ရေများအား ရေချိုဖြင့်ပြန်ချိုးရန် ရေမရှိသည့်အတွင် ရေကန်တူးပေးရာ မှ ထိုနေရာကို မောင်းမ ကန် တဆင့် မောင်းမကန် ဟု ခေါ်တွင်ရခြင်း ဖြစ်၏။

အနေအထား[ပြင်ဆင်ရန်]

မောင်းမကန်ကမ်းခြေသည် မြန်မာနိုင်ငံတွင် အဖြောင့်တန်းဆုံး ကမ်းခြေဟု ဆိုရမည်။ မြန်မာနိုင်ငံ မြောက်မှ တောင်ဘက်သို့ ဖြောင့်တန်းစွာ ကပ္ပလီ ပင်လယ်ပြင်အား မျက်နှာမူလျက်ရှိသည်။ ကမ်းခြေတွင် ကျောက်ဆောင်အနည်းငယ် ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၃၇၄။