ကလိန်အောင်မြို့

ဝီကီပီးဒီးယား မှ
ကလိန်အောင်မြို့
မြန်မာနိုင်ငံရှိ မြို့များ
Skyline of ကလိန်အောင်မြို့
ကလိန်အောင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကလိန်အောင်မြို့
ကလိန်အောင်မြို့
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ
ကိုဩဒိနိတ်: 14°37′28″N 98°08′38″E / 14.62444°N 98.14389°E / 14.62444; 98.14389
နိုင်ငံအမည် မြန်မာ
တိုင်းဒေသကြီး တနင်္သာရီတိုင်းဒေသကြီး
ခရိုင်ထားဝယ်ခရိုင်
မြို့နယ်ရေဖြူမြို့နယ်
လူဦးရေ (၂၀၁၄)၂၁,၈၆၅[၁]
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်)

ကလိန်အောင်မြို့သည် မြန်မာနိုင်ငံအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ပါဝင်သော မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ ဖြစ်သည်။

ကလိန်အောင်သည် ထားဝယ်မြစ်၏ အရှေ့ဘက်ကမ်းနံဘေးတွင် တည်၏။ ကလိန်အောင်အနီးတွင် ရှေးခေတ် အောင်သာဝတီမြို့ဟောင်း တည်ရှိသည်။ အနောက်မြောက်ဘက် ကုန်းမြင့်ထက်တွင် ဘုရားငါးဆူ တည်ရှိသည်။ ကလိန်အောင်မှ နက္ခတ်ခွင်ပါ ရှေးဟောင်း ကျောက်ချပ်ကြီး တချပ် တူးဖော်ရရှိ ခဲ့ဖူးသဖြင့် ရှေးဟောင်းသုတေသီများအတွက် လေ့လာစူးစမ်းရန် အခွင့်ကောင်း ဖြစ်သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၄။
  2. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၃၇၄။