ကာကွယ်ရေးဦးစီးချုပ်(ကြည်း)

ဝီကီပီးဒီးယား မှ
တပ်မတော် (ကြည်း) ၏ ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ အလံတော်
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

မတ် ၃၀၊ ၂၀၁၁ (၂၀၁၁-၀၃-၃၀) မှစ၍
 တပ်မတော် (ကြည်း)
အမျိုးအစားစစ်ဘက်ဆိုင်ရာ ရာထူး
အဖွဲ့ဝင်ကာကွယ်ရေးဌာနကောင်စီ
အစီရင်ခံရသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
စံအိမ်စစ်ရုံး၊ နေပြည်တော်
ရုံးတည်နေရာဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ရုံး၊ နေပြည်တော်
ယခင်ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်းတပ်)
ဖွဲ့စည်းခြင်း၄ ဇန်နဝါရီ ၁၉၄၈ (၇၆ နှစ် အကြာက) (၁၉၄၈-၀၁-04)
ပထမဆုံး ထမ်းဆောင်သူဗိုလ်မှူးချုပ် စောကြာဒိုး
လက်ထောက်စစ်ဦးစီးအရာရှိချုပ်(ကြည်း)
အဆင့်/တံဆိပ် အဆောင်အယောင်များ

ဒုတိယဗိုလ်ချုပ်မှူးကြီး

ကာကွယ်ရေးဦးစီးချုပ် (ကြည်း) (အင်္ဂလိပ်: Commander-in-Chief (Army)) သည် တပ်မတော် (ကြည်း)၏ အကြီးအကဲဖြစ်ပြီး အစဉ်အလာအားဖြင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးနှင့် ထမ်းဆောင်ရသော ရာထူးတာဝန်ဖြစ်သည်။ ထို့ကြောင့် တပ်မတော် (ကြည်း)၏ ပြန်တမ်းဝင်အရာရှိများကို ခန့်အပ်သော ရာထူးများထဲ၌ “ဒုတိယ အဆင့်အမြင့်ဆုံး” ဖြစ်ပြီး တပ်မတော်တစ်ရပ်လုံးတွင် ၎င်း၏အထက်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးသာရှိသည်။ အဆင့်သတ်မှတ်ချက်မှာ “ဒုတိယဗိုလ်ချုပ်မှူးကြီး” ဖြစ်သည်။ လက်ရှိ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးတာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖြစ်သည်။[၁]

ကာကွယ်ရေးဦးစီးချုပ် (ကြည်း) များစာရင်း[ပြင်ဆင်ရန်]

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များသည် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) များဖြစ်ကြသည်။[၂]
စဉ် ဓာတ်ပုံ ပြန်တမ်းဝင်အမှတ် ရာထူးအဆင့်နှင့်အမည် တာဝန်သက်တမ်း မှတ်ချက်
၁။ ကြည်း ၅၁၀၇ ဗိုလ်မှူးချုပ် စောကြာဒိုး ၄ ဇန်နဝါရီ ၁၉၄၈ – ၁ ဩဂုတ် ၁၉၄၈
၂။ ကြည်း ၃၅၀၂ ဗိုလ်မှူးချုပ် နေဝင်း ၁ ဩဂုတ် ၁၉၄၈ – ၁ ဖေဖော်ဝါရီ ၁၉၄၉ နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။
၃။ ကြည်း ၃၄၅၈ ဗိုလ်မှူးချုပ် အောင်ကြီး ၁ ဖေဖော်ဝါရီ ၁၉၄၉ – ၁၅ ဖေဖော်ဝါရီ ၁၉၆၃
၄။ ကြည်း ၃၅၆၇ ဗိုလ်ချုပ် စန်းယု ၁၅ ဖေဖော်ဝါရီ ၁၉၆၃ – ၂၀ ဧပြီ ၁၉၇၂ နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။
၅။ ကြည်း ၃၅၆၁ ဒုတိယဗိုလ်ချုပ်ကြီး သူရ တင်ဦး ၂၀ ဧပြီ ၁၉၇၂ – ၈ မတ် ၁၉၇၄ နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
၆။ ကြည်း ၅၃၂၂ ဒုတိယဗိုလ်ချုပ်ကြီး သူရကျော်ထင် ၈ မတ် ၁၉၇၄ – ၆ မတ် ၁၉၇၆
၇။ ကြည်း ၆၁၃၃ ဒုတိယဗိုလ်ချုပ်ကြီး အေးကို ၆ မတ် ၁၉၇၆ – ၁၃ မတ် ၁၉၈၁
၈။ ကြည်း ၅၈၉၆ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းရီ ၁၃ မတ် ၁၉၈၁ – ၁၉၈၃
၉။ ကြည်း ၆၁၈၇ ဒုတိယဗိုလ်ချုပ်ကြီး စောမောင် ၁၉၈၃ – ၄ နိုဝင်ဘာ ၁၉၈၅ နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။
၁၀။ ကြည်း ၆၇၁၀ ဗိုလ်ချုပ်ကြီး သန်းရွှေ ၄ နိုဝင်ဘာ ၁၉၈၅ – ၂၃ ဧပြီ ၁၉၉၂ နောင်တွင်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည်။
၁၁။ ကြည်း ၇၈၇၅ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး ၂၃ ဧပြီ ၁၉၉၂ – ၃၀ မတ် ၂၀၁၁
၁၂။ ကြည်း ၁၆၄၈၉ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၃၀ မတ် ၂၀၁၁ - လက်ရှိ

ဆက်စပ်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Tatmadaw Deputy Commander-in-Chief - Regime Watch - ALTSEAN Burma။ Alternative ASEAN Network (ALTASEAN)။ 19 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. ကျော်ဇော၊ မောင် (ဇန်နဝါရီ ၂၀၂၂)။ အထွေထွေဗဟုသုတ (၂၀၂၂–၂၀၂၃)။ ရန်ကုန်: ကြယ်စင်စာပေ။ p. ၁၆၃။