မာတိကာသို့ ခုန်သွားရန်

ကပ္ပဗိန္ဒု

ဝီကီပီးဒီးယား မှ
(ကပ္ပဗိန္ဓု မှ ပြန်ညွှန်းထားသည်)

ကပ္ပဗိန္ဒု ဆိုသည်မှာ ဗုဒ္ဓသာသနာတွင် ရဟန်းတော်များ လိုက်နာဆောင်ရွက်ရသည့် သင်္ကန်းနှင့်ပတ်သက်သည့် ဝိနည်းတစ်ခု ဖြစ်သည်။ သင်္ကန်းတွင် အမှတ်အသား ပြုလုပ်ခြင်း ဖြစ်သည်။ []

သမိုင်း

[ပြင်ဆင်ရန်]

မြတ်စွာဘုရားလက်ထက်တော်အခါက ရဟန်းနှင့် ပရိဗိုဇ်တို့သည် ခရီးအတူ သွားကြ၏။ ထိုအခါတွင် လမ်းခရီး၌ ခိုးသူတို့သည် ရဟန်းနှင့် ပရိဗိုဇ်တို့၏ အဝတ်သင်္ကန်းများကို လုယူကြ၏။

နောင်အခါ ထိုအလုယူခံရသည့် အဝတ်သင်္ကန်းများကို ရရှိကြ၏။ သို့သော် သင်္ကန်းများကို ရွေးယူရန်မှာ မကွဲမပြားဘဲ ဆင်တူလျက် ရှိသည်ဖြစ်၍ မိမိ၏ ပစ္စည်းကို ရွေးချယ်ယူရန် အခက်အခဲ ဖြစ်လျက် ရှိ၏။

ထိုအခါ မြတ်စွာဘုရားသည် ထိုကဲ့သို့သော ကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အတွက် “ကပ္ပဗိန္ဓု” ပြုရန် ဝိနည်းတော် သတ်မှတ်ခဲ့သည်။ []

ကပ္ပဗိန္ဒုရောင်

[ပြင်ဆင်ရန်]

ဒုဗ္ဗဏ္ဏကရဏသိက္ခာပုဒ်အရ အညို, ညွှန်, အမည်း၊ ဤသုံးပါးတို့တွင် တစ်ပါးပါးဖြင့် ကပ္ပဗိန္ဒုမထိုး ရသေးသော သင်္ကန်းသစ်ကို ဝတ်ရုံသုံးစွဲလျှင် ဒုဗ္ဗဏ္ဏကရဏသုဒ္ဓပါစိတ်အာပတ် သင့်၏၊ [ဝတ်ရုံအံ့၊ အားထုတ်ခြင်း (ပယောဂ)၌ ဒုက္ကဋ်။ ဝတ်ရုံပြီးသည် ရှိသော် ပါစိတ်အာပတ်သင့်၏၊][]

ကပ္ပဗိန္ဒု ထိုးရမည့်နေရာ

[ပြင်ဆင်ရန်]

သင်္ကန်းထောင့်စွန်း၌ သုံးပွင့်ဆိုင် ဗိန္ဒုမထိုးရ။ သင်္ကန်း တစ်ထောင့်လျှင် တစ်ပြောက်ကျ လေးထောင့်လုံးမှာဖြစ်စေ၊ လေးထောင့်လုံး မထိုးဘဲ သုံးထောင့်, နှစ်ထောင့်မှာဖြစ်စေ၊ တစ်ထောင့်မှာဖြစ်စေ တစ်ပြောက် စီသာ ထိုးရမည်။ ဤသို့ ထိုးရာ၌ ကြေးညှိမျိုး, သစ်ရွက်စိမ်းမျိုး လိမ်းကပ်သော ရွှံ့ညွန်မျိုး, ထိုမှ ကြွင်းသော ခပ်သိမ်းသော မည်းနက်သော အဆင်းမျိုးတို့တွင် တစ်မျိုးမျိုးဖြင့် သင်္ကန်းထောင့်၌ ထိုးရမည်။ []

ကပ္ပဗိန္ဒုအရွယ်

[ပြင်ဆင်ရန်]

ကပ္ပဗိန္ဒု၏ အရွယ်ပမာဏမှာ ဥဒေါင်းမျက်ကွင်းလောက်ဖြစ်စေ၊ ကြမ်းပိုးကျောကုန်းလောက်ဖြစ်စေ ရှိစေရ မည်။ ထိုကပ္ပဗိန္ဒု၏ အလယ်၌ သုညဝိုင်းသကဲ့သို့ ကွက်လပ်လည်း မရှိစေရ။ [ပြည့်ပြည့်ဝန်းဝန်း ရှိစေရမည် ဟူလို။][]

ကပ္ပဗိန္ဒု မထိုးရသေးလျှင် သင်္ကန်းအသစ်

[ပြင်ဆင်ရန်]

အသစ်ကျပ်ချွတ်မှ မဟုတ်၊ တစ်ပတ်ရစ် အဟောင်းကိုလည်း ကပ္ပဗိန္ဒု မထိုးရသေးလျှင် ‘သင်္ကန်းသစ်’ဟု ခေါ်သည်။ ကပ္ပဗိန္ဒု မထိုးရသေးလျှင် သာမဏေတို့ ဝတ်ပြီးဖြစ်၍ ဟောင်းနွမ်းနေသော်လည်း ဤသိက္ခာပုဒ်အရ သင်္ကန်းသစ်ပင်တည်း။ ထို့ကြောင့် သာမဏေတို့၏ သင်းပိုင်ကို ခေတ္တယူ၍ ရေသနုပ်လုပ်လိုက ကပ္ပဗိန္ဒု ထိုးရမည်သာ။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ရဝေထွန်း (မတ် ၁၉၇၈)။ ဘိက္ခုနီသာသနာနှင့် သီလရှင်သမိုင်း။ ရန်ကုန်: ရွှေတည်စာပေတိုက်။
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ဦးဩဘာသ။ ဝိနည်းဥပဒေတော်ကြီး