အိုဇုန်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အိုဇုန်း(Ozone)[ပြင်​ဆင်​ရန်​]

အိုဇုန်း(Ozone)ဆိုသည် မော်လီကျူးတစ်ခုစီတိုင်းမှာ အောက်စီဂျင်အက်တမ် ၃ ခု ပူးပေါင်း ပါဝင်နေသည့် အောက်စီဂျင်ဖွဲ့စည်းမှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် အိုဇုန်းကို ဓါတုဗေဒအရ မော်လီကျူး ဖွဲ့စည်းပုံ ဓာတုသင်္ကေတမှာ (O3) ဖြစ်သည်။ လတ်ဆတ်သည့် သစ်သီး၊ ဟင်းသီးဟင်းရွက်လို အစားအစာတွေနဲ့ ရေကို သန့်စင်စေဖို့ 'ရောဂါပိုးကင်းဆေး' အနေနဲ့ အိုဇုန်းကို သုံးလေ့ရှိပါတယ်။ အစားအစာတွေကို လေထဲမှာရှိနေတဲ့ အိုဇုန်းနဲ့ ထိတွေ့စေခြင်း၊ ဒါမှမဟုတ် အိုဇုန်းပါတဲ့ ရေနဲ့ ဆေးကြောခြင်းစတဲ့ နည်းတစ်မျိုးမျိုးနဲ့ သန့်စင်နိုင်ပါတယ်။ သာမန်အားဖြင့် အောက်စီဂျင်ကို လေထဲမှာ O2 အနေနဲ့ တွေ့နိုင်ပါတယ်။ အဲဒါကတော့ မော်လီကျူးတစ်ခုမှာ အောက်စီဂျင် အက်တမ် ၂ ခုရှိတဲ့သဘောပါပဲ။ အိုဇုန်းလို့ခေါ်တဲ့ O3 ဟာ တည်ငြိမ်မှုနည်းပြီး ပုံမှန်အောက်စီဂျင်အဖြစ် ပြောင်းလဲဖို့၊ သူ့ရဲ့ တတိယအက်တမ်ကို လွှတ်ပေးဖို့ တော်တော်လေး ယိမ်းယိုင်နေပါတယ်။ အဲဒီအချိန်မှ သူနဲ့ တစ်ခုခုလာပြီး ထိတွေ့မိတဲ့ သူ့ရဲ့ ပိုနေတဲ့အက်တမ်ကို ထုတ်လွှတ်ပေးလိုက်ပါတယ်။ အဲဒီဖြစ်စဉ်ကို အောက်ဆီဒိုက် Oxidises ဖြစ်တယ် လို့ ခေါ်ပါတယ်။ အိုဇုန်းဟာ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုတစ်မျိုးမျိုးနဲ့ ထိတွေ့မိတဲ့အခါမှာ သူတို့ရဲ့ မျက်နှာပြင်ပေါ်မှာ အောက်စီဒိုက်ဖြစ်ပြီး ဗက်တီးရီးယားတွေကို သေစေပါတယ်။ ဒါကြောင့် အိုဇုန်းဟာ အလွန်ကောင်းမွန်တဲ့ ရောဂါပိုးကင်းဆေးပါပဲ။ ဒါပေမဲ့ အိုဇုန်းဟာ လူအပါအဝင် တခြားသော မျက်နှာပြင်တွေပေါ်မှာလည်း အောက်စီဒိုက် ဖြစ်နိုင်ပါသေးတယ်။ လူ့ခန္ဓာကိုယ်အရွယ်အစားကြောင့် သက်ရောက်မှု မပြင်းထန်ပေမဲ့ အသားအရေ ယားယံနီမြန်းခြင်းစတဲ့ ကသိကအောက်ဖြစ်စရာ ကြုံလာနိုင်လို့ အကန့်အသတ်နဲ့ သာ သုံးစွဲသင့်ပါတယ်။ လတ်ဆတ်တဲ့ ကုန်ပစ္စည်းတွေရဲ့ တာရှည်သိမ်းထားနိုင်မှုကို အများဆုံး ထိခိုက် ပျက်စီးစေတာကတော့ ဗက်တီးရီးယားနဲ့ မှိုတွေပါ။ ဒါကြောင့် ဒီကုန်ပစ္စည်းတွေကို အိုဇုန်းနဲ့ မွမ်းမံ ထိန်းသိမ်းထားရင် ကုန်ပစ္စည်းတွေဟာ သက်တမ်းကြာကြာ လတ်ဆတ်နေစေပါတယ်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. သိပ္ပံနှင့်နည်းပညာဂျာနယ်၊ အမှတ်(၇)၊ ၂၀၀၅-ခုနှစ်၊ ဒီဇင်ဘာ